iOS 7.1 ကို update လုပ်ပြီး နောက်ပိုင်း Zawgyi profile ထည့်ထားပေမယ့် မမြင်ရတော့ဘူး။
အခုအချိန်ထိတော့ fixed ရှာမတွေ့သေးဘူး။ ဖြစ်နိုင်တာကတော့ Apple ရဲ့ bugs ဖြစ်နိုင်သလို ပိတ်လိုက်တာလည်း ဖြစ်နိုင်တယ်။
ခဏတာ အဆင်ပြေမယ့် နည်းလမ်းတော့ ရှိပါတယ်။
၁။ Multi Task မှာ Run နေတဲ့ App အားလုံးကို ပိတ်လိုက်ပါ။
၂။ Setting > General > Profiles အောက်ကို သွားပြီးတော့ သွင်းထားတဲ့ font profile ကို ဖျက်လိုက်ပါ။
၃။ font ပေါ်ချင်တဲ့ application တွေကို ဖွင့်ထားပါ။ (Safari ကတော့ အရင်အတိုင်းပါပဲ မရပါ။ ယခင်အတိုင်း webview support မလုပ်ပါ)
၄။ Font profile ကို ပြန်သွင်းပါ။
၅။ Multi Task နဲ့ ဖွင့်ထားတဲ့ App ကို ပြန်သွားရင် font မြင်ရပါမယ်။
App ကို multi task ကနေ ပိတ်လိုက်ရင် ဖြစ်စေ ၊ restart ချလိုက်လျှင် ဖြစ်စေ မမြင်ရတော့ပါ။
ဇော်ဂျီ ဖြစ်ဖြစ် unicode ဖြစ်ဖြစ် မထူးခြားပါ။
Leave a Reply to iOS 8 beta 1 — first bug reports | Marc Durdin's BlogCancel reply