New MMEpub

MMEpub ကို ဒီနေ့ ထပ်ပြင်လိုက်ပါတယ်။

အခု version အသစ်မှာ

  • Cover တွေထည့်လို့ရလာပါတယ်။
  • ကြိုက်တဲ့ font သုံးလို့ရလာပါတယ်။

ဝင်းအင်းဝ font ကို သုံးမယ့်သူတွေ အနေနဲ့ သတိထားစေချင်တာက mmepub နဲ့ ပြောင်းလိုက်ရင် လက်ရှိ english စာတွေ မြင်ရတော့မှာ မဟုတ်ပါဘူး။ အဲဒီ ပြဿနာရှိပါတယ်။

Custom font ကို support လိုက်တာကြောင့် unicode နဲ့ ရိုက်ထားတဲ့ စာတွေကိုတော့ လွယ်လွယ်ပြောင်းလို့ရပါပြီ။

သုံးပုံသုံးနည်းကတော့

Custom Font

$python convert.py [font family] [font file]

[font family] : ပြောင်းချင်တဲ့ font family

[font file] : font family ရဲ့ font file

font fmaily သို့မဟုတ် font file နှစ်ခု လုံး သို့မဟုတ် ၁ ခု တည်းသာ ပါရှိခဲ့ရင် zawgyi-one ကို သာ အသုံးပြုသွားမှာပါ။ font-family ကော font file ကိုပဲ convert.py မှာ ထည့်ပေးမှ ပေးထားတဲ့ font-family ကို အလုပ်လုပ်မှာပါ။

ဥပမာ ။

$python convert.py Yunghkio Yunghkio.ttf

Yunghkio.ttf ဆိုတဲ့ file ကို data folder အောက်မှာ သွားထည့်ထားပေးရပါမယ်။

Cover

.png file ကို .epub file နဲ့ နာမည် အတူတူ ပေးထားလိုက်ပါ။

ဥပမာ။။ sample.epub နဲ့ sample.png ပေါ့။ sample.epub cover အတွက် sample.png ကို ယူသုံးသွားပါမယ်။

cover အတွက် recommend လုပ်တဲ့ အရွယ်အစားကတော့ 420 × 599 ပါ။

.epub file တွေ အားလုံးနဲ့ cover အတွက် .png file အားလုံးကို convert.py အောက်မှာထားပြီးတော့ terminal (command) ကတော့

$python convert.py

ဆိုပြီး ခေါ်ပြီး ပြောင်းလို့ရပါပြီ။

23 Comments

  1. ကိုစေတန်ရေ
    ကျေးဇူးအထူးတင်ပါတယ်ဗျာ။ အများအကျိုး ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေဗျာ။

    အိုင်ပက်စသည်မှာ မြန်မာယူနီကုဒ် ထည့်ထားသူများ http://www.mediafire.com/?cq1lcksisfiwhh8 အထက်ပါလင့်က တိပိဋကမြန်မာပြန်စာအုပ်ပါ Contents တွေ ဖောင့်အမှန် ပြ/မပြ စမ်းကြည့်ပေးကြပါဦး။ ဖောင့်ပိုင်ရှင်၊ ဒေတာပိုင်ရှင်၊ ကွန်ဗတ်တာပိုင်ရှင်တွေကို ခွင့်တောင်းပြီးရင် တိပိဋကမြန်မာပြန် EPUB အမျိုးအစားအားလုံးကို release လုပ်တော့မှာမို့ပါ။ စုစုပေါင်း ၂၉အုပ်။ အကြံလည်း ပြုကြပါဦး။ ဘာမှ မတတ်ဘဲ ကိုစေတန်အားကိုးနဲ့ ရမ်းလုပ်နေရလို့ပါ။

    1. ပြန်ပြင်လိုက်ပါအုံး says:

      ၁။ဇစ်ပ်ဖိုင် လုပ်ရင် Mimetype ကို အရင်ထည့်ရပါမယ်။
      ၂။ OPS/images/cover-image.png လို့ ကြေငြာထားပေမဲ့ image/png ဖြစ်နေတယ် အဲဒါ ပြန်ပြင်ရပါမယ်။
      ၃။သာလွန်ဖောင့်ကို OPF file မှာ ကြေငြာပေးရပါမယ်။

      အဆင်ပြေပါစေ

    2. saturngod says:

      working in iPad , iBook and Kobo reader also.

    3. ye myat thu says:

      စာအုပ်က (၃၀)ရှိတာပါ ထေရီဆိုတာတစ်အုပ်က အခု မြန်မာပြန်တွေထဲပါမနေပါဘူး ထပ်ဖြစ်ဖို့လိုပါတ,်

  2. MHK99 says:

    ကိုငနုချောင်းသား၊
    တိပိဋကမြန်မာပြန် ဘတ်လို့အဆင်မပြေပါ၊ Calibre မှာကြည့်တော့ သာလွန်ဖေါင့်တွေ့လို့ထဲ့ပြီးစမ်းလဲ မရပါ၊ Calibre မှာသာလွန်ပြောင်းလဲမရပါ – Sony reader မှာပိုဆိုးပါတယ်- Nook တော့မစမ်းသေးပါ- ရမယ်မထင်ပါ-
    ကျေးဇူး

  3. Mg Mya Thar says:

    Hi Ko Saturn,

    i can’t run convert.py.
    i use Mac OS Lion 10.7.3, i already installed python and convert docx to ePub.
    But when i run convert.py i had error message that “There is no zawgyi.ttf in data folder”.
    May i know do i need to do setting to run python (convert.py).
    could u tell me how can i run python on mac.

    thanks :)

    1. saturngod says:

      how did you run ? did you add epub files in same folder with convert.py ? [ $python convert.py ] . You need to use python 2.7 from http://python.org/

      check zawgyi.ttf in data folder.

      1. Mg Mya Thar says:

        Yes, i did. zawgyi.ttf is there in the folder. but i use Python 3.2. let me try with python 2.7.

        1. Mg Mya Thar says:

          Now i can run convert.py.
          One more thing i’ld like to ask you
          what is the different between $python convert.py and python convert.py when runtime.
          because i cannot use $python convert.py command, when i u that command i got error. i use python convert.py it fine no problem. thats why i’ld like to know.

          1. saturngod says:

            $ mean terminal.

            in Linux and Mac ,

            saturngod:/var/www/website $ python code.py

            in windows

            C:\www\website :\> python code.py

            most of the linux and mac users are know when we add $ that need to run from terminal.

  4. htetmyet says:

    Content တွေကျတော့ ဇော်ဂျီဖောင့်ထွက်သွားတယ်နော် အစ်ကို။

    1. saturngod says:

      ဘာကို ဆိုလိုတာလဲ မသိဘူး ?

  5. Tayy says:

    I am refreshing your mmepub python and have to add some points.

    To be honest , the conversion is absolutely fine for personal use. It can still view on iOS devices. But has bugs. The out put epub file is not validate by idpf. It has got 3 errors in very simple docx file without cover. If i put cover it might be more.

    1) Mimetype contains wrong type (application/epub+zip expected).
    2) element “navMap” incomplete; missing required element “navPoint”
    3) item (OPS/zawgyi.ttf) exists in the zip file, but is not declared in the OPF file.

    Have to unzip and correct by manually. So if you could solve above in the next version, would be grateful.

  6. Kyaw Kyaw says:

    Hello ကိုစေတန်

    အကို new mmepub သုံးပြီးfont ထည့်တာ iPhone မှာအဆင်ပြေတယ် nook simple touch glow light မှာအဆင်မပြေဘူး။
    စာလုံးရဲ့အလယ်မှာအစင်းကြောင်း line ပေါ်နေတယ်။အဒါကူညီပါအုန်း။

    1. saturngod says:

      It’s a problem of nook simple touch glow light :( It’s working fine on my nook simple touch (without glow light).

      1. Kyaw Kyaw says:

        Oh i c . Thz bro.
        Btw ur new mmepub is awesome.

  7. help me says:

    I cant find output folder in zip file. pls help me

  8. kohlatunu says:

    ကျွန်တော့်မှာ စာအုပ်တော်တော်များများ ရိုက်ထားတာရှိပါတယ်။ ပီဒီအက်ဖ်တွေပါ အဲ့ဒါကို epub ဘယ်လိုပြောင်းရပါ့မလဲ … ဖြစ်နိုင်လျှင် အစကနေ လုပ်ပုံ လုပ်နည်းလေး လမ်းညွန်ပေးပါ။ ကျေးဇူးတင်စွာဖြင့်

    1. saturngod says:

      you can use calibre to convert PDF to epub. MMEpub can only help you embed font.

      1. kohlatunu says:

        ကိုစေတန်ဂေါ့ဒ် ကျွန်တော်က Indesign CS6 နဲ့ရိုက်ပြီး epub ထုတ်ချင်တာပါ။

        1. saturngod says:

          Indesign CS 5.5 က စပြီးတော့ Export မှာ Epub ပါပါတယ်။ Font embed လည်း တစ်ခါတည်း လုပ်လို့ရပါတယ်။

  9. Rogeer Maung says:

    အစ်ကိုရေ Indesign cs6 မှာ font embed ကိုဘယ်လိုလုပ်ရမလဲ

    1. saturngod says:

      Click the Image tab in the EPUB Export Options dialog box.
      Click the Advanced tab
      You will see font embed option there.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.