Download Xcode with Wget

Xcode က download manager နဲ့ download ချဖို့ အဆင်မပြေဘူး။ login ဝင်သည့် cookies လိုနေတယ်။ 5 GB လောက် ရှိတာကြောင့် download manager နဲ့ ချမှပဲ အဆင်ပြေတယ်။ ရန်ကုန်မှာ 5 MB fiber လိုင်းနဲ့ ဆိုရင်တောင် ၃ နာရီလောက် ကြာမယ်။ ကြားထဲမှာ ပြတ်သွားရင် အစကနေ ပြန်ဆွဲဖို့ အဆင်မပြေတာကြောင့် ကျွန်တော်က အရင်ဆုံး server မှာ wget နဲ့ ဆွဲချတယ်။ ပြီးမှ server ကနေ တဆင့် ကျွန်တော့် စက်ထဲ download ပြန်ဆွဲတယ်။

wget က cookies နဲ့ download ဆွဲချလို့ရသည့် အတွက် xcode download ချဖို့ အဆင်ပြေပါတယ်။ ကျွန်တော်က cookies ကို ရဖို့အတွက် chrome က cookies.txt ကို အသုံးပြုပါတယ်။

  1. http://developer.apple.com/download/ ကို ရောက်ရင် login ဝင်ခိုင်းပါမယ်။ login ဝင်ပါ။
  2. cookies.txt extension ကို နှိပ်ရင် click here ဆိုပြီး download ချဖို့ပေါ်လာပါလိမ့်မယ်။
  3. cookies.txt ကို download ချ။ ပြီးရင် wget နဲ့ ကျွန်တော်တို့ download ချလို့ ရပါပြီ။
wget --load-cookies=cookies.txt -c http://adcdownload.apple.com/WWDC_2017/Xcode_9_beta/Xcode_9_beta.xip

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.