Build and Analyze Podcast

အခုတလော 5by5 Studio က Build and Analyze Podcast ကို တော်တော် နားထောင်ဖြစ်တယ်။ ရုံးသွား ရုံးပြန် စာတောင် မဖတ်တော့ပဲ Build and Analyze ကို ပဲ နားထောင်နေတာ ၁ ပတ်ကျော်နေပြီ။ တော်တော်လေးကို ကောင်းတယ်လို့ ဆိုရမယ်။ Build and Analyze ကို ရုံးမှာ အတူတူ လုပ်တဲ့ လုပ်ဖော်ကိုင်ဘက် က recommend လုပ်တာနဲ့ နားထောင်ဖြစ်သွားတယ်။ အဓိက နားထောင်ဖြစ်ရတဲ့ အကြောင်း ပြောတဲ့ သူက Marco Arment , Founder of Instapaper ဖြစ်တာ ကြောင့်လည်း ပါတာပေါ့။

Build and Analyze podcast ကို နားထောင်ရင် Instapaper မတိုင်ခင်မှာ သူဘာတွေ လုပ်ခဲ့တယ်။ နောက်ပြီး ဘယ် programming ကို လေ့လာသင့်သလဲ။ ဘာကြောင့်လေ့လာသင့်သလဲ။ Marketing နဲ့ Advertistment ဆိုတာ မတူဘူး။ ဘာကြောင့် မတူဘူးလဲ ဆိုတာကို ရှင်းပြထားတယ်။ ဒါ့အပြင် Customer Support အပါအဝင် နည်းပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို နားထောင်ရင်း သင်ယူနိုင်မှာပါ။

Macro Arment ပြောသွားတဲ့ စကားတစ်ခွန်းကို သဘောကျတယ်။

သင့် product မှာ nagative customer မှာ ရှိရင် သင် ကံကောင်းပြီလို့ ဆိုလို့ရမယ် ။

Macro Arment က အပြောကောင်းသလို Dan Benjamin ရဲ့ ပြန်လည် ဆွေးနွေးချက်တွေ အထောက်လေးတွေကလည်း သဘောကျဖို့ ကောင်းလွန်းတယ်။ အင်္ဂလိပ်စာ မကောင်းလို့ နားမလည်ဘူးလို့ ဆိုကောင်းဆိုမယ်။ သူတို့ ပြောတဲ့ English စာက အခက်ကြီးတွေ မဟုတ်ပါဘူး။ ပုံမှန် ပြောနေကြ ပုံစံ စကားပြော ဆွေးနွေးနေတဲ့ ပုံစံ ဖြစ်တဲ့အတွက်ကြောင့် နားထောင်ရတာ တော်တော် အဆင်ပြေတယ်။ နည်းပညာ အကောင်းလေ့လာရင်း listening ပါ တိုးတက် လာနိုင်တဲ့ အတွက် နားထောင်သင့်တဲ့ Podcast ဆိုလည်း မမှားပါဘူး။

တကယ်လို့ တနေ့ တနေ့ MRT ပေါ်မှာ ဒီအတိုင်း သီချင်းနားထောင်ရင်း အချိန်ကုန်နေမယ်။ သို့မဟုတ် ကျောင်းကားပေါ်မှာ သီချင်း နားထောင်ရင်း စကားပြောရင်း အချိန်ကုန်နေမယ့် အစား Build And Analyze လေးကို နားထောင်ကြည့်ဖို့ အကြံပြုစေချင်တယ်။ ကျောင်းတက်နေတဲ့ ကျောင်းသားတွေအတွက်လည်း အထောက်အကူ ဖြစ်စေတဲ့ အကြံ idea အချို့လေးတွေ ပါဝင်တယ်။ ဥပမာ။။

ဘယ် programming ကို လေ့လာသင့်သလဲ ဆိုတာကို သူ့ကို college ကျောင်းသားတွေက မေးကြတယ်။ သူက ဒီလို ပြန်ပြောဖြစ်တယ်။ မင်း ဘယ်လိုမျိုး company မျိုးမှာ လုပ်ချင်သလဲ။ မင်းအတွက် ဘယ်လိုမျိုး company အတွက် သင့်တော်မလဲ ဆိုတာကို စဉ်းစားကြည့်။ Company ကြီးကြီးတွေ မှာ အလုပ်လုပ်ချင်တယ် ဝန်ထမ်း အင်အား များများ နဲ့ အလုပ်လုပ်ရတာ ကြိုက်တယ်ဆိုရင်တော့ .NET သို့မဟုတ် Java ကို ရွေးဖို့ အကြံပေးတယ်။ ဒါမှမဟုတ် Startup သို့မဟုတ် Growing ဖြစ်နေတဲ့ company တွေမှာ လုပ်ချင်ရင်တော့ PHP , ROR ကို လေ့လာဖို့ လိုတယ်။ ဒါမှမဟုတ် Geek တွေရဲ့ company မှာ လုပ်ချင်တယ။် Geek တွေနဲ့ ရင်းနှီးချင်ရင်တော့ Python , Ruby စတာတွေကို လေ့လာထားသင့်တယ်။ Objective-C ကို လုပ်ရင်တော့ mobile development company မှာ မင်း အလုပ်လုပ်ရမယ်။ ဒါကြောင့် မင်း ဘယ်လို company မျိုးမှာ လုပ်ရတာ မင်းနဲ့ အဆင်ပြေမလဲဆိုတာကို စဉ်းစားဖို့ လိုတယ်။

သူပြောသွားတဲ့ အချက်က ကျွန်တော် တစ်ခေါက်မှ မစဉ်းစားဖူးဘူး။ သို့ပေမယ့် သူပြောလို့ စဉ်းစားမိတဲ့ အခါမှာ မှန်သင့်သလောက် မှန်နေတာကိုလည်း တွေ့ရပြန်တယ်။ အဲလိုမျိုး မတူတဲ့ အတွေး အခေါ်တွေကို Build and Analyze မှာ နားဆင်ယူနိုင်ပါတယ်ဗျာ။

တစ်ခါတည်း တခြား recommend လုပ်တဲ့ podcast တွေကတော့ iOS developer ဆိုရင်တော့ hypercritical ဆိုတဲ့ podcast လေးကို နားထောင်သင့်တယ်။ နောက်ပြီးတော့ Founder Talk ကလည်း တော်တော်လေးကို ကောင်းတဲ့ အထဲမှာ ပါပါတယ်။

2 responses to “Build and Analyze Podcast”

  1. listing ??? listening ???

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.