Twitter bootstrap ကို သိတာတော့ တော်တော်လေးကို ကြာလှပါပြီ။ Twitter မှာ bootstrap ကို တစ်ယောက်က tweet လိုက်ကတည်းက သဘောကျခဲ့တာ အမှန်ပဲ။ MMWebFonts ကိုတောင် Bootstrap က 1.1 ပဲ ရှိပါသေးတယ်။ အခု အချိန်မှာတော့ version 2 တောင် ရောက်နေပါပြီ။

Twitter bootstrap ဆိုတာကတော့ သူကတော့ ဒီလို ဆိုထားပါတယ်။

Simple and flexible HTML, CSS, and Javascript for popular user interface components and interactions.

user interface နဲ့ interactions တွေအတွက် လူသုံးများတဲ့ HTML , CSS , Javascript တွေ စုစည်းထားတာလို့ ဆိုလို့ရပါလိမ့်မယ်။ ကျွန်တော် ကတော့ နောက်ပိုင်း UI အပိုင်း စဉ်းစားဖို့ အချိန်မရှိတော့ဘူးဆိုရင် bootsrap ကို ပဲ လွယ်လင့် တကူ အသုံးပြုလိုက်ပါတယ်။

အရင်တုန်းကတော့ 960.gs ကို အသုံးပြုပါတယ်။ Bootstrap ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာတော့ အဆင်ပြေရင် bootstrap ကိုပဲ လွယ်လင့် တကူသုံးလိုက်တော့တယ်။ Responsive design ကို အရန်သင့် support လုပ်ပေးထားတော့ iphone , iPad design ကို သီးသန့် ပြန်ရေးပေးနေဖို့ မလိုတော့တာကြောင့်လည်း ပါပါတယ်။

bootstrap မှာ CSS grid ပါ သလို အခြား CSS တွေကလည်း တော်တော် အသုံးဝင်လှပါတယ်။ Table , Form တွေ အပြင် button တွေက အစ အရန်သင့်ရှိထားတဲ့အတွက် အသုံးဝင် လှပါတယ်။ ဒါ့အပြင် glyph icons တွေလည်း အရန်သင့်ပါဝင်ပါတယ်။

version 2.0 မှာ javscript တွေ ထည့်သွင်းပေးထားတယ်။ Responsive design ကို အသုံးပြုမယ်ဆိုရင် bootstrap.js ကို အသုံးပြုဖို့လိုပါတယ်။ ဒါမှသာ navigation ရဲ့ menu တွေ ပါလာမှာပါ။

Bootstrap ကတော့ ကျွန်တော့် အတွက် အရန်သင့် အသုံးပြုတာ ဖြစ်သလို coding တွေကို လေ့လာရာမှာလည်း အများကြီး အသုံးဝင်ပါတယ်။

Github မှာ code ကို fork လုပ်လိုက် merge လုပ်လိုက်နဲ့ တော်တော်လေးကို Impact ကြီးပါတယ်။

နောက်ထပ် သဘောကျတာကတော့ LESS နဲ့ ပါ အသုံးပြုလို့ရတာပါပဲ။ ပြောရင်တော့ အများကြီးပါပဲဗျာ။ Web Development စိတ်ဝင်စားတဲ့သူတွေ အနေနဲ့ bootstrap ကို အနည်းအကျဉ်းလောက်တော့ သိထားသင့်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading