iOS 6/7 Deltas

မနေ့ညက စာ App ကို ပြင်ရင်း iOS 6 အတွက်ကော 7 အတွက်ကော လုပ်ဖို့က ပြဿနာ ဖြစ်နေတယ်။ အဓိက ပြဿနာက status bar ပဲ။ iOS 7 tool bar အပေါ်မှာ status bar ရှိနေပြီးတော့ 6 မှာတော့ မရှိနေဘူး။ 6 နဲ့ 7 အပြောင်းအလဲမှာ Design ပြဿနာတွေ ဖြစ်ကုန်တယ်

ဥပမာ။

အထက်က ပုံက iOS 7 မှာ toolbar ပေါ်မယ့် ပုံပါ။

အဲဒါကို iOS 6 view နဲ့ ပြောင်းကြည့်လိုက်ရင် အောက်ကလို ဖြစ်သွားတယ်။

 

ဒါနဲ့ iOS 6 မှာ အဆင်ပြေအောင် ဒီလို ထပ်ရွှေ့လိုက်တော့ iOS 7 မှာ နေရာလွှဲသွားပြန်ကော။

 

 

6 န့ 7 က y position က 20 px လောက် ကွာနေတယ်။ Stackover flow မှာ အခြားတစ်ယောက် ဖြေထားတာက Deltas ကို အသုံးပြုဖို့ပြောထားတယ်။

Deltas က အသုံးပြုရလွယ်ပါတယ်။

ကျွန်တော် က iOS 7 ကနေ iOS 6 ပြောင်းတဲ့ အခါမှာ toolbar ကို 20 px ထပ်တိုးစေချင်တယ်။ ဒါကြောင့် toolbar ကို select လုပ်ပြီးတော့ Size Inspector  ကို သွားလိုက်တယ်။ ပြီးတော့ y deltas ကို ပြင်လိုက်တယ်။

 

အဲဒါဆိုရင် 7 ကနေ 6 ကို ပြောင်းတဲ့ အခါမှာ လက်ရှိ select လုပ်ထားတဲ့ toolbar position ကို 20 ထပ်ပေါင်းလို့ ဆိုလိုက်တာပါ။ ဒါဆိုရင် status bar ပြဿနာ လွယ်လင့် တကူ ရှင်းလို့ရပါပြီ။

တစ်ခါတစ်ရံ 6 ကနေ 7 ကို သွားတဲ့ အခါမှာ 6 position ပြောင်းချင်ရင် File Inspector  အောက်မှာ

 

လို့ အရင်ပြောင်း။ ပြီးရင် ကိုယ်ရွှေ့ချင်တဲ့ control ကို select လုပ်ပြီး Deltas value ပြောင်း။ ပြီးရင် View As iOS 7 နဲ့ ပြန်ကြည့်ပြီး ချိန်ညှိလို့ရပါတယ်။

 

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading