What New in Xcode 9

Xcode 9 Beta version ထွက်လာပါပြီ။ Xcode 9 မှာ ဘာတွေပြောင်းလဲသွားသလဲဆိုတော့

All new editor

Xcode မှာ code editor အသစ်ဖြစ်သွားပြီးတော့ အရင်ထက် ပိုပြီးမြန်လာပါတယ်။ သဘောကျဆုံးကတော့ Markdown support ပါဝင်လာပါတယ်။ Font size ကို ⌘ + နှင့် ⌘ - နဲ့ ပြောင်းလို့ ရပါတယ်။ File size ဘယ်လောက်ကြီးကြီး scroll မြန်မြန်လုပ်လို့ရပါတယ်။ သဘောကျတာကတော့ အဖွင့် အပိတ်တွေကို သိရအောင် ⌘ click နဲ့ ရတယ်။ Action ကို သွားမလား function ခွဲထုတ် မလား စတာတွေ ပါလာတယ်။


Xcode မှာ ကွင်းစ အဖွင့် အပိတ်တွေက တကယ့်ကို ပြဿနာဗျာ။ အခုတော့ အဆင်ပြေသွားပြီ။ ⌘ mouse hover ဆိုရင် ကွင်းစ ကွင်းပိတ်တွေကို မြင်ရအောင် ဖော်ပြပေးပါတယ်။


⌘ click ဆိုရင်တော့ select လုပ်ပြီး function ခွဲထုတ်မလားဆိုပြီးတော့ မေးတော့ နောက်ပိုင်းမှာ loop တွေ condition တွေ ရှည်နေရင် ခွဲထုတ်ပြီး ရေးဖို့ လွယ်သွားတယ်။ ဒါ့အပြင် function တွေ အတွက်လည်း Jump To Defination ကို သွားလို့လည်း ရပါတယ်။



Refactoring

Xcode 8 မှာ Swift ကို Refactoring လုပ်ဖို့ မရလို့ တော်တော်အဆင်မပြေပါဘူး။ Search And Replace ပဲ manual လုပ်နေရပါတယ်။ Xcode 9 မှာတော့ Swift ကို Refactoring လုပ်လို့ ရနေပါပြီ။


⌘ click နှိပ်ပြီးတော့ rename လုပ်ပြီး လွယ်လင့် တကူ ပြောင်းနိုင်ပါတယ်။

Github Integration

Xcode 9 မှာ source Github Account နဲ့ ချိတ်ပြီးတော့ Github project တွေကို တိုက်ရိုက် browse လုပ်တာ ၊ clone လုပ်တာတွေ ရလာပါပြီ။


Simulator

Simulator မှာ video အနေနဲ့ record လုပ်လို့ရပါတယ်။ Xcode 9 မှာ နောက်ထပ် သဘောကျတာကတော့ တချိန်တည်းမှာ multiple simulator run လို့ရတာပါပဲ။

Swift 4

Xcode 9 မှာ ကျွန်တော်တို့ မျှော်လင့်နေသည့် Swift 4 ပါလာပါပြီ။ Swift 4 မှာ အပြောင်းအလဲတွေ ရှိပါတယ်။ Xcode 9 ကတော့ Swift 3.2 နဲ့ Swift 4 code ကို ရောပြီး ရေးထားလို့ ရတယ်။ compile လုပ်လို့ ရတယ် လို့ဆိုပါတယ်။

Debugging

Mac Book မှာ iOS App ကို လုပ်ဖို့ အတွက် အတော့်ကို အဆင်မပြေတာ။ အမြဲတန်း ကြိုးနဲ့ တတ်ပြီးတော့ run ရတော့ USB အပေါက် တစ်ခုက အမြဲလိုအပ်တယ်။ အခုတော့ wireless ရပါပြီ။

New Playground templates

Playground template အသစ်ပါလာပါပြီ။


UIView ထည့်ဖို့အတွက် code တွေ ပြန်ရိုက်နေစရာ မလိုတော့ပဲ Single View Template ကနေ စပြီး run လို့ ရပါပြီ။


New Build System

Build System အသစ်ပါလာသည့် အတွက် code compiling က အရင်ကထက် မြန်သွားပါတယ်။ နောက်ပြီးတော့ Indexing လုပ်တာကလည်း ပိုမြန်သွားပါပြီ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.