Brain Gain or Brain Drain

ကျွန်တော် MZ နှစ်ပတ်လည် တုန်းကလည်း ပြောခဲ့ဘူးပါတယ်။ လက်ရှိ အခြေအနေက brain drain ဖြစ်တာလား။ brain gain ဖြစ်နေတာလားဆိုတာကိုပေါ့။ သမာရိုးကျ တွေးတဲ့ လူတော်တော်များများက မြန်မာနိုင်ငံမှာ ပညာရှင်တွေ နိုင်ငံခြားထွက်တာကို တိုင်းပြည်နစ်နာတယ်လို့ ထင်ကြတယ်။ သမာရိုးက တွေးခေါ်တဲ့သူတွေရဲ့ အတွေးက ဘယ်လိုလဲဆိုရင် ပညာရှင်တွေ ပြန်လာမယ်ဆိုရင် တိုင်းပြည်ကြီး ချက်ခြင်းတိုးတက်သွားမယ်ပေါ့။ ချက်ခြင်းကြီး အောင်မြင်လာနိုင်တယ်ပေါ့။ ပညာရှင်တွေ နိုင်ငံခြားမှာ အလုပ်လုပ်တာ brain drain ဖြစ်တယ်ဆိုတဲ့ အိုမင်းနေပြီး ကျွန်တော့် အဖွားတောင် မတွေးတဲ့ အတွေးခေါ်ပဲ။

လက်ရှိ မြန်မာနိုင်ငံ အခြေအနေအရ ပညာရှင်တွေ နိုင်ငံခြားမှာ ရှိတာ ကျွန်တော်ကတော့ အားပေးထောက်ခံတယ်။ ဘယ်သူမှ ကိုယ့်နိုင်ငံမှ ထွက်ချင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း မထွက်ချင်ဘူး။ ဒါပေမယ့် မိသားစုရေးက ရှိသေးတယ်။ ဘဝ ၊ ပညာရေး အများကြီးရှိတယ်။ အကြောင်းကြောင်းကြောင့် ထွက်ခွာလာရတဲ့ သူတွေကြီးပဲ။ ပိုက်ဆံ တစ်ခုတည်းကြောင့် ထွက်လာကြတာမဟုတ်ဘူးဆိုတာကိုလည်း နားလည်သဘောပေါက်သင့်တယ်။ ကျွန်တော့် ကိုယ်ရေးကိုယ်တာတွေကိုတော့ ထည့်မပြောတော့ပါဘူး။ လက်ရှိ နည်းပညာလောကကို ကြည့်လိုက်ပါ။ လက်ရှိ လူသုံးများတဲ့ အခမဲ့ရတဲ့ software တွေ နောက်ပြီး နာမည်ကြီး site တွေ ဘယ်သူတွေ တည်ထောင်ထားတာလဲ။ ဥပမာ။။ ဇော်ဂျီ ၂၀၀၉ ၊ ကိုစိုးမင်းလုပ်ထားတာ။ သူလည်း မြန်မာနိုင်ငံမှာ မဟုတ်ဘူး။ နောက်ပြီး en2mm , ကိုအောင်ကျော်ထက် လုပ်ထားတာ။ သူလည်း မြန်မာနိုင်ငံ ပြင်ပပဲ။ keymagic , ဒေါက်တာမီးသွေး ရေးထားတာ။ သူလည်း လက်ရှိ စလုံးမှာ ကျောင်းတက်နေတာပဲ။ နိုင်ငံခြားရောက်နေတဲ့ သူတွေ ကိုယ့်တိုင်းပြည်အတွက် ပြန်လုပ်ပေးထားတာတွေ အများကြီးပါ။ ကျွန်တော်တို့တွေ တိုင်းပြည်အတွက် ဆုံးရှုံးသွားတာ မဟုတ်ဘူး။ တိုင်းပြည်က သူတို့တွေ ထွက်သွားလို့ အကျိုးအမြတ်တွေ ပိုရနေတာလေ။ အဲလို ပညာရှင်တွေ မြန်မာနိုင်ငံမှာ အလုပ်လုပ်ရင် တိုင်းပြည်အတွက် ပိုနစ်နာတယ်။ ဘာလို့လည်းဆိုတော့ အခွန်မဆောင်ရတော့ အခွန်မရတော့ဘူး။ နောက်ပြီး အင်တာနက် connection , မီး အများကြီးရှိသေးတယ်။ ကို mark တို့ ကိုအောင်ကျော်ထက် တို့ ပြည်တွင်းမှာနေရင် အဲလောက် လုပ်နိုင်မလား။ အဲလောက်မလုပ်နိုင်ရင် တိုင်းပြည်အတွက် ပိုနစ်နာတယ်။ နောက်ပြီး ဇော်ဂျီ iPhone keyboard အတွက် ကို Zack ကို အကူအညီတောင်းတော့။ ချက်ခြင်းပဲ ကူညီတယ်။ လိုအပ်တာတွေ တောက်လျှောက် email အသွားအပြန် ဆွေးနွေးခဲ့တယ်။ မြန်မာနိုင်ငံမှာဆိုရင် လက်ဖက်ရည် ဆိုင်ထိုင်ပြီး ဆွေးနွေးနေရလိမ့်မယ်။ နောက်ပြီး အခုပြော အခုချက်ခြင်းလုပ်။ ပြီးရင် အိုကေလား ပြန်စမ်း။ ဘယ်လိုမှ မရဘူးဗျ။ connection အခြေအနေက သာမာန် လူတစ်ယောက် အနေနဲ့ ကိုယ့်အိမ်မှာ အေးအေးဆေးဆေး သုံးနိုင်တဲ့ အနေအထားလည်း မဟုတ်သေးဘူး။

ဘယ်သူမဆို ကိုယ့်တိုင်းပြည်ကို ပြန်လာချင်ကြပါတယ်။ ဘယ်သူမှ brain drain မဖြစ်ဘူး။ အဲဒါတော့ ကျွန်တော် အပြည့်အဝ ယုံကြည်တယ်။ တခြားမကြည့်နဲ့ rs account မရှိလို့ ဆွဲပြီး ပြန်တင်ပေးပါဆိုရင် နိုင်ငံခြားရောက် မြန်မာတွေပဲ အခုချက်ခြင်းဆွဲ အခုချက်ခြင်းတင်ပေးတယ်။ megaupload link မို့လို့ လုပ်ပေးပါအုံးဆိုတော့လည်း နိုင်ငံခြားရောက်မြန်မာတွေပဲ ကူညီကြတာပဲ။ ပြည်တွင်းမှာက upload က ပြည်ပလောက် မကောင်းဘူးဆိုတာက ငြင်းစရာ မလိုပါဘူး။ ကိုယ့်ကို သူတို့တွေ မကူညီပေမယ့် သူတို့ ကူညီနေတာတွေ တစ်ပုံကြီးရှိပါတယ်။ အခွန်ကိုလည်း လိုလိုလားလား ဆောင်တယ်။ သူတို့ အပြင်ထွက်မလုပ်ရင် အခွန်လည်း တိုင်းပြည်က ရမှာမဟုတ်ဘူး။ ဘယ်သူမှမဆို မိမိနိုင်ငံကို သိတတ်တဲ့သူတွေကြီးပဲလို့ ယုံကြည်တယ်။ ဘယ်သူမဆို အဆင်ပြေရင် ပြန်လာချင်ကြတာကြီးပဲဗျ။ ဒါကိုတော့ ကျွန်တော် အပြည့်အဝ ယုံကြည်တယ်။

နောက်တစ်ဖက်ကနေ ကြည့်ရအောင်။ ရေမီး ၂၄ နာရီ ရတာထားတော့။ ကျွန်တော့်လို ဘာမှမဟုတ်တဲ့ ကောင်အနေနဲ့ မြန်မာနိုင်ငံမှာဆို ကိုယ့် လခနဲ့ mac book ဝယ်ဖို့ အဝေးကြီး။ iPodTouch ဆိုလည်း မစဉ်းစားရဲတဲ့ ဘဝ။ နောက်ပြီး megaupload လို account ဝယ်ဖို့ စိတ်ကူးရဲတောင် မထည့်ရဲဘူး။ အခုအချိန်မှာတော့ ကျွန်တော် မဖြစ်နိုင်ဘူးထင်ထားတာတွေ ၃ လ တည်းနဲ့ ပြည့်စုံသွားပြီ။ ကျွန်တော် iPodTouch ကို ဝယ်နိုင်ခဲ့လို့လည်း keyboard ရေးဖြစ်သွားပြီ။ တကယ်တန်းတော့ သေချာတွေးတတ်ရင် brain gain ဖြစ်နေတာပါ။ ကျွန်တော်တို့ တိုင်းပြည်အတွက် brain drain ဖြစ်စရာ အချက်မရှိဘူး။ အခြား online magazine တွေကလည်း နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူတွေ တည်ထောင်ပေးကြတာတွေပါ။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေ အခွန်လည်းဆောင် ကိုယ့်ထမင်းကိုယ်စားပြီး တိုင်းပြည်အတွက် ဘယ်သူမှ မတောင်းဆိုပဲ ကိုယ့်အသိစိတ်လေးနဲ့ ကိုယ်လုပ်ပေးနေကြတာတွေ တစ်ပုံကြီးပါဗျာ။ လက်လွတ်စပယ် ပညာရှင်တွေ မရှိလို့ တိုင်းပြည်ဘာဖြစ်တယ် ညာဖြစ်တယ်လို့ မပြောလိုက်ပါနဲ့ဗျာ။ တစ်ခြားဘာမှ မကြည့်နဲ့။ အခွန်ကို ကြည်ကြည်ဖြူဖြူနဲ့ ဆောင်ကတည်းက တိုင်းပြည်အတွက် ဝန်ထမ်းပေးနေတာပဲ။ နောက်ပြီးတော့ ဒီမှာ အလုပ်လုပ်နေတဲ့သူတွေက ရန်ကုန်မှာရှိတဲ့ မိဘတွေဆီကို ပိုက်ဆံပြန်ပို့နေကြတယ်။ တနည်းပြောရင် စလုံးက ငွေတွေက မြန်မာနိုင်ငံတည်းကို လှိမ့်ဝင်နေတာ။ ဒီမှာ ရှာလို့ရတဲ့ 50% ကျော်ကျော်ကို ရန်ကုန်ကို ပြန်ပို့ကြတာများပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ တော်တဲ့ တတ်တဲ့သူတွေ ထွက်တာ သဘောကျတယ်။ သူတို့လည်းတိုးတက်တယ်။ တိုင်းပြည်ဝင်ငွေ အပြင် အခြား အရာတွေပါ တိုင်းပြည်က ပြန်ရတဲ့အတွက် ကျွန်တော်ကတော့ ထွက်ချင်တဲ့သူတွေ ထွက်ကြဗျာ။ ထွက်မယ်ဆိုရင်လည်း သေချာပြင်ဆင်ပြီးမှ ထွက်ကြ။ ပြီးပြီးရော ထွက်ရင်တော့ ပြီးပြီးရောပဲ ဖြစ်သွားလိမ့်မယ်။

40 responses to “Brain Gain or Brain Drain”

  1. ဒီပိုစ်လေးအတွက် ကျေးဇူးအများကြီးတင်ပါတယ် စေတန်ရေ…

    1. welcome friend :)

  2. မှန်ပကိုစေတန်. ဒါနဲ့ကိုစေတန်ဟိုမှာကျောင်းပြန်မတက်ရဘူးလားခင်ဗျ. ကျနော်ကကျောင်းပြီးလို့သွားဖြစ်ရင် ကျောင်းထပ်တက်ရမယ်ကြားဖူးလို့. ညီ့ကိုရှင်းပြပါဦး

    1. ကျောင်းတက်ဖို့ပိုက်ပိုက်ရှိသေးဘူး… ကျောင်းတက်မယ်ဆိုရင် ပိုက်ပိုက်ရှိမှ ဖြစ်မယ်… ထွက်လာကတည်းက ကျောင်းတက်မယ်ဆိုပြီး ထွက်လာတာမဟုတ်တော့…. :( အကုန်လုံးအဆင်ပြေတဲ့ အချိန်ရောက်ရင်တော့ ကျောင်းပြန်တက်ဖို့ ကြိုးစားကြည့်ရမှာပေါ့… အခုတော့…. အခုတော့….

      အလုပ်ရသွားရင် ကျောင်းတက်ဖို့မလိုပါဘူး။ computer ကျောင်းပြီးသွားပြီး ကိုယ့်မှာလည်း အတွေ့အကြုံကောင်းကောင်းရှိမယ်။ အဓိကတော့ အလုပ်ရှင်က ခိုင်းလို့ကောင်းမယ့်သူမှန်းသိသွား၇င် အလုပ်ရဖို့ လွယ်ပါတယ်။ :D

  3. အလွန်ကိုတန်ဖိုးရှိတဲ့စာလေးပါ..

    1. ကျေးဇူးပါ အသက် ၁၉ နှစ် ရှိတဲ့ အစ်မရေ.. :)

  4. Brain Drain ဆိုပြီး ပြောနေတာတွေ ခဏခဏကြားရတယ် … ခုလိုကိုစေတန် ပြောတော့လည်း အဟုတ်ပဲနော်…. ကျေးဇူးတင်ပါ၏…

  5. ကျွန်တောှအသိတစ်ယောက်ရှိတယ်။ (ဒုက္ခသည်) စခန်းကနေ ပြည်တွင်းက မိသားစုကို ပြန်ထောက်ပံ့တာ။ :) ဒာတောင် ဘာပညာရှင်မှ မဟုတ်သေးပာဘူး။

  6. u r wide thinking……
    good idea…….
    thanks alot

  7. ကျနော်ကတော့ အပြည့်အဝကိုထောက်ခံပါတယ်… မှန်ပါတယ်.. ကျနော်လက်ခံယုံကြည်ထားတာလဲ အဲဒလိုပါပဲ… ကျနော်တို့နိုင်ငံမှာရှိတဲ့ပညာရေးကိုပဲ အရင်ဆုံးကြည့်ပါ.. တော်ပါပြီ မပြောတော့ဘူး… ကျနော်လက်ခံတယ်..

  8. Good Post Saturn!!

    1. Thank All!!

  9. That’ right,Ko Saturn.
    Thz for your post.

  10. ကောင်းပါတယ်ဗျာ ကျွန်တော်လည်းထောက်ခံပါတယ် နိုင်ငံခြားသွားတာကို ကန့်ကွက်တဲ့
    ခေါက်ရိုးကျိုးအတွေးအခေါ်တွေစွန့်သင့်ပြီဗျာ :(

  11. good! I like your message.

  12. Saturn,

    nothing to comment about the post but “THE TAX”
    do you really think that those money you gave, went back to your country?
    please think again my dear.
    its not legal to collect tax from us in the first place.
    its ransom.

  13. but most of the 30% to 50% salary go back to their family :D

  14. You and 11 people like this post. :D (you=me)

  15. Nice Idea, I appreciate u.

  16. brain drain လို့ ထထအော်နေတဲ့ သူတွေ သေသေချာချာ ပြန်စဉ်းစားသင့်နေပီပေါ့ဗျာ။
    ထောက်ခံပါတယ် ကိုစေတန်……
    မနေ့ကလည်း ဖိုရမ် မှာတွေ့တယ်။ ရေးချင်တာ လက်ကိုယားနေတာပဲ။ နိုင်ငံရေးတွေ ပါကုန်မှာစိုးလို တံတွေးတွေ မြိုချပီး ပြန်ထွက်လာခဲ့တယ်ဗျာ

  17. ကျော်လင်းမောင် Avatar
    ကျော်လင်းမောင်

    အရမ်းကို ကောင်းပါတယ်….တိုင်းပြည်ကိုအကျိုးပြုနိုင်တဲ့ သားကောင်း ရတနာတွေပေါ်ထွန်းနိုင်ကြပါစေလို့ ဆုတောင်းမိတယ်ဗျာ…အမိမြန်မာပြည်တိုးတက်စေရေးအတွက်ပေါ့…..

  18. အရမ်းကောင်းတဲ့ထောက်ပြချက်ပဲကိုစေတန်ရေ။
    မြန်မာITလောကဒီထက်ပိုမိုလျင်မြန်အောင်ဆောင်ရွက်နိုင်ပါစေ။
    ိုITနဲ့ပတ်သက်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေပြည်တွင်းမှာများများရှိရင်
    ်ကောင်းမယ်နော်ဲကိုစေတန်ရေ။ထိုက်တန်တဲ့လစာနဲ့ပေါ့။

  19. ဒီ post လေးကို လူအများသိအောင် တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် .. ဟုတ်ပါတယ် ..ဘယ်သူမှတော့ ကိုယ့်နိုင်ငံနဲ့ဝေးတဲ့ နေရာ ၁ခုမှာ မနေချင်ပါဘူး .. ဘယ်နေရာမှကိုယ့်နိုင်ငံလောက် မလွတ်လပ်ဘူး မပျော်ဘူး .. ဒါပေမယ့် နောက်ထပ် သွားရမယ့် ဘ၀ အတွက် ရေရှည်ကောင်းဖို့နိုင်ငံက ထွက်ခွာခဲ့ရတာပဲ .. နိုင်ငံအတွက် တတ်နိုင်သလောက် လုပ်ပေးသွားမှာပါ

  20. That right.I’m like it.

  21. First I thought brain drain was happening in our country. When i am full of education, I will come back and serve my country.

  22. Yeah, it is good and it is bad.
    I won’t say anything about our country current situation which we all know.
    But as the comedian said our big export from Myanmar is Human Resource. So please do explain to me how many percentage of migrate workers return favor to Mother Land with Patriotism.
    Most have to go abroad for our current situation (urgent matter).
    But for coming generation they just don’t want to stay even though they don’t have much difficulty in surviving.
    What will happen to our country in next 20 to 30 year???
    “Deserted Land???”
    Just sharing my point of view. No disrespect meant.

  23. အပြည့်ဝ ထောက်ခံပါတယ်ရှင်။ ကောင်းမွန်တဲ့ ပိုစ့်လေးပါ။

  24. @Jehovah, No worries, mate. Our country is existing on the Earth and it’s just a nano portion of the Earth. We’ve been taking all the resources from the Earth since millions of years ago, till now it has not been eaten up; all will come and go, so just go with the flow. Till date, most of the generation of my age still miss the country, wanna go back, serve to our community and hope to live friendly together. I am not pretty sure about future but why are you all sure about the future Myanmar is not favorable? who knows!

    Only Big Dream will make us Big. What’s the deal to dream Big! If there is no chance to get something, create one.

    Nice post, Saturn. I agree with your point of view, STRUGGLING in foreign is not a loss to Mother Country for sure.

  25. ဘာပဲဖြစ်ဖြစ်……….အေဝးရောက် ပညာရှင်အကိုကြီး အမကြီး ဆရာကြီး ဆရာမကြီး တွေ အခြေအနေပေးခဲ့ရင် အမေ့အိမ် အရောက်ပြန်လာကြပါဦး….
    အေဝးကကူညီနေတာထက်….အနီးကပ်ကပိုထိရောက်ပါတယ်ကွယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.