တော်တော်လေး မူးနောက်သွားတယ်ဗျာ။ ဆိုးဝါးတာက excel 2007 ပဲ။ excel မှာ လုပ်ထားတဲ့ဟာတွေကို mysql ထဲ ထည့်ချင်တယ်။ ရှာတယ်။ မရဘူး။ ဒါနဲ့ csv ပြောင်းဖို့လုပ်တယ်။ အဲမှာ excel ကို တော်တော် ညစ်သွားတာ။ UTF-8 မပြောင်းပေးဘူးလေ။ အဲမှာသိလိုက်ပြီ။ ဆက်ကြိုးစားလို့မဖြစ်တော့ဘူး။ ဒါနဲ့ Openoffice.org ကနေ csv ပြောင်းတော့ အဆင်ပြေသွားတယ်။ ဟိုရှာ ဒီရှာနဲ့
mysql> LOAD DATA LOCAL INFILE '/host/Users/saturngod/Project/dictionary.csv' INTO TABLE dblist FIELDS TERMINATED BY ',' ENCLOSED BY '"' LINES TERMINATED BY '\n';
အဲလိုလေး ရေးလိုက်တော့ တော်တော်လေးကို အဆင်ပြေသွားတယ်။ အခုတော့ CSV ကနေ Mysql ကို ကောင်းကောင်းပြောင်းလို့ရသွားပြီလေ။
Leave a Reply