အခုမှပဲ သေသေချာချာ လက်တွေ့မှပဲ သိတော့တယ်… တော်တော်ကောင်းတာပဲဗျ… E-Learning ဆိုတာကို ဆရာတွေရှေ့မှာ တင်ရတာထက် ပိုလွတ်လပ်တယ်… ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာတယ်ဗျ… ကျွန်တော်တို့ မြန်မာနိုင်ငံက E-Learning က TV မှာလာ ထိုင်ကြည့်.. လုံးဝကို interactive မဖြစ်ဘူး… အခု internet ပေါ်ကနေ စာသင်ရတာ တော်တော်လေးကို သဘောကျသွားတယ်… ဆရာကိုယ့်နားမှာမရှိမှာလည်း မပူရတော့ဘူး..

ကျွန်တော်အခု သိသွားတဲ့ E-Learning ဆိုတာကတော့ ဆရာက နိုင်ငံတစ်နိုင်ငံ… တပည့်က နိုင်ငံတစ်နိုင်ငံ… ဒါပေမယ့် online ပေါ်ကနေ စာသင်နိုင်တယ်…

ဘယ်လို သင်မှာလဲ…

Meeting လုပ်လို့ရတဲ့ software ဖြစ်ဖြစ် …. အထူးသဖြင့် desktop sharing လုပ်လို့ရမယ်… chat လို့ရမယ်… နောက်ပြီး voice ပြောလို့ရမယ်…. အဲဒါတွေရှိရင် လုံလောက်တယ်… အရေးကြီးဆုံးကတော့ IP V6 ဆိုရင် ပိုကောင်းမယ်.. နောက်ပြီး Internet Connection ကောင်းရမယ်..

ဘယ်လို သင်တာလဲ…

ဆရာက ပါးစပ်နဲ့ ပြောတယ်… နောက်ပြီး ပြချင်တာက desktop sharing လုပ်ပြီး ကျောင်းသား မျက်စိထဲ မြင်သွားအောင် ပြတယ်… နောက်ပြီး ဘယ် site မှာသွားကြည့်ဆိုတာကို link တွေကို ပေးတယ်… အထူးသဖြင့် youtube မှာတင်ထားတဲ့ tutorial တွေ… learning တွေရဲ့ link တွေပေးလိုက်တယ်… အဲဒါ့အပြင် လုပ်ထားပြီးတား document တွေရှိတဲ့ သက်ဆိုင်ရာ wiki တွေကို ညွှန်လိုက်တယ်… ကိုယ့်ဘာသာကိုယ်ဖတ်ကြည့်ပဲ… လုပ်လို့မရရင် discuss လုပ်ပေါ့.. ကိုယ်တိုင်စာဖတ်.. ကိုယ်တိုင်လုပ်.. ကိုယ်တိုင်လေ့လာပေါ့… ဒါမှလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမယ်လေ… သင်တဲ့လူကတော့ example ကို desktop sharing လုပ်ပြီး ပြတယ်.. ပြောတယ်… ပြီးရင် link တွေပေးတယ်.. ကိုယ့်ဘာသာကိုယ်ဆက်လေ့လာပေါ့..

ဘာပိုထူးလဲ….

ဆရာရှိမှ ဖြစ်မယ်ဆိုတာ မဟုတ်တော့ဘူး… ကိုယ်တိုင် လေ့လာလို့ရတယ်.. ဒီမှာတွေရှိတယ်ဆိုတာ သိသွားပြီ… မရရင်လည်း အရင် အဲဒီနေရာတွေမှာ ရှာတယ်… ပြီးရင်စမ်းတယ်.. မရမှ မေးတယ်.. အဲဒီအတွက် ဆရာတွေကလည်း လိုအပ်မှပဲ ဖြေပေးရုံပဲ.. ကိုယ့်ကိုယ်လည်း အားကိုးတတ်လာတယ်… နိုင်ငံအဝေးကြီးလည်း သွားစရာမလိုတော့ဘူးပေါ့

မြန်မာနိုင်ငံမှာတော့ အင်တာနက် လွန်စွာ နှေးကွေးနေခြင်းကလည်း ပြသနာတစ်ရပ်ပါပဲ… အင်တာနက်တာ ကောင်းရင် ကျွန်တော် လုပ်ချင်တာလေးတွေရှိတယ်… MZ forum မှာ video tutorial တွေ… doc link တွေ… တနည်းပြောရင် video sharing တွေ file sharing တွေကို ပညာတွေ ဖလှယ်ဖို့အတွက် သုံးချင်တယ်… ခက်တာက ရန်ကုန်မှာက youtube ဆိုဘန်း metacafe ဆို ဖွင့်မပေး… ဟိုကျော်ဒီကျော်နဲ့…. connection က မကောင်းတဲ့ကြားက ကျော်နေရသေးတော့ ဘယ်လိုလုပ် video sharing တွေရနိုင်မှာလဲဗျာ… desktop sharing ဆို အဝေးကြီးမှ အဝေးကြီးပါလားနော်……

Written in AIT,Bangkok

5 responses to “E-Learning”

  1. […] ကျွန်တော် အရင်က post မှာပြောခဲ့တဲ့အတိုင်း […]

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading