Heroku က Lead developer , Mattt Thompson က helios ဆိုတာကို ထပ်ပြီး မိတ်ဆက်လိုက်ပြန်ပါပြီ။ Mattt Thompson က open source app နဲ့ library တော်တော်များများက ဖန်တီးရေးသားထားပါတယ်။ ဥပမာ။ AFNetworking , PostgresApp တို့ စတာပေါ့။
helios ကတော့ extensible open-source mobile backend framework လို့ ဆိုပါတယ်။ မျက်စိထဲမြင်အောင် ပြောရရင် Parse opensource လို့ ဆိုရမှာပဲ။ သူ့မှာ ပါတဲ့ feature တွေကတော့
Data Synchronization
Data တွေကို online ကနေ read လို့ရမယ် write လို့ရမယ်။ နောက်ပြီး Core Data model ကို auto generate လုပ်ပေးထားတယ်လို့ဆိုပါတယ်။
Push Notification
Parse မှာလိုပဲ Push Notification service ပါလာတယ်။ manual push စတာတွေကို လုပ်လို့ရလာတယ်။
In-App Purchases
Server side ဘက်ကနေ in app purchases တွေကို verified လုပ်လို့ရတယ်လို့ ဆိုတယ်။ အဲဒါလေးကတော့ စိတ်ဝင်စားဖို့ကောင်းတယ်။
Passbook
passbook ရဲ့ pass registration, updating, နဲ့ notifications စတာတွေ ပါဝင်တဲ့ web service feature လည်းပါတယ်ဆိုထားပါတယ်။
ဖတ်ကြည့်လိုက်တာကတော့ တော်တော်လေးကို မိုက်ပါတယ်။
ဒါနဲ့ မနေ့ညက စမ်းကြည့်တယ်။ Server run လိုက်တာထိ ရတယ်။ သို့ပေမယ့် ရှေ့ဘယ်လို ဆက်ရမှန်း မသိတော့ဘူး ဖြစ်သွားတယ်။ ဒီအပတ် အားတဲ့ အခါမှ ထပ်ပြီး စမ်းကြည့်ပါအုံးမယ်။
Leave a Reply