Facebook Connect

Facebook connect ကိုတော့ လူတိုင်း သိကြမှာပါ။ facebook connect က ကိုယ့် site ကို user တွေ register လုပ်စရာမလိုပဲ user information ရနိုင်တဲ့ နည်းပါ။ register လုပ်တယ်ဆိုတာကလည်း user information နဲ့ password အတွက် register လုပ်ရတာပဲ။ လူတော်တော်များများက register လုပ်ဖို့ ပျင်းကြပါတယ်။ ကျွန်တော် အပါအဝင်ပေါ့။ အဲလို အခါတွေမှာ facebook connect လေးနဲ့ site ကို login ဝင်လို့ရရင် အရမ်းကို အဆင်ပြေပါတယ်။ ထပ်ပြီး register လုပ်စရာ မလိုပဲ site ကို အသုံးပြုလို့ရတယ်။ အခုအချိန်မှာ site တော်တော်များများက facebook connect ကို အသုံးပြုနေကြပြီ။ ကျွန်တော်လည်း ornagai မှာ ထည့်မှာပါ။
Facebook Connect ဆိုတာ

Facebook connect ဆိုတာကတော့ facebook platform ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပြီး facebook api , fbml , fql တွေကို အသုံးပြုနိုင်ပါတယ်။ facebook connect ကနေ username, profile picture, sex, birthday date, current location စတာတွေကို ရရှိနိုင်တဲ့အတွက် user တွေအနေနဲ့ နောက်တစ်ခါ ထပ်ဖြည့်စရာ မလိုတော့ပဲ site အနေနဲ့လည်း user information ကို ရရှိနိုင်ပါတယ်။ user email ကိုတော့ ရမယူနိုင်ပါဘူး။ နောက်ပြီး friend list , status message ရယူခြင်း , status message ပို့ခြင်း အပြင် အခြား အရာများစွာလည်း ရရှိနိုင်ပါတယ်။

အစောပိုင်း

facebook connect ခေတ်မစားခင်တုန်းက google , yahoo, microsoft တို့က open ID ဆိုပြီး လုပ်ခဲ့သေးတယ်။ ဒါပေမယ့် မအောင်မြင်သလို လူသုံးလည်း နည်းတယ်။ ထည့်သွင်းတဲ့ site လည်း နည်းပါးပါတယ်။ facebook မှာ လူ သန်းချီပြီး ရှိလာတာနှင့် အမျှ facebook connect ဟာ တရှိန်ထိုး အောင်မြင်လာခဲ့ပါတယ်။ အခုအချိန်မှာ facebook connect သာ ကိုယ့် site ထဲမှာ မရှိရင် ကိုယ့် site က နောက်ကျ ကျန်ခဲ့ရမလိုတောင် ဖြစ်နေပြီ။ user တွေအနေနဲ့လည်း register ထပ်လုပ်စရာမလိုတော့ ကိုယ့် site ကို လွယ်လွယ်ကူကူ ဝင်နိုင်တယ်။ security ပိုင်းကလည်း စိတ်ချသင့်သလောက် စိတ်ချရတဲ့အတွက် site တွေကလည်း လွယ်လွယ်ကူကူ ထည့်သွင်းနိုင်တယ်။ Facebook Platform ဟာ တော်တော်လေးကို ကောင်းမွန်ပြီးတော့ developer wiki မှာ documentation အပြည့်အစုံရှိပါတယ်။ ဒါကြောင့် လွယ်လွယ်ကူကူ လေ့လာနိုင်တယ်။ လွယ်လွယ်ကူကူ ထည့်သွင်းနိုင်တယ်။

ဘာတွေနဲ့ သုံးနိုင်လဲ။

facebook connect အတွက် XFBML tags, Javascript , PHP API , REST API တွေ ရယူသုံးစွဲနိုင်ပါတယ်။ Javascript library ကြောင့် ဘယ် site မဆို သုံးနိုင်တယ်။ HTML မှာတောင် အသုံးပြုနိုင်ပါတယ်။ REST API ကြောင့် ဘယ် programming နဲ့မဆို အသုံးပြုနိုင်ပါတယ်။ PHP API ကြောင့် PHP နဲ့ လွယ်လင့်တကူ သုံးစွဲနိုင်ပါတယ်။ လူအများစု အသုံးပြုကြတာကတော့ user data retrieve အတွက်ပဲ အသုံးပြုကြပါတယ်။ အဲဒါတွေအပြင် friend list တွေ ရနိုင်တယ်။ ကိုယ့် status message တွေ ရယူနိုင်တယ်။ နောက်ပြီး status message တွေကို update site ကနေ update လုပ်ယူနိုင်ပါတယ်။ တခြား အရာတွေ အများကြီးလည်း လုပ်ယူနိုင်ပါတယ်။ သူ ပေးထားတဲ့ API တွေကလည်း အများကြီးပါပဲ။

Facebook Connect ဘယ်လိုလုပ်မလဲ။

အရင်ဆုံး api key ရရှိအောင် register လုပ်ဖို့ လိုအပ်ပါတယ်။

http://developers.facebook.com/connect.php

မှာ Web , Mobile , iPhone ဘယ်အတွက် လုပ်မလဲဆိုတာကို ရွေးပြီး စတင်နိုင်ပါတယ်။ Web အတွက် start building လုပ်လိုက်တာနဲ့ အဆင့်ဆင့် လုပ်ဆောင်သွားရင် နောက်ဆုံး API နဲ့ secret key ရပါလိမ့်မယ်။ ကိုယ်လုပ်ထားတဲ့ API key တွေ ပြန်ကြည့်ချင်ရင်တော့

http://www.facebook.com/developers/apps.php

မှာ သွားပြီး ကိုယ့် App ရဲ့ API key ကို ကြည့်နိုင်ပါတယ်။ Developer Wiki မှာ facebook connect နဲ့ ပတ်သက်ပြီး ဘယ်လိုရေးရမလဲဆိုတာကို လေ့လာနိုင်ပါတယ်။

PHP အတွက် ဘယ်လိုရေးမလဲ။

http://svn.facebook.com/svnroot/platform/clients/packages/facebook-platform.tar.gz

ကို အရင်ဆုံး download ချလိုက်ပါ။ ဖြည်လိုက်ရင် php ဆိုတဲ့ folder တွေ့ရပါလိမ့်မယ်။ အဲဒါက facebook library ပါပဲ။ ဘယ်လို အသုံးပြုရမလဲဆိုတာကို အောက်က php code ကို download ချလိုက်ရင် တွေ့မှာပါ။ အဲဒီ code က PHP ဆိုတဲ့ folder ကို facebook လို့ပြင်ထားပါတယ်။

Facebook Connect with PHP Sample Code

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.