Make Package DVD For Ubuntu

Ubuntu ကို ကျွန်တော့် စက်ထဲမှာ သွင်းထားတာတွေက အများကြီးပဲ။ ဒီလောက်များတဲ့ package တွေကို နောက်တစ်ခေါက်ပြန်သွင်းဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါကြောင့် backup လုပ်ထားဖို့လိုပါတယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေကို ပေးမယ်ဆိုလည်း ရတယ်လေ။ aptoncd နဲ့စမ်းသုံးသေးတယ်။ မရဘူး။ သူ့မှာက error များတယ်။ package တွေများလာရင် သူ့အလိုလို ပိတ်သွားတာများတယ်။ ဒါကြောင့် ဒီလို လုပ်ပါတယ်။ ((http://ubuntuforums.org/showthread.php?t=819396))

$ sudo apt-get install dpkg-repack fakeroot
$ mkdir ~/dpkg-repack; cd ~/dpkg-repack
$ fakeroot -u dpkg-repack `dpkg --get-selections | grep install | cut -f1`

အဲဒါဆိုရင် သင့် Home Folder အောက် dpkg-repack ဆိုပြီး Folder ပေါ်လာမယ်။ အဲဒီအထဲမှာ deb package တွေ အကုန်ရောက်လာမယ်။ ပြီးတဲ့အခါမှာတော့ ((http://www.linuxquestions.org/questions/linux-software-2/dpkg-scanpackage-302463/))

$cd ~/dpkg-repack
$dpkg-scanpackages ./ /dev/null | gzip > Packages.gz

ခဏနေရင် သင့်အနေနဲ့ dpkg-repack folder အောက်မှာ Packages.gz ဆိုတာပေါ်လာပါလိမ့်မယ်။ ပြီးရင် အဲဒီ dpkg-repack ဆိုတဲ့ folder အောက်က ဟာတွေအကုန်လုံးကို စုပြီး DVD ထုတ်လို့ရပြီလေ။ online မရှိတဲ့သူတွေလည်း ကိုယ့်မှာရှိတဲ့ software တွေ သွင်းလို့ရပြီလေ။ နောက်တစ်ခေါက် Ubuntu ကို အစပြန်သွင်းရလည်း ကိစ္စမရှိတော့ဘူးပေါ့။

တကယ်လို့ stick နဲ့ပဲ ကူးထားတယ်။ stick ထဲကနေ ပြန်သွင်းချင်ရင်တော့

$sudo gedit /etc/apt/source.list

text editor တက်လာတယ်ဆိုရင်တော့ အောက်ဆုံးမှာ

deb file:/media/****/yourpackage ./

ဆိုပြီးထည့်ရပါတယ်။ **** ဆိုတာကတော့ သင့် stick name ပေါ့။ yourpackage ဆိုတာကတော့ stick ထဲမှာ ထည့်ထားတဲ့ folder name ပေါ့။

ကိုယ့် harddisk ထဲကဆိုရင်တော့

deb file:yourpath ./

ပေါ့။ yourpath ဆိုတာက package ထည့်ထားတဲ့ path လမ်းကြောင်းလေ။ ကျွန်တော်တို့အနေနဲ့ ဒီနည်းလမ်းလေးကို အသုံးပြုပြီး ကိုယ်ပိုင် package တွေကို ကိုယ့် server မှာတင်ထားလို့ရပြီလေ။ နောက်ပြီး Ubuntu ကို ထပ်ပြီးသွင်းရမှာကို ကြောက်စရာမလိုတော့ဘူးပေါ့။

2 responses to “Make Package DVD For Ubuntu”

  1. […] ubuntu ကို backup လုပ်ချင်တယ်ဆိုရင်တော့ အရှေ့မှာ ကျွန်တော်ပြောခဲ့သလို […]

  2. WoW

    အဲ့လောက်လွယ်တာမသိခဲ့ဘူး။ လုပ်ကြည့်အုံးမယ်အစ်ကို။ ကျေးဇူး ^^

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading