Making Rest API – Part 1

ကျွန်တော် PHP နဲ့ REST API အကြောင်းကို တစ်ခေါက်ရေးဖူးပါတယ်။ အဲဒီမှာ CodeIgniter ပြဿနာကို ရေးခဲ့ဖူးပါတယ်။ Slim Framework အကြောင်းကိုလည်း ပြောခဲ့ပါတယ်။ သို့ပေမယ့် Slim Framework ပြဿနာက ကျွန်တော်တို့ routing ပတ်လမ်းကြောင်းတွေ အများကြီး ရေးနေရမှာပဲ။ file တွေ အများကြီးကို ခေါ်ပြီးတော့ run ရမှာဖြစ်တဲ့အတွက်ကြောင့် သဘောမကျလှဘူး။

ဒါနဲ့ CodeIgniter routing နဲ့ Sinatrarb routing ပေါင်းပြီးတော့ Ava framework မှာ ထည့်သွင်းလိုက်ပါတယ်။ ကျွန်တော်တို့ Rest API တစ်ခုကို ရေးကြည့်ရအောင်။ Example အနေနဲ့ blog API တစ်ခု တည်ဆောက်ပါမယ်။ GET , POST , PUT , DELETE တွေကို ကျွန်တော်တို့ အသုံးပြုပါမယ်။

GET ကတော့ ရဖို့အတွက်ပါ။ POST ကတော့ add လုပ်တဲ့ ကိစ္စတွေမှာ သုံးပါမယ်။ PUT ကိုတော့ edit လုပ်ဖို့မှာ အသုံးပြုပါမယ်။ DELETE ကိုတော့ ဖျက်တဲ့ နေရာမှာ အသုံးပြုပါမယ်။

GET /posts

လက်ရှိ ရှိတဲ့ posts တွေ အားလုံးကို ပြပါမယ်။

POST /posts

post အသစ် တစ်ခုကို ဖြည့်ဖို့အတွက်ပါ။

POST အတွက် parameter ကတော့ title နဲ့ content ပါ။

GET /posts/:id

Post တစ်ခုတည်းအတွက်ပါ။

PUT /posts/:id

PUT ကို edit လုပ်ဖို့အတွက်။

PUT အတွက် parameter ကတော့ title နဲ့ content ပါ။

DELETE /posts/:id

POST ကို ဖျက်ဖို့အတွက်ပါ။

အခု ကျွန်တော် database အသစ်တစ်ခုမှာ အောက်ကလို table ကို အောက်ကလို ဆောက်လိုက်ပါတယ်။

အခု Ava framework ကို download ချပြီးတော့ Rest API တစ်ခု စဖန်တီးပါတော့မယ်။

2 Comments

  1. m0rRis says:

    carry on bro !
    looking forward it

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.