What is Twitter ?

Twitter ဆိုတာ web 2.0 system တစ်ခုလို့ဆိုလို့ရပါတယ်။ ဘဝမှာ ခဏခဏ ကြုံရပါတယ်။ online ပေါ်မှာ အခုတလော ဘာလုပ်နေလဲ။ တစ်ယောက်မေးရင် ဖြေနိုင်တယ်။ လူတွေ တစ်ယောက်ပြီး တစ်ယောက်မေးတော့ လက်ညောင်းလာပါတယ်။ အဲဒီအတွက် ကျွန်တော်က twitter သုံးပါတယ်။ ဘာလုပ်နေလဲမေးရင် twitter လိပ်စာလေးပေးလိုက်ပါတယ်။ အဲဒီမှာ ကိုယ်ဘာလုပ်နေလဲဆိုတာကို follow လုပ်ပြီး စောင့်ကြည့်နိုင်တယ်လေ။ ကိုယ့်သူငယ်ချင်းတွေ ဘာလုပ်နေလဲဆိုတာကိုလည်း စောင့်ကြည့်နိုင်တယ်။ ဒါတောင် မကဘူး steve job တို့ , google တို့တောင် twitter ကို အသုံးပြုကြပါတယ်။ သတင်းဌာနတွေ company တွေလည်း သုံးကြတယ်။ သတင်းဌာနက သတင်းထောက်တွေ သုံးထားတာကို လိုက်ထားခြင်းဖြင့် သတင်းထက် ပိုမြန်တဲ့ သတင်းကို ရနိုင်တယ်လေ။ company တစ်ခုက ဘာတွေလုပ်နေပြီဆိုတာ ပြောဖို့အတွက် twitter ကိုသုံးတယ်လေ။ blog လား… blog ရေးရတာ ဝင်ရတာနဲ့ ရေးရတာနဲ့ ရှုပ်ပါတယ်။ twitter လိုမျိုး micro blog လေးကမှ ကိုယ်ဘာလုပ်နေပြီဆိုတာကို စာလုံးရေးနည်းနည်းလေးနဲ့ ချက်ခြင်းရေး ချက်ခြင်းတက်ပဲလေ။ firefox အတွ့် twitterfox ဆိုတာလေးနဲ့ တွဲသုံး။ ရေလည်သုံးလို့ အဆင်ပြေပါတယ်ဗျာ။

သုံးနည်းကလည်း လွယ်ပါတယ်။ www.twitter.com မှာ register လုပ်လိုက်ပါ။ loging ဝင်လို့ရသွားရင်တော့ သူပေးထားတဲ့ text box လေးမှာ ကိုယ် ထည့်ချင်တဲ့ စာရိုက်ထည့်ရုံပဲလေ။ နောက်ပြီး ကိုယ့်သူငယ်ချင်းကို follow လုပ်ချင်ရင်တော့ သူ့ လိပ်စာလေးသွား follow လုပ်လိုက်ပါ။ ကိုယ့် home page မှာ သူရိုက်သွားတဲ့ စာလေးတွေ အမြဲလာလာပေါ်နေမှာလေ။ ဒါမှမဟုတ် http://twitter.com/invitations ကနေလည်း ကိုယ် follow လုပ်ချင်တဲ့သူတွေကို ရှာဖွေနိုင်တယ်လေ။ ကျွန်တော်ဆို Ubuntu ကို ရှာပြီးတော့ follow လုပ်ထားသလိုပေါ့။ သုံးရတာ လွယ်ပါတယ်။ twitterfox ဆိုတဲ့ firefox add-on နဲ့သုံးကြည့်ုလိုက်ပါ။ အရမ်းကို သုံးရတာ လွယ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading