When Don’t Run Apache in Firefox (Ubuntu)

ကျွန်တော် တော်တော်လေးကို မူးနောက်သွားတယ်။ firefox မှာဗျာ။ apache က run နေတယ်။ ဒါပေမယ့် offline ပဲဖြစ်နေတယ်။ အဲ.. အင်တာနက် connection ရရင်တော့ အလုပ်လုပ်တယ်။ တော်တော်လေးကို ခေါင်းစားသွားတယ်။ နောက်ပြီး connectionမရတော့ရင် localhost က အလုပ်မလုပ်တော့ဘူး။ ဒါနဲ့ googling လုပ်ရတော့တာပဲ။ တွေ့သမျှတွေ အကုန်စမ်းတယ်။ အလုပ်မလုပ်ဘူး။ ဒါနဲ့ နောက်တစ်နည်း ထပ်စဉ်းစားရတယ်။ googling လုပ်ပြီးရတဲ့ နည်းလည်းကုန်ပြီ။ ဒီတော့ firefox ကဖြစ်တာလား။ apache ကဖြစ်တာလား။ ဒါပဲ စမ်းဖို့ ကျန်တော့တယ်။ ဒါနဲ့ စက်ထဲမှာ ရှိတဲ့ opera နဲ့ http://localhost ဆိုပြီး ခေါ်လိုက်တယ်။ အဲ.. အလုပ်လုပ်ပါတယ်ဗျာ။ ဒါနဲ့ မယုံသေးဘူး။ /var/index.html ကို ပြင်လိုက်တယ်။ ပြီးမှ refresh ချလိုက်တယ်။ အဆင်ပြေတယ်ဗျာ။ သေချာပြီ firefox ကဖြစ်တာပဲ။ firefox က Network setting တွေ ပြောင်းကြည့်တယ်။ မရဘူး။ နောက်ထပ် browser တစ်ခုဖြစ်တဲ့ Epiphany နဲ့ စမ်းတယ်။ မရဘူး။ Epiphany က GNOME Network Setting နဲ့ ချိန်ထားတာဆိုတော့ localhost ကို ignore မလုပ်လို့လားပေါ့။ ဒါနဲ့ စစ်ကြည့်တယ်။ လုပ်ထားတယ်ဗျ။ မဖြစ်သေးဘူး။ opera မှာကတော့ရတယ်။ တခြား browser နှစ်ခုက မရသေးဘူးဆိုတော့ တစ်ခုခု လွဲနေတာဖြစ်မယ်။ ဒါနဲ့ Epiphany မှာ configure ရှာတာ ရှာတော့မတွေ့ဘူး။ ဒါပေမယ့် File > Work Offline ဆိုတာကို check ထားတာတွေ့ရော။ အဲဒါနဲ့ ဖြုတ်လိုက်တယ်။ ပြန်ပြီး run တော့ အိုကေသွားပါတယ်ဗျာ။ သေချာပြီ။ ဒါဆိုလည်း firefox မှာလည်း Work Offline ဖြစ်နေလို့ဖြစ်မယ်ဆိုပြီး File > Work Offline ဆိုတာလေးကို ဖြုတ်လိုက်တော့ bravo! အခုတော့ ကောင်းကောင်းလေး run လို့ရသွားပါပြီ။ အားလုံး အဆင်ပြေသွားပြီလေ။ အခုမှပဲ စမ်းစရာရှိတာတွေကို Ubuntu မှာရော Windows မှာပါ စမ်းလို့ရပြီပေါ့ဗျာ။

1 Comment

  1. B says:

    http://blog.atomicdevelopment.net/2008/10/24/prevent-your-site-from-ddos-attack/

    ပေးလို့ ရတဲ့ နေရာမှာ ပေးသွားတယ်ဗျာ.. ဘာဖစ်လဲ… ဟီးးး :P

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.