Download Xcode with Wget

Xcode က download manager နဲ့ download ချဖို့ အဆင်မပြေဘူး။ login ဝင်သည့် cookies လိုနေတယ်။ 5 GB လောက် ရှိတာကြောင့် download manager နဲ့ ချမှပဲ အဆင်ပြေတယ်။ ရန်ကုန်မှာ 5 MB fiber လိုင်းနဲ့ ဆိုရင်တောင် ၃ နာရီလောက် ကြာမယ်။ ကြားထဲမှာ ပြတ်သွားရင် အစကနေ ပြန်ဆွဲဖို့ အဆင်မပြေတာကြောင့် ကျွန်တော်က အရင်ဆုံး server မှာ wget နဲ့ ဆွဲချတယ်။ ပြီးမှ server ကနေ တဆင့် ကျွန်တော့် စက်ထဲ download ပြန်ဆွဲတယ်။

wget က cookies နဲ့ download ဆွဲချလို့ရသည့် အတွက် xcode download ချဖို့ အဆင်ပြေပါတယ်။ ကျွန်တော်က cookies ကို ရဖို့အတွက် chrome က cookies.txt ကို အသုံးပြုပါတယ်။

  1. http://developer.apple.com/download/ ကို ရောက်ရင် login ဝင်ခိုင်းပါမယ်။ login ဝင်ပါ။
  2. cookies.txt extension ကို နှိပ်ရင် click here ဆိုပြီး download ချဖို့ပေါ်လာပါလိမ့်မယ်။
  3. cookies.txt ကို download ချ။ ပြီးရင် wget နဲ့ ကျွန်တော်တို့ download ချလို့ ရပါပြီ။
wget --load-cookies=cookies.txt -c http://adcdownload.apple.com/WWDC_2017/Xcode_9_beta/Xcode_9_beta.xip

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading