CodeSchool Hall Pass

codeschool က hall pass ဆိုပြီး ၂ ရက် unlimit access ပေးထားပါတယ်။ Free acount နဲ့ဆိုရင် အချို့ courses တွေနဲ့ screencasts တွေသာ ကြည့်လို့ရပေမယ့် hall pass နဲ့ ဆိုရင် အကုန်လုံးကို access လုပ်လို့ရပါမယ်။

လက်ရှိ တော့ Ember.js ကို code schoold ကနေ လေ့လာနေတယ်။ ကိုယ့်ဘာသာကိုယ် စာဖတ်တာ ထက် code school မှာ video လေး ကြည့်လိုက် ပြီးတော့ သူပေးထားတဲ့ challenge လေးကို ဖြေလိုက်နဲ့ တော်တော် အဆင်ပြေပါတယ်။ ပုံမှန် စာအုပ်ဖတ်ရင်တော့ လက်တွေ့ မလုပ်ပဲ တောက်လျှောက် ဖတ်သွားဖြစ်တယ်။ အခုမှ စာဖတ်လိုက် လက်တွေ့လုပ်လိုက်နဲ့ လုပ်ဖြစ်တယ်။

tasks

Video တွေကို download ချခွင့်ပေးထားပေမယ့် အကုန် download ချထားမယ်လို့တော့ မစဉ်းစားလိုက်ပါနဲ့။ Level 1 ကို download ချလို့ရပေမယ့် level 1 က challenge တွေ မပြီးသေးရင် level 2 ကို ဖွင့်လို့ မရပါဘူး။ ဒါကြောင့် level အားလုံးကို download ချဖို့ level အားလုံးရဲ့ challenge ကို မဖြစ်မနေ ဖြေရတယ်။

emberjs

Download ချဖို့အတွက် ဘာ tool မှ မလိုပါဘူး။ သူ HD version ကို download ချဖို့ link ပေးထားပါတယ်။

Hall Pass နဲ့ register လုပ်ပြီးသွားရင် link တစ်ခု ပေးပါတယ်။ အဲဒီ link နဲ့ share ပြီး တစ်ယောက်ယောက်က register ထပ်လုပ်ရင် reference အနေနဲ့ နောက်ထပ် ၂ ရက် ထပ်ရပါတယ်။

Course တွေကတော့ iOS , HTML, CSS , Javascript , Ruby on Rail , jQuery , Node.js, Backbone.js စတာတွေ ရှိပါတယ်။ မကြာခင်မှာ Angular.js လာမယ်လို့ ဆိုထားတယ်။

courses

တကယ်လို့ connection ကောင်းပြီး အသစ် တစ်ခုခုကို လေ့လာချင်ရင် Hall Pass ကို အသုံးပြုပြီး ၂ ရက် access လုပ်ခွင့် ရပါမယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.