Dhamma Stream 0.8

Dhamma Stream 0.8 ကို ဒီနေ့ မနက်ပဲ Approve ဖြစ်သွားတယ်။ Dhamma Stream 0.8 မှာ

– database ကို online ကနေ update လုပ်လို့ရလာပြီ။
– တရားတော်ကို app background run ထားပြီး နားထောင်လို့ရတယ်။
– သီးသန့် player ထည့်သွင်းထားတယ်။
– အရင် Link အဟောင်းတွေ အကုန်လုံး fixed ပြန်လုပ်ထားပါတယ်။
– UI design ကို ပြန်ပြင်ထားပါတယ်။ နောက်ပြီး Logo ပါ ပြင်လိုက်တယ်။

Download

9 Comments

  1. Wai Phyo says:

    ကိုစေတန် အခုတင်ထားတဲ့ ဓမ္မတရားတော် ပုံစံက သင်္ဘောမောင်းတဲ့ ပဲ့ထိမ်းဘီးနဲ့သိပ်တူနေတယ်ဗျို့ တကယ်တူရမှာက လှည်းဘီးနဲ့တူရမှာ…. ပြင်လို့ရမယ်ဆိုရင်ပြင်လိုက်ပါဦးဗျို့….

      1. Wai Phyo says:

        အင်း အများမှားတော့အမှန်ဆိုသလိုဖြစ်နေထင်တယ်။ အာသောက ကျောက်စာတိုင်မှာအဲလိုမဟုတ်ဘူး။

        1. Wai Phyo says:

          ဒါက မူရင်းပါ။ http://www.buddhanet.net/e-learning/history/images/dharma-wheel.jpg

          အခုတကယ်ကဘီးတဝိုက်မှာ ကြာဖူးလေးတွေတပ်ပေးတာပါ။ အဲဒီလိုပုံကို သဘောကျတယ်ဆိုရင် ဟောဒီပုံလောက်ဆိုမဆိုးပါဘူး http://orderofcompassion.com/images/dharma-wheel.jpg

          အခု ကိုစေတန့်ပုံက အတက်တွေထွက်လွန်းနေတယ်။

          1. saturngod says:

            အဲဒီပုံရဲ့ လိုင်စင် အမျိုး အစားကို သိဖို့ လိုအပ်ပါတယ်။

        2. Wai Phyo says:

          သမိုင်းကြောင်းကိုဖတ်ချင်ရင်တော့ ဟောဒီလင့်မှာ အတိုချုပ် ပြောထားတာရှိပါတယ်။ http://www.buddhanet.net/e-learning/history/bud_wheel.htm

        3. saturngod says:

          ဟုတ်။ ကျွန်တော်ကတော့ wikipedia ကနေပဲ ယူထားတာပါ။ အဓိက လိုင်စင် ပြဿနာပါ။ intenret က ပုံတွေ ကို ရှာပြီး ပြင်ခွင့်မရှိပါဘူး။ သူ့ လိုင်စင်က ဘာလိုင်စင်လဲဆိုတာကို သေချာကြည့်ပြီးမှ ပြင်လို့ရမရ သိပါတယ်။ ဒါကြောင့် လွယ်လွယ်ပဲ wikipedia က ယူလိုက်တာပါ။ နောက်ပြီး ကျွန်တော်က designer မဟုတ်တဲ့အတွက် ပုံမဆွဲတတ်ပါ။ အရောင်ပြင်တာလောက်ပဲ သိပါတယ်။

  2. Cyber Clay says:

    Thanks you so much for your app.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.