Glob

အရင်က image တွေကို folder တစ်ခုအောက်မှာထားပြီး အကုန်လုံး ဘယ်လို ဆွဲခေါ်ထုတ်ရမှန်းမသိဖြစ်ဖူးတယ်။ နောက်ပြီးတော့ library folder ထဲက php တွေကို ဆွဲထုတ်တာလည်း မသိဘူးဖြစ်နေတယ်။ အခုမှ သိတယ်။ glob ဆိုတဲ့ function ကို ခေါ်လိုက်ရင် တော်တော်လွယ်တာပဲ။

<?php
foreach (glob("*.txt") as $filename) {
echo "$filename size " . filesize($filename) . "\n";
}
?>

အရင်က မသိခဲ့လိုက်လို့ ၂ ကြောင်းလောက်နဲ့ ပြီးမှဟာကို ရှည်ရှည် ဝေးဝေးတွေ ရေးလိုက်ရသေးတယ်။ Image Gallery လိုမျိုး site တွေ , php file တွေကို include နဲ့ လှမ်းခေါ်ရတာများမယ့်ဟာတွေကို glob သုံးလိုက်ရင် တော်တော်အဆင်ပြေတာပဲ။ နောက်ဆိုရင်တော့ ရေးရတာ နည်းနည်းသက်သာပြီပေါ့။

PHP က function တွေ အများကြီးရှိတော့ အကုန်လုံးကို သိရင်တောင် ဘယ်မှာ ဘယ်လိုသုံးရမလဲဆိုတာသိချင်မှ သိမယ်။ ဥပမာ။။ array_shift ဆိုတဲ့ function ကို ဘယ်မှာ သုံးရမှန်းမသိပေမယ့် address segment ဖြတ်တဲ့ နေရာမှာတော့ တော်တော်အသုံးဝင်တယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.