HTML5-Myanmar iOS App

HTML5-Myanmar iOS app ကို App store ပေါ်မှာ download ချလို့ရပါပြီ။ မြန်မာလို ရေးသားထားတဲ့ HTML 5 စာအုပ်ပါ။ စာအုပ်ကို ၁ နှစ်ကျော်လောက် ရေးသားခဲ့ပြီးတော့ Online version အနေနဲ့ http://books.saturngod.net/HTML5/ မှာ ဖတ်နိုင်ပါတယ်။

Why App ?

Epub သို့မဟုတ် iBooks version အနေနဲ့ မထုတ်ပဲနဲ့ ဘာကြောင့် app အနေနဲ့ ထုတ်လဲ ဆိုတော့ စာအုပ် စရေးကာစက ebook အနေဲ့ ရောင်းဖို့ ရေးဖြစ်ခဲ့တာပါ။ Online မှာ Free ပေးဖတ်ပြီးတော့ Offline အနေနဲ့ ebook ရောင်းမယ်ဆိုပြီး ရေးဖြစ်ခဲ့တယ်။

စာအုပ်ရေးပြီးဖို့ ၁ နှစ်လောက် အချိန်ပေးလိုက်ရတယ်။ ကြားထဲမှာ မအားတာနဲ့ မရေးဖြစ်တာနဲ့ တော်တော်လေး ပြတ်သွားတာ ပါလိမ့်မယ်။ နောက်ပိုင်း Gitbook ကြောင့် စာအုပ်ရေးရတာ တော်တော်မြန်ပြီး အဆင်ပြေသွားတယ်လို့ ဆိုရမယ်။

ကျွန်တော့် အနေနဲ့ စာအုပ်ထုတ် ebook ဖတ်ရတာ အားသာပါတယ် ။ kobo ကနေ ebook တွေ ဝယ်ဖတ်ဖြစ်တယ်။ စာအုပ်က သယ်ရတာ အဆင်မပြေပေမယ့် ebook ကနေ tablet နဲ့ သယ်သွားလို့ရတယ်။ ဒါကြောင့် ebook ထုတ်မယ်လို့ ပဲ ဆုံးဖြတ်ခဲ့တာ။ စာအုပ်ရေးပြီးသွားတဲ့ အခါမှာ ebook ထက် app ကို ဖန်တီးဖို့ အကြံရသွားတယ်။

App ကို free ပေးပြီး လူတိုင်း လွယ်လင့် တကူ ဖတ်လို့ရတယ်။ ကျွန်တော်လည်း admob ကနေ ဝင်ငွေရမယ်။ သို့ပေမယ့် စာအုပ်ဖြစ်တဲ့ အတွက်ကြောင့် နေရာတိုင်းမှာ ကြော်ငြာမထည့်ချင်ဘူး။ ဒါကြောင့် app ဖွင့်ဖွင့်ခြင်းမှာ screen အပြည့် တစ်ခါ တက်လာတယ်။ ဒါပဲ ထည့်ထားတယ်။

စာအုပ်ဖတ်တဲ့ သူလည်း စစ တက်ခြင်း ကြော်ငြာကို နှိပ်တာ ဖြစ်ဖြစ် ပိတ်တာ ဖြစ်ဖြစ် လုပ်ပြီးရင်တော့ စာကို အေးအေးဆေးဆေး ဖတ်လို့ရပြီ။ ကျွန်တော့် အနေနဲ့လည်း ကြော်ငြာကနေ ဝင်ငွေရနိုင်သလို စာဖတ်သူကိုလည်း အနှောက်အယှက် မဖြစ်နိုင်အောင် ဖန်တီးပေးထားပါတယ်။ Admob က ကြော်ငြာက အများကြီး မရတဲ့ Apps အများကြီး ဖန်တီးပြီး နည်းနည်းလေးတွေကနေ စုပြီး ၁ လကို admob က လွှဲဖို့ amount ရအောင် လုပ်ရတယ်။ အဲဒီ amount ကို မရောက်ရင် နောက်လမှ ပေါင်းပြီး လွှဲပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်း Free နဲ့ Admob ကို တွဲပြီး သုံးဖြစ်တယ်။

နောက်ပြီးတော့ HTML5 စာအုပ်ကနေ ဝင်ငွေ ရလာခဲ့ရင် နောက်စာအုပ်တွေ ကျွန်တော့် အတွက် ရေးဖို့ တွန်းအားဖြစ်လာမယ်လို့ ထင်ပါတယ်။ ကြော်ငြာထည့်ထားပေမယ့် HTML5 စာအုပ်ဟာ စာဖတ်သူကို အနှောက်အယှက် မဖြစ်လောက်ဘူးလို့ ထင်ပါတယ်။

App ဖန်တီးခြင်း

App ကို ရေးတော့ ဘာ ပြဿနာ သွားတွေ့လည်း ဆိုတော့ page တွေ အကုန်လုံးကို ထည့်လိုက်ရင် memory ပိုင်းကို သေချာ ကိုင်တွယ်ဖို့လိုလာတယ်။ iBooks မှာ အသုံးပြုထားတာ တော်တော်ကောင်းတယ်။ အစက iBooks လိုမျိုး page အားလုံးကို အသုံးပြုဖို့ စဉ်းစားပေမယ့် အဆင်မပြေသာကြောင့် kobo ပုံစံ paging ကို ပဲ ပြောင်းသုံးထားတယ်။ အခန်းလိုက် စာမျက်နှာ ပြောင်းခွင့်ပေးထားတယ်။ ထိပ်ပိုင်းမှာ လက်ရှိ စာအုပ်ရဲ့ ဘယ်နေရာရောက်နေလဲဆိုတဲ့ progress bar လေးပါပါတယ်။

iBooks လိုမျိုး စာမျက်နှာ အတွက် apple ရဲ့ iOS SDK က UIPageViewController ကို အသုံးပြုထားတယ်။ ဒါကြောင့် iBooks မှာ ဖတ်သလို ဖတ်လို့ရပါတယ်။ Design ကိုတော့ အရိုးအရှင်းဆုံးဖြစ်အောင် ဖန်တီးထားပြီးတော့ iOS 7 ကိုပဲ support လုပ်ထားပါတယ်။

ညဘက်တွေမှာ ဖတ်ရင် အဆင်ပြေအောင် Dark mode ပါထည့်ထားပေးတယ်။ အခုမှ ပြန်ကြည့်အောင် အရမ်းကို Dark ဖြစ်နေတယ်လို့ ခံစားရတယ်။ နောက်ထပ် version အသစ် ထုတ်တဲ့ အခါမှသာ Dark Mode ကို သေချာ ပြန်ပြင်ဖို့ စီစဉ်ထားပါတယ်။

Questions and Anwsers

စာအုပ်ထဲမှာ နားမလည်တာတွေ မရှင်းတာတွေ ရှိရင် www.mysteryzillion.org မှာ အချိန်မရွေး မေးနိုင်ပါတယ်။

7 responses to “HTML5-Myanmar iOS App”

  1. ဘယ်လိုပဲဖြစ်ဖြစ်အခုလိုရေးသားပြုစုပြီappထုတ်ပေးတဲ့အတွက်ကျေးဇူးပါအကို

  2. How about Android Version bro?

  3. Where can we download the standalone ebook ? or any repo ?

    1. Nope… no plan for standalone ebook for now :D

  4. bro, your book are great :)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.