အရင် တစ်ခါတုန်းက ရေးဖူးတဲ့ EasyDoc ကို ဗလာ ဆိုပြီး နာမည်ပြောင်းလိုက်တယ်။ Markdown document  generator ပါပဲ။ <div id="content"> နဲ့ </div> ကြားထဲမှာ ရေးထားတဲ့ markdown တွေကို HTML ပြောင်းပြီး ဖော်ပြပေးသလို header တွေကိုလည်း TOC ခွဲထုတ်ပေးပါတယ်။

ဗလာ မှာ EasyDoc ကို ထပ်ပြင်ထားတာကတော့ mobile အတွက်ပါ။ mobile တွေမှာ ကြည့်ရင် toc ကို လွယ်လင့် တကူသွားလို့ ရအောင် ပြန်ပြင်ထားတယ်။ UI ကို EasyDoc ကနေ နည်းနည်း ထပ်ပြင်ထားပါတယ်။

လက်ရှိ API JSON response document တွေကိုလည်း ဗလာ ကို အသုံးပြုပြီးပဲ ရေးဖြစ်နေတယ်။ Markdown ဖြစ်တဲ့အတွက် ရေးရတာ လွယ်သလို မြန်လည်း မြန်တယ်။ ဗလာ က document generate လုပ်ပေးတဲ့အတွက် ပြန်ဖတ်ရတာလည်း တော်တော်လေးကို အဆင်ပြေပါတယ်။

Code ကိုတော့ github မှာ ရနိုင်ပါတယ်။ HTML , CSS , Javascript + jQuery ကိုပဲ အသုံးပြုထားတဲ့ အတွက် server တွေ မလိုပါဘူး။ PDF အနေနဲ့ print ထုတ်တဲ့အခါမှာ မလိုတဲ့ TOC ကို ဖျောက်ထားပေးပြီး ဖတ်ရသူ အဆင်ပြေအောင် ဖန်တီးထားပေးပါတယ်။

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading