Brain Gain or Brain Drain

ကျွန်တော် MZ နှစ်ပတ်လည် တုန်းကလည်း ပြောခဲ့ဘူးပါတယ်။ လက်ရှိ အခြေအနေက brain drain ဖြစ်တာလား။ brain gain ဖြစ်နေတာလားဆိုတာကိုပေါ့။ သမာရိုးကျ တွေးတဲ့ လူတော်တော်များများက မြန်မာနိုင်ငံမှာ ပညာရှင်တွေ နိုင်ငံခြားထွက်တာကို တိုင်းပြည်နစ်နာတယ်လို့ ထင်ကြတယ်။ သမာရိုးက တွေးခေါ်တဲ့သူတွေရဲ့ အတွေးက ဘယ်လိုလဲဆိုရင် ပညာရှင်တွေ ပြန်လာမယ်ဆိုရင် တိုင်းပြည်ကြီး ချက်ခြင်းတိုးတက်သွားမယ်ပေါ့။ ချက်ခြင်းကြီး အောင်မြင်လာနိုင်တယ်ပေါ့။ ပညာရှင်တွေ နိုင်ငံခြားမှာ အလုပ်လုပ်တာ brain drain ဖြစ်တယ်ဆိုတဲ့ အိုမင်းနေပြီး ကျွန်တော့် အဖွားတောင် မတွေးတဲ့ အတွေးခေါ်ပဲ။

လက်ရှိ မြန်မာနိုင်ငံ အခြေအနေအရ ပညာရှင်တွေ နိုင်ငံခြားမှာ ရှိတာ ကျွန်တော်ကတော့ အားပေးထောက်ခံတယ်။ ဘယ်သူမှ ကိုယ့်နိုင်ငံမှ ထွက်ချင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း မထွက်ချင်ဘူး။ ဒါပေမယ့် မိသားစုရေးက ရှိသေးတယ်။ ဘဝ ၊ ပညာရေး အများကြီးရှိတယ်။ အကြောင်းကြောင်းကြောင့် ထွက်ခွာလာရတဲ့ သူတွေကြီးပဲ။ ပိုက်ဆံ တစ်ခုတည်းကြောင့် ထွက်လာကြတာမဟုတ်ဘူးဆိုတာကိုလည်း နားလည်သဘောပေါက်သင့်တယ်။ ကျွန်တော့် ကိုယ်ရေးကိုယ်တာတွေကိုတော့ ထည့်မပြောတော့ပါဘူး။ လက်ရှိ နည်းပညာလောကကို ကြည့်လိုက်ပါ။ လက်ရှိ လူသုံးများတဲ့ အခမဲ့ရတဲ့ software တွေ နောက်ပြီး နာမည်ကြီး site တွေ ဘယ်သူတွေ တည်ထောင်ထားတာလဲ။ ဥပမာ။။ ဇော်ဂျီ ၂၀၀၉ ၊ ကိုစိုးမင်းလုပ်ထားတာ။ သူလည်း မြန်မာနိုင်ငံမှာ မဟုတ်ဘူး။ နောက်ပြီး en2mm , ကိုအောင်ကျော်ထက် လုပ်ထားတာ။ သူလည်း မြန်မာနိုင်ငံ ပြင်ပပဲ။ keymagic , ဒေါက်တာမီးသွေး ရေးထားတာ။ သူလည်း လက်ရှိ စလုံးမှာ ကျောင်းတက်နေတာပဲ။ နိုင်ငံခြားရောက်နေတဲ့ သူတွေ ကိုယ့်တိုင်းပြည်အတွက် ပြန်လုပ်ပေးထားတာတွေ အများကြီးပါ။ ကျွန်တော်တို့တွေ တိုင်းပြည်အတွက် ဆုံးရှုံးသွားတာ မဟုတ်ဘူး။ တိုင်းပြည်က သူတို့တွေ ထွက်သွားလို့ အကျိုးအမြတ်တွေ ပိုရနေတာလေ။ အဲလို ပညာရှင်တွေ မြန်မာနိုင်ငံမှာ အလုပ်လုပ်ရင် တိုင်းပြည်အတွက် ပိုနစ်နာတယ်။ ဘာလို့လည်းဆိုတော့ အခွန်မဆောင်ရတော့ အခွန်မရတော့ဘူး။ နောက်ပြီး အင်တာနက် connection , မီး အများကြီးရှိသေးတယ်။ ကို mark တို့ ကိုအောင်ကျော်ထက် တို့ ပြည်တွင်းမှာနေရင် အဲလောက် လုပ်နိုင်မလား။ အဲလောက်မလုပ်နိုင်ရင် တိုင်းပြည်အတွက် ပိုနစ်နာတယ်။ နောက်ပြီး ဇော်ဂျီ iPhone keyboard အတွက် ကို Zack ကို အကူအညီတောင်းတော့။ ချက်ခြင်းပဲ ကူညီတယ်။ လိုအပ်တာတွေ တောက်လျှောက် email အသွားအပြန် ဆွေးနွေးခဲ့တယ်။ မြန်မာနိုင်ငံမှာဆိုရင် လက်ဖက်ရည် ဆိုင်ထိုင်ပြီး ဆွေးနွေးနေရလိမ့်မယ်။ နောက်ပြီး အခုပြော အခုချက်ခြင်းလုပ်။ ပြီးရင် အိုကေလား ပြန်စမ်း။ ဘယ်လိုမှ မရဘူးဗျ။ connection အခြေအနေက သာမာန် လူတစ်ယောက် အနေနဲ့ ကိုယ့်အိမ်မှာ အေးအေးဆေးဆေး သုံးနိုင်တဲ့ အနေအထားလည်း မဟုတ်သေးဘူး။

ဘယ်သူမဆို ကိုယ့်တိုင်းပြည်ကို ပြန်လာချင်ကြပါတယ်။ ဘယ်သူမှ brain drain မဖြစ်ဘူး။ အဲဒါတော့ ကျွန်တော် အပြည့်အဝ ယုံကြည်တယ်။ တခြားမကြည့်နဲ့ rs account မရှိလို့ ဆွဲပြီး ပြန်တင်ပေးပါဆိုရင် နိုင်ငံခြားရောက် မြန်မာတွေပဲ အခုချက်ခြင်းဆွဲ အခုချက်ခြင်းတင်ပေးတယ်။ megaupload link မို့လို့ လုပ်ပေးပါအုံးဆိုတော့လည်း နိုင်ငံခြားရောက်မြန်မာတွေပဲ ကူညီကြတာပဲ။ ပြည်တွင်းမှာက upload က ပြည်ပလောက် မကောင်းဘူးဆိုတာက ငြင်းစရာ မလိုပါဘူး။ ကိုယ့်ကို သူတို့တွေ မကူညီပေမယ့် သူတို့ ကူညီနေတာတွေ တစ်ပုံကြီးရှိပါတယ်။ အခွန်ကိုလည်း လိုလိုလားလား ဆောင်တယ်။ သူတို့ အပြင်ထွက်မလုပ်ရင် အခွန်လည်း တိုင်းပြည်က ရမှာမဟုတ်ဘူး။ ဘယ်သူမှမဆို မိမိနိုင်ငံကို သိတတ်တဲ့သူတွေကြီးပဲလို့ ယုံကြည်တယ်။ ဘယ်သူမဆို အဆင်ပြေရင် ပြန်လာချင်ကြတာကြီးပဲဗျ။ ဒါကိုတော့ ကျွန်တော် အပြည့်အဝ ယုံကြည်တယ်။

နောက်တစ်ဖက်ကနေ ကြည့်ရအောင်။ ရေမီး ၂၄ နာရီ ရတာထားတော့။ ကျွန်တော့်လို ဘာမှမဟုတ်တဲ့ ကောင်အနေနဲ့ မြန်မာနိုင်ငံမှာဆို ကိုယ့် လခနဲ့ mac book ဝယ်ဖို့ အဝေးကြီး။ iPodTouch ဆိုလည်း မစဉ်းစားရဲတဲ့ ဘဝ။ နောက်ပြီး megaupload လို account ဝယ်ဖို့ စိတ်ကူးရဲတောင် မထည့်ရဲဘူး။ အခုအချိန်မှာတော့ ကျွန်တော် မဖြစ်နိုင်ဘူးထင်ထားတာတွေ ၃ လ တည်းနဲ့ ပြည့်စုံသွားပြီ။ ကျွန်တော် iPodTouch ကို ဝယ်နိုင်ခဲ့လို့လည်း keyboard ရေးဖြစ်သွားပြီ။ တကယ်တန်းတော့ သေချာတွေးတတ်ရင် brain gain ဖြစ်နေတာပါ။ ကျွန်တော်တို့ တိုင်းပြည်အတွက် brain drain ဖြစ်စရာ အချက်မရှိဘူး။ အခြား online magazine တွေကလည်း နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူတွေ တည်ထောင်ပေးကြတာတွေပါ။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေ အခွန်လည်းဆောင် ကိုယ့်ထမင်းကိုယ်စားပြီး တိုင်းပြည်အတွက် ဘယ်သူမှ မတောင်းဆိုပဲ ကိုယ့်အသိစိတ်လေးနဲ့ ကိုယ်လုပ်ပေးနေကြတာတွေ တစ်ပုံကြီးပါဗျာ။ လက်လွတ်စပယ် ပညာရှင်တွေ မရှိလို့ တိုင်းပြည်ဘာဖြစ်တယ် ညာဖြစ်တယ်လို့ မပြောလိုက်ပါနဲ့ဗျာ။ တစ်ခြားဘာမှ မကြည့်နဲ့။ အခွန်ကို ကြည်ကြည်ဖြူဖြူနဲ့ ဆောင်ကတည်းက တိုင်းပြည်အတွက် ဝန်ထမ်းပေးနေတာပဲ။ နောက်ပြီးတော့ ဒီမှာ အလုပ်လုပ်နေတဲ့သူတွေက ရန်ကုန်မှာရှိတဲ့ မိဘတွေဆီကို ပိုက်ဆံပြန်ပို့နေကြတယ်။ တနည်းပြောရင် စလုံးက ငွေတွေက မြန်မာနိုင်ငံတည်းကို လှိမ့်ဝင်နေတာ။ ဒီမှာ ရှာလို့ရတဲ့ 50% ကျော်ကျော်ကို ရန်ကုန်ကို ပြန်ပို့ကြတာများပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ တော်တဲ့ တတ်တဲ့သူတွေ ထွက်တာ သဘောကျတယ်။ သူတို့လည်းတိုးတက်တယ်။ တိုင်းပြည်ဝင်ငွေ အပြင် အခြား အရာတွေပါ တိုင်းပြည်က ပြန်ရတဲ့အတွက် ကျွန်တော်ကတော့ ထွက်ချင်တဲ့သူတွေ ထွက်ကြဗျာ။ ထွက်မယ်ဆိုရင်လည်း သေချာပြင်ဆင်ပြီးမှ ထွက်ကြ။ ပြီးပြီးရော ထွက်ရင်တော့ ပြီးပြီးရောပဲ ဖြစ်သွားလိမ့်မယ်။

40 responses to “Brain Gain or Brain Drain”

  1. ပြည်တွင်းမှာgain စရာဘာမှမရှိတာ။ပညာလိုလားအမျိုးသားကောင်းများအဖို.
    ကတော.ပြည်ပမှာပဲသွားgainကြပေရော.။ပြည်တွင်းမှာတော.စားဖားများပဲ
    ကိုယ်.အိမ်တွင်းကပိုက်ဆံကိုယ်ပြန်ခိုးပြီးgain နေကြတာ။

  2. ဘယ်မှာပဲ နေနေ ကျေးဇူးကို သိတတ်တဲ့ ၊ ဆပ်တတ်တဲ့ စိတ်ရှိသူ ဘယ်သူမဆို ကိုယ့်ကို မွေးဖွားခွင့်၊ ကြီးပြင်းခွင့် အခိုက်အတန့် ပေးခဲ့တဲ့ ကိုယ့်တိုင်းပြည်ကို တတ်နိုင်တဲ့ ဘက်က တတ်နိုင်သလောက် ကျေးဇူးဆပ်တာဟာ မင်္ဂလာ တစ်ပါးပါပဲဗျာ…။

  3. အရမ်းကို မှန်ပါတယ် အကို ပြောသွားတာလေးတွေက

  4. မြန်မာပြည်မှာ အင်တာနက်ကောင်းပြီဆိုရင်ရော…
    မြန်မာပြည်မှာ ကိုစေတန်ပြောသွားသမျှ အင်တာနက်နဲ့ပတ်သက်တာ အကုန်လုပ်လို့ရပြီဆိုရင်ရော..
    အဲလိုအချိန်မှာ နိုင်ငံခြားထွက်တာကျတော့ရော ဘယ် brainကို ဘယ်လို gainကြမလဲ

    နေ့အိပ်မက်ကိုယ်တိုင်လည်း နိုင်ငံခြားထွက်တာကို မကန့်ကွက်ပါဘူး။ ဒါပေမဲ့ ဘယ်လိုပြောပြော brain drainဖြစ်တာက ဖြစ်တာပဲလို့ (ထင်ပါတယ်)။ ဒီတော့ ထွက်တာက ထွက်ပေါ့။ ပြန်ချိန်တန်ရင်တော့ ပြန်လာကြစေချင်တယ်။ (ဘယ်တော့ပြန်ချိန်တန်မလဲတော့ မမေးနဲ့) :)

    1. အင်တာနက်ကောင်းတာတောင် paypal သုံးလို့ရသေးဘူးလေ.. အင်တာနက်ကောင်းမယ် paypal လည်း သုံးလို့ရမယ်ဆိုရင်တော့ တော်တော်များများက ထွက်ဖြစ်မယ်မထင်ဘူး… ပြောချင်တာကတော့ အများကြီးပဲ… ကျွန်တော်လည်း ပြန်ချိန်တန် ပြန်မှာပဲ…

  5. ဝေးဝေးမြင်ဖို့ မြင့်မြင့်ပြန်ရမှာပါ….
    အတောင်တွေ မညောင်းသရွေ့ပေါ့…

    “ဪ..လူ့ပြည်လောက၊ လူ့ဘဝကား
    အိုရနာရ၊ သေရဦးမည်
    မှန်ပေသည်တည့်
    သို့တပြီးကား၊ သင်သေသွားသော်
    သင်ဖွားသောမြေ၊ သင်တို့မြေသည်
    အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
    သင်၏အမျိုးသား၊ စာစကားလည်း
    ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏
    သင်ဦးချ၍ အမျှေဝရာ
    စေတီသာနှင့်၊ သစ္စာအရောင်
    ဉာဏ်တန်ဆောင်လည်း
    ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။” ဆိုတဲ့ ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးထဲကလိုပေါ့ဗျာ..
    ကျွန်တော်တို့ အမိမြေအတွက်
    အေဝးကပဲဖြစ်ဖြစ် တတ်နိုင်သလောက် ကူညီကြိုးပမ်းကြပါစို့ဗျာ။ ။

  6. ကျန်တာဘာမှမလိုဘူး …
    1. Internet မှာကောင်းကောင်း Upload တင်လို့ရရမယ် Download ချလို့ရရမယ်။
    2. korea movie series ကို internet မှာတိုက်ရိုက်ကြည့်လို့ရရမယ်။ YouTube အဝကြည့်လို့ရရမယ်။
    3. Online Shopping လုပ်လို့ရရမယ် ဥပမာ Mega Upload လိုဟာမျိုးပေါ့။ iBanking သုံးလို့ရရမယ်။
    4. မီး 24-7 လာရမယ်။
    အဲလိုဖြစ်သွားပြီးတာနဲ့ နောက်နေ့ပြန်မယ် (နည်းနည်းများသွားလားမသိဘူးနော် :P)

    1. ၄ ချက်တည်းပါ။ အများကြီးမှ မဟုတ်တာ။

  7. အရမ်းကောင်းတဲ့ထောက်ပြချက်ပဲကိုစေတန်ရေ။

  8. လူအခွင့်အရေးအပြည့်အဝရဖို့လည်းလိုသေးတယ်လေ

  9. ဒီလိုတည့်ရေးတဲ့ဆိုဒ်တွေမရှိဘူးထင်ခဲ့တာ ရှာဖွေလေတွေ့ရှိလေဘဲဆိုတာမှန်သွားပြီ အာလုံးပြောသလိုဘဲမြန်မာအတွက် brain drain ဖြစ်စရာအကြောင်းမရှိပါဘူး သူများနိုင်ငံကိုအထင်ဇွတ်ကြီးပြီးအမှတ်ဇွတ်ပေးနေတာမပာုတ်ဘူး ကိုယ်မတတ်တာကိုသူများဆီသွားသင်ပြီး ကိုယ့်နိုင်ငံမှာ ကိုယ်တတ်ပညာကို ကိုယ်တတ်နိုင်သလောက်နဲ့ပြန်ကူညီတာကိုက လူသားဆန်တာပေါ့မပာုတ်လား….

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.