Dropbox အကြောင်းရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး ဖြစ်နေတယ်။ Dropbox ကို ကျွန်တော်တော့ တော်တော်သဘောကျပါတယ်။ Cloud ဆိုတဲ့ အဓိပ္ပာယ်ကို Dropbox က ကောင်းကောင်းပုံဖော်ပေးနိုင်တယ်။ မြန်မာနိုင်ငံမှာကတော့ လူသုံးနည်းမယ်ထင်တယ်။ အင်တာနက် connection အမြဲရှိတယ် သို့မဟုတ် အင်တာနက် ကောင်းတယ်ဆိုရင် သုံးသင့်တဲ့ Software လေး တစ်ခုပါပဲ။ Dropbox က computer တစ်ခုကနေ တစ်ခု file တွေ stick တွေနဲ့ သယ်နေစရာမလိုပဲ sync လုပ်ပေးနိုင်တယ်။
ဥပမာ ဆိုကြပါစို့။ ကျွန်တော့် ရုံးမှာ computer ရှိတယ်။ အိမ်မှာ computer ရှိတယ်။ ၂ ခုလုံးမှာ internet connection ရတယ်။ ဟိုးအရင်တုန်းကဆို email လှမ်းပို့ထားရင် ပို့ ။ ဒါမှမဟုတ်ရင် stick လေးနဲ့ ရုံးက file တွေကို အိမ် သယ်တာပဲ ဖြစ်ဖြစ် အိမ်က file တွေကို ရုံးသယ်တာပဲဖြစ်ဖြစ် လုပ်နေရတယ်။ နောက်ပြီးတော့ Laptop ကနေ Desktop ကို ပြောင်းရင်လည်း အဲလိုပဲ။ စဉ်းစားကြည့်ဗျာ။ စက် ၃ လုံး ၁ ယောက်တည်း သုံးတယ်။ stick တစ်ချောင်းနဲ့ ဟိုသယ်ဒီသယ် သို့မဟုတ် Email တွေနဲ့အလုပ်ကို ရှုပ်နေတာပဲ။ ဒီလိုမျိုး ကိစ္စကို လွယ်လွယ်ကူကူ file တွေကို sync လုပ်လို့မရဘူးလား။
အဲလို ပြဿနာကို Dropbox က ဖြေရှင်းပေးနိုင်ပါတယ်။ ကျွန်တော် Dropbox ကို သုံးတာက ရုံးတစ်ရုံးလုံးက Dropbox ကို သုံးတယ်။ File sharing ကို Network File sharing မသုံးဘူး။ Dropbox ကိုပဲ သုံးတယ်။ ဒီ Project အတွက် လိုအပ်တာတွေကို PM က project folder ကို share ပေးလိုက်တယ်။ ကျွန်တော်က accept လုပ်လိုက်ပြီးရင် ကျွန်တော့် Dropbox ထဲ sync လုပ်ပြီး ဝင်လာပြီ။ တကယ်လို့ ကိုယ့်မှာ စက် ၃ လုံး ရှိတယ်ဆိုရင်လည်း အဲဒီ စက်တွေမှာ dropbox on တာနဲ့ sync လုပ်သွားပြီလေ။
ရန်ကုန်မှာတုန်းက ပြဿနာက Ubuntu နဲ့ Windows အတွက် file sharing လုပ်ရတာ windows မပိတ်ခင် stick နဲ့ ကူး။ ပြီးရင် Ubuntu ပြောင်း။ ဒါပေမယ့် C: ကဟာတွေကို Ubuntu access ရတဲ့ D: ကို ရွေ့ပြီးတော့ access လုပ်ရတာပေါ့။ အဲ.. Mac book ဝယ်ဝယ်ချင်းမှာ ပြဿနာ တစ်ခု ထပ်ရှိသေးတယ်။ စက်တစ်လုံးထဲမှာ OS 3 ခု။ Windows နဲ့ Ubuntu က Parallel နဲ့ run တာ။ အဲဒီအတွက် file sharing က တော်တော် ဆိုးတာဗျ။ နောက်တော့ Dropbox သုံးတော့ အဆင်ပြေသွားရော။ Windows, Ubuntu , Mac ၃ ခုလုံးမှာ Dropbox တင်ထားလိုက်တယ်။ အေးဆေးပဲ။ အချို့ file တွေကို iPhone, iPodTouch, iPad, Android တွေကနေ Internet ရှိရင် လှမ်းပြီး access လုပ်လို့ရသေးတယ်။ Dropbox ကို ကိုယ့် စက်မရှိလည်း website ကနေ လှမ်းပြီး လိုတာတွေကို download ဆွဲလို့ရသေးတယ်။
ကျွန်တော့် အကြိုက်ဆုံး feature က Public folder ထဲထည့်လိုက်ရင် right click > Dropbox > copy public link လုပ်ပြီး တစ်ခါတည်း link ကို ရယူလို့ရတယ်။ Direct Link ထွက်တော့ အခြား file host တွေထက် ပိုသဘောကျတယ်။
အခုလက်ရှိတော့ သီချင်းတွေကို Facebook မှာ တင်ချင်ရင် အဲနည်းလေး သုံးတယ်။ အရင်က ကိုယ့် server မှာ တင်ရင် upload တင်ဖို့ ftp ဝင်။ ပြီးရင် link ကို ကိုယ့်ဘာသာ ကိုယ် ရိုက်နေတာနဲ့ တော်တော်အလုပ်ရှုပ်တယ်။ နောက်တချက်က Image တွေ share တာပဲ။ MZ Edu မှာ ပုံတွေထည့်ဖို့ Dropbox က public folder ထဲမှာ ထည့်ပြီး ပုံတွေ public link ကနေ ပုံတွေ ထည့်ပြီး သုံးနေတယ်။ သူက free ရပါတယ်။
လူတစ်ယောက်ကို 8 GB ထိ free ရနိုင်တယ်။ 2GB က စပြီး free ပေးတာ။ သူ ပြောထားတဲ့ အဆင့်လေးတွေပြီးရင် 250 MB free ထပ်ရတယ်။ သူငယ်ချင်းတွေကို invite လုပ်လိုက်ပြီး အဲဒီ referrals link ကနေ တဆင့် register လုပ်ပြီးတဲ့အခါ သူခိုင်းတဲ့ အဆင့်ပြီးရင် ထုံးစံအတိုင်း သူ့ကို 250 MB free ပေးပါတယ်။ သူ 250 MB free ရသွားခဲ့ရင် ကိုယ်လည်း 250 MB free ရပါတယ်။ အဲလိုမျိုး invite ကနေ 8 GB ထိ ရနိုင်တယ်။ ကဲ.. register လုပ်ဖြစ်တယ်ဆိုရင်လည်း ကျွန်တော့် referrals link ကနေ register လုပ်ပေးကြဗျာ။ အခုတော့ 4 GB ထိပဲ ရသေးတယ်။ 2 GB နီးပါးလောက်တော့ Dropbox ထဲမှာရှိတယ်။
ကျွန်တော့် referrals link က
http://db.tt/c7G4wgr9
Leave a Reply