dropbox

  • Dropbox Public URL Trafic

    မနေ့ညကပဲ Message ရောက်လာတယ်။ ကြည့်ရတာ တင်ထားတဲ့ video ကြောင့်နဲ့တူတယ်။ video တွေကို clouding အနေနဲ့ သုံးလို့မရသေးဘူးပဲ။ video file တွေကို dropbox ထဲထည့်ပြီး HTML5 နဲ့ ပေါင်းသုံးလိုက်တဲ့အခါမှာတော့ public folder က suspend ဖြစ်သွားပါလေရော။

  • ကျွန်တော် Dropbox နဲ့ ပတ်သက်ပြီးတော့ ပြောခဲ့ပြီးပါပြီ။ Dropbox ကို အခုတလော ကျွန်တော် အပါအဝင် တော်တော်များများ သုံးလာကြတာကို တွေ့ရတယ်။ နောက်ပြီး Dropbox public folder ထဲမှာ ထည့်ပြီး public link က direct download link က mediafire တို့4shared တို့ထက် download ချရတာ မြန်ပါတယ်။ နောက်ပြီးတော့ bandwidth limit မရှိတဲ့အတွက် တော်တော် အဆင်ပြေတယ်။ bandwidth limit ရှိနေရင် ကျွန်တော်တို့ share ချင်သလောက် share လို့မရပဲ ဖြစ်နေမှာပေါ့။

  • Dropbox သုံးရင် ပြဿနာ တစ်ခု ကြုံရတတ်တယ်ဗျ။ ဥပမာ။။ ကျွန်တော်က project ကို htdocs အောက်မှာ ရေးရတယ်ဗျာ။ အဲဒီအတွက် sync လုပ်ဖို့ အမြဲ copy paste လုပ်မနေချင်ဘူးဗျာ။ ဒါနဲ့ ဒီနေ့ရှာကြည့်လိုက်တော့ dropbox website မှာ ရေးထားတာ တွေ့လိုက်ရတယ်။ Mac OSX နဲ့ Linux တွေဆိုရင် [lang name=”shell”]ln -s /path/to/folder/name_desired_folder/ ~/Dropbox/desired-folder[/lang] အဲလိုလေး terminal မှာ ရေးလိုက်ရင် ရပါတယ်။ ရမရကို terminal ကနေ cd နဲ့ သွားပြီး ls နဲ့ ကြည့်လိုက်ရင် ရပါလိမ့်မယ်။ ls နဲ့ ကြည့်လို့ရရင် setting မှန်ပြီပေါ့။ ကျွန်တော် symlink နဲ့ လုပ်လို့ရတာတော့ သိတာ…

  • ဒီနေ့ Dropbox မှာ 10.25 GB ရသွားပါပြီ။ Refer link ကနေ 8GB ထိ ရနိုင်ပါတယ်။ ပုံမှန် 2GB ပေးတယ်။ သူ့ task တွေလုပ်တဲ့အတွက် 250 GB ရတယ်။ ဒါကြောင့် 8 GB + 2 GB + 250 MB =10.25 GB ပြည့်သွားပါပြီ။ ကျွန်တော့် refer link နဲ့ register လုပ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါနဲ့ Blog က social network တွေ ထက် ပိုအစွမ်းထက်သလိုပဲ။ ကျွန်တော် အရင်တုန်းက Faebook , twitter တို့မှာ refer link share တာ တော်တော်လေးကြာမှ 4 GB ဖြစ်တာ။…

  • မနေ့က Dropbox ကို ကျွန်တော့် refer နဲ့ register လုပ်ကြတာ ၂၁ ယောက်တောင်ရှိပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။ ပထမ 4G ပဲရှိတာကနေ အခုတော့ 9.25 GB ထိ ဖြစ်သွားပြီ။ ၁ ရက်တည်းနဲ့ 5 GB ရသွားတယ်။ သူက လူတစ်ယောက်ကို 8 GB ထိပဲ ရခွင့်ပြောထားပေမယ့် ဘာလို့ ကျွန်တော် 9.25 ထိ တောက်လျှောက် တက်နေတာလဲမသိဘူး။ ကြည့်ရတာ 8GB အထက် ရတယ်နဲ့တူတယ်။ အကုန်လုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ လာဖတ်တဲ့သူတွေကော Dropbox register လုပ်ပေးတဲ့သူတွေကော အကုန်လုံးကို ကျေးဇူးတင်ပါတယ်။

  • Dropbox

    Dropbox အကြောင်းရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး ဖြစ်နေတယ်။ Dropbox ကို ကျွန်တော်တော့ တော်တော်သဘောကျပါတယ်။ Cloud ဆိုတဲ့ အဓိပ္ပာယ်ကို Dropbox က ကောင်းကောင်းပုံဖော်ပေးနိုင်တယ်။ မြန်မာနိုင်ငံမှာကတော့ လူသုံးနည်းမယ်ထင်တယ်။ အင်တာနက် connection အမြဲရှိတယ် သို့မဟုတ် အင်တာနက် ကောင်းတယ်ဆိုရင် သုံးသင့်တဲ့ Software လေး တစ်ခုပါပဲ။ Dropbox က computer တစ်ခုကနေ တစ်ခု file တွေ stick တွေနဲ့ သယ်နေစရာမလိုပဲ sync လုပ်ပေးနိုင်တယ်။