Meet the new language

ဘာလိုလိုနဲ့ iPhone SDK ကို လေ့လာတာ ၅ လ လောက်ရှိသွားပြီထင်တယ်။ January က စပြီး လေ့လာဖြစ်တယ်လို့ထင်ရတယ်။ ဘာလို့လည်းဆိုတော့ iPhone SDK Alert Box ဆိုတဲ့ post လေး ရေးခဲ့ဘူးလို့ပါ။ အဲတုန်းကတော့ Alert box တောင် မရေးတတ်သေးဘူး။ လုံးဝ စလုံးရေ စဆိုပါတော့။ ကျွန်တော် ၅ လ အတွင်း မှာ Objective C ကို သိရုံလေး သိလာတယ်။ တနည်းပြောရင် သူများရေးထားတာ ကူးချတတ်လာတယ်ပေါ့။  language အသစ်တစ်ခုကို ငါ ဘယ်လို လေ့လာခဲ့လဲဆိုတာကို အခုအချိန်မှာ ပြန်စဉ်းစားမိတယ်။

စတင်လေ့လာခြင်း

စတင်လေ့လာဖို့အတွက် အရင်ဆုံး လိုအပ်တာတွေ သွင်းရတယ်။ လိုအပ်တဲ့ IDE တွေ complier တွေ စတာတွေ အရင်ဆုံး သွင်းတတ်လေ့လာရတယ်။ ဥပမာ။။ PHP ဆိုရင် Xampp လောက်တော့ သွင်းတတ်အောင် အရင်လေ့လာရတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို လေ့လာရတာ တော်တော်ခက်တယ်။ internet မရှိတော့ တစ်ခုခုလုပ်ချင်ပြီဆိုရင် အရမ်း အချိန်ပေးရတယ်။ တစ်ယောက်တည်း စမ်းသွင်းလိုက်။ မရရင် Internet ဆိုင်သွားပြီး ရှာ။ အကုန်လုံး save သိမ်းပြီး အိမ်ကို stick နဲ့သယ်လာ။ ပြန်စမ်းသွင်း။ အဲလိုမျိုးတွေ ရှိခဲ့တယ်။ အခုအချိန်မှာတော့ တော်တော်လေးကို လေ့လာလို့ရနေပြီ။ မြန်မာလို Xampp သွင်းနည်းတွေ ရေးထားတာတွေလည်း တော်တော်များများ တွေ့ရတယ်။ နောက်ပြီး အခြား language တွေကိုလည်း မြန်မာလို ရေးထားတာတွေကို တွေ့လာရတာပဲ။ အရင်တိုင်းကလို လိုအပ်တဲ့ဟာတွေသွင်းဖို့ ၁ ရက် ၂ ရက်လောက် အချိန် ယူစရာမလိုပဲ ၂ နာရီလောက်နဲ့သွင်းလို့ရနေပြီ။

Resource

Language အသစ်လေ့လာတော့မယ်ဆိုရင် အရေးကြီးတာက resource ပဲ။ resource ဆိုတာတွေက

  • Ebooks
  • Books
  • Video (Youtube, iTuneU)
  • Google
  • Website
  • Forum or QA

စတာတွေ လိုအပ်တယ်။ Inernet ကတော့ မဖြစ်မနေ လိုအပ်တဲ့ အရာပဲ။ အရင်ဆုံး လိုအပ်တဲ့ resource ကတော့ စာအုပ်တွေနဲ့ Ebooks တွေပဲ။  စလုံးရေ စ အဆင့်မှာ တခြားဟာတွေထက် စာအုပ်တွေက အသင့်တော်ဆုံးပဲ။ စာအုပ်တွေထဲမှာ အခြေခံကျကျ။ လူပိန်းနားလည်အောင် ရေးထားတာတွေပါ။ Begineer Guide တို့ Dummies တို့လို စာအုပ်တွေက စလုံးရေစ အတွက် အရမ်းအဆင်ပြေတယ်။ စလုံးရေ စ အဆင့်မှာ စာအုပ်တွေ မဖတ်ပဲ နဲ့ ရှေ့ဆက်လို့ ကို မရတာ။ ဘာကို စရမယ်မှန်း မသိပဲ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ ကျွန်တော် အလှည့်တုန်းက Ornagai iPhone app ရေးချင်တာပဲ သိတယ်။ ဘယ်က စရေးမှန်းလည်း မသိ။ iPhone SDK ကို ဖွင့်လိုက်တယ်။ ဘာလုပ်ရမှန်းလဲမသိ။ ပြီးတော့ ပြန်ပိတ်လိုက်တယ်။ ဘာလုပ်ရမှန်းမှ မသိတာကတော့ ebook ကို စဖတ်တာ အကောင်းဆုံးပဲ။

တဆင့်ခြင်း တဆင့်ခြင်း ဖတ်ရင်းကနေ Youtube လိုမျိုး site ကနေ video tutorial တွေ ရတယ်။ နောက်ပြီး iTuneU က တော်တော်ကောင်းတယ်။ iPhone SDK ကို Stanford က သင်ပေးလိုက်တာဆို ပိုမှန်မယ်။ စာအုပ် ဖတ်တာ တော်တော်နဲ့နားမလည်ဘူး။ iTuneU ကနေ Stanford online course ကို download ချပြီး iPodTouch လေးနဲ့ ရုံးသွားရုံးပြန်ကြည့်ရင်း သင်ခဲ့ရတာ။ စနေ တနင်္ဂနွေမှာ ပြန်စမ်းပေါ့။ နောက်ပြီး Youtube ကနေလည်း သိချင်တာလေးတွေ ရှာပြီး သင်ခဲ့ရတယ်။ Video နဲ့ သင်တာက စာအုပ်နဲ့ သင်တာထက် ပိုထိရောက်တယ်။ Ebooks ကျပြန်တော့လည်း code တွေကို သေသေချာချာ ကြည့်လို့ရတယ်။ copy ကူးလို့ရတယ်။ Video ကတော့ မရ။ Pause လုပ်ပြီး code တွေကို ဖတ်ကြည့်ရတယ်။

Intenet ဆိုတာထက် Google ဆိုတာ ပိုမှန်မယ်။ လိုအပ်တာဟာတွေကို Google ကနေ ရှာရတာပဲ။ နည်းနည်းပါးပါး စမ်းရေးရင် error တွေ တက်ပြီဆိုရင် Google ကနေ ရှာပဲ။ အဲဒီမှာ English စာက အရေးပါတယ်။ မြန်မာလို content တွေ ဘယ်လောက်မျာများ နည်းပညာနဲ့ပတ်သက်တဲ့ content တွေ coding ဆိုင်ရာ content တွေ forum တွေ က အရမ်းရှားတယ်။ Latest Technology တွေ error message တွေက English လို blog တွေ forum တွေမှာပဲရှိတာ။ English စာ မတတ် ရင်တော့ Programming ကို လေ့လာဖို့ မကြိုးစားသင့်ဘူး။ English စာ အရမ်းကြီးကို တော်ဖို့ ပြောတာမဟုတ်ပါဘူး။ ဖတ်တတ်ရုံလောက်ဆိုရင် ရပါတယ်။ Blog တွေ forum တွေမှာက ဝတ္ထုရေးနေတာမှမဟုတ်တာ။ သာမာန် သုံးနေကျ ပြောနေကျ ပုံမှန် လေးပဲ ရေးနေ ပြောနေကြဆိုတော့ English ဝတ္ထု တစ်အုပ်လုံး ဖတ်ရတာလောက် မခက်ပါဘူး။

နောက်ပြီး အမြဲလေ့လာလို့ရမယ့် website တွေ blog တွေပေါ့။ iPhone ဆိုရင်လည်း iPhone SDK tutorial website တွေ ရှိတယ်။ အဲလို site တွေကနေ အမြဲလေ့လာလို့ရတယ်။ code တွေကို ဖတ်ကြည့်လို့ရတယ်။ အဲလို site တွေကို google reader ထဲပဲ ဖြစ်ဖြစ် bookmark လုပ်ပြီး သိမ်းထားသင့်တယ်။

Forum နဲ့ QA site တွေကိုလည်း သိထားသင့်တယ်။ နောက်ဆုံး ရှာတာလည်း မရတော့ဘူး။ ၂ ရက်လောက်လည်း ကြာနေပြီဆိုရင်တော့ သူများကို မေးကြည့်တာ အကောင်းဆုံးပဲ။ အဲလိုအတွက် သီးသန့် site တွေကို မေးဖို့လိုတယ်။ မေးရမယ့် နေရာတွေကိုလည်း သိဖို့လိုတယ်။ C# သမားတွေပဲရှိတဲ့ forum မှာ PHP အကြောင်းသွားမေးရင်တော့ အဖြေက ရမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ် မေးမယ့် နေရာကိုလည်း သေသေချာချာ သိဖို့လိုအပ်တယ်။ အဲလိုနေရာတွေက အပေါ်မှာ ပြောခဲ့သလို Google မှာ ရှာရင်း တွေ့တဲ့ site လေးတွေကို မှတ်ထားပြီး မရတော့ တဲ့အဆုံး မေးလို့ရတာပေါ့။

Playing

လေ့လာပြီဆိုရင် စာကြီးပဲဖတ်နေလို့ မရ။ Video တွေကြီးပဲ ထိုင်ကြည့်နေလို့ မဖြစ်။ အချိန်ပေးရင် စမ်းကြည့်ရတာ။ ကလိ ကြည့်ရတာ။ ဒါမှ မရရင် ကိုယ်လုပ်ချင်တာကို ရှာရင်း သိလာမှာ။ UCSY ကျောင်းတက်တုန်းကလို  ဒါတွေကြီးပဲ ကျက် ဖတ်ဆိုပြီး မရှိပါ။ ကိုယ် လုပ်ချင်တာလေးကို စမ်း။ ၁ ခု သိရင် အဲဒီ ၁ ခုနဲ့ ဘာတွေ လုပ်လို့ရလဲဆိုတာကို စမ်းရင်း ၂ ခု ၃ ခု မက သိလာပါတယ်။ နောက်ပြီး Documentation တွေကို ဖတ်တတ်ဖို့လိုတယ်။ Documentation လို့တာ ပြောတာ။ စလုံးရေ စ အဆင့်မှာ မဖတ်တတ်တာ သေချာတယ်။ iPhone SDK Reference Documentation ကို လုံးဝ ကို နားမလည်တာ။ ဘာတွေ မှန်းလဲမသိ။ အခုအချိန်မှာတော့ နားမလည်ရင် မသိရင် iPhone SDK Rerference လေးကို သွားပြီး ဖတ်ကြည့်လိုက်တာနဲ့ ရပါပြီ။ အချိန်ပေးပြီးတော့ programming language အသစ်နဲ့ရေးချင်တာတွေ လျှောက်ရေးကြည့်ဖို့တော့လိုတယ်။

အဲလို အဆင့်တွေကနေ မှ တဖြည်းဖြည်း သူများရေးထားတာတွေ ဖတ်တတ်လာမယ်။ Copy ကူးတတ်လာပါလိမ့်မယ်။ သူများရေးထားတာတောင် Copy ကူးတတ်ဖို့မလွယ်ဘူးဗျ။ Java မတတ်တဲ့သူကို ရော့ ဒါကို copy ကူးပြီး လုပ်လိုက်ဆိုရင် လုပ်တတ်မှာမဟုတ်ဘူး။ အနည်းဆုံးတော့ ဖတ်တတ် နားလည်ထားမှတာ copy ကူးတတ်မှာကို။ နောက်ပြီး ကျွန်တော်တို့တွေက အရမ်းလောတယ်။ အားမလို အားမရ တွေဖြစ်တတ်တယ်ဗျ။ ဟင် သူများတွေ ရကုန်ကြပြီ။ ငါကတော့ လေ့လာနေတာကြာပြီ။ အခုထက်ထိ မရသေးဘူး။ အဲလိုမျိုး ခပ်ကြောင်ကြောင် အတွေးအခေါ်တွေလည်း ဝင်တတ်တယ်။ သူလေ့လာနိုင်စွမ်းနဲ့ ကိုယ့်လေ့လာနိုင်စွမ်းက သူချင်မှ သူမှာကို။ သူပေးတဲ့ အချိန်နဲ့ကိုယ်ပေးတဲ့ အချိန် တူချင်မှ တူမှာကို။ သူက တနေ့က ၅ နာရီပေးပေမယ့် ကို က တနေ့ကို ၁ နာရလောက် ပဲ အချိန်ပေးနိုင်ရင် သူ့လောက် မြန်မြန် တတ်ကျွမ်းမှာမဟုတ်ဘူးလေ။ အဲဒါကိုတော့ နားလည်ဖို့လိုတယ်။

Copy ကူးတတ်တဲ့ အဆင့်ကနေမှ ကိုယ်တိုင် ဖန်တီးရေးဆွဲတတ်တဲ့ အဆင့်ကို ရောက်နိုင်မှာပါ။ အဲဒီအဆင့်ရောက်ဖို့ကတော့ တော်တော်ကြာမှာ သေချာတယ်။ ဒါကြောင့် ဖြည်းဖြည်း မှန်မှန်လေးလေ့လာတာပဲ အကောင်းဆုံးပဲ။ language အသစ်ကို လေ့လာရတာ ပျော်စရာကောင်းသလို စိတ်ညစ်စရာတွေ စိတ်ပျက်တာတွေ ကြုံရမှာပဲဗျ။ Programming Language အခြေခံတာ ပိုင်ခဲ့ရင်တော့ အခြား language ကို လေ့လာရာမှာ အဲလောက်ထိ ခက်ခဲ ရှုပ်ထွေးမှု မရှိပါဘူး။ လိုအပ်တာက အချိန် နဲ့ resource ပဲ။

13 Comments

  1. ဝေယံ says:

    ဟုတ် ကိုစေတန်ခင်ဗျာ။
    ကျွန်တော်တို့ လို သင်တန်းမတက်နိုင်တဲ့သူတွေအတွက် ကတော့
    ကိုယ်အားကိုယ်ကိုးပြီးလေ့လာရတာ ကိုပဲ အားထားနေရဆဲပဲ။
    ကိုယ်စေတန်ပြောတဲ့နည်းလမ်း တွေက seft study သမားတွေအတွက် အထောက်အကူပြုပါတယ်။
    တစ်ခုလောက်ဆွေးနွေးခွင့်ပြုပါခင်ဗျာ။
    ကျွန်တော် html မသင်ဖူးမကြားဖူးပါဘူး။ဒါပေမယ့် အစ်ကို ရေးတဲ့ မြန်မာလိုစာအုပ်ဖတ်ပြီး လေ့လာခဲ့တာပါ။အခုဆို တစ်ချို့သောကုဒ်တွေကိုတောင်ကျွန်တော်လေ့လာနေပါပြီ။
    ဒါပေမယ့် တစ်ချို့အရာတွေက seft study လုပ်ဖို့မဖြစ်နိုင်ဘူးလို့ကျွန်တော်စိတ်ဓါတ်ကျစ ပြုနေလို့ပါ။
    ဥပမာ Database ကျွန်တော်ဘယ်လောက်ဖတ်ဖတ်မရဘူး။
    အဲလို မျိုး seft study လုပ်ဖို့ ခက်ခဲတဲ့ ဘာသာရပ်တွေအတွက်ရော အကို့မှာ အကြံပေးဖို့တစ်ခုခုရှိနေလား။
    အဲလိုလေ့လာရတာတအားခက်ခဲနေရင် ဘယ်လိုလေ့လာသင့်ပါသလဲခင်ဗျာ။
    ebook တွေဖတ်ရတာနဲ့ မလုံလောက်တော့ဘူ။ဖိုရမ်တွေမှာမေးဖို့ ကျတော့ဘယ်သူမှအဲလောက်စိတ်ရှည်မယ်မထင်ဘူး။
    comment သာဆိုတယ်တော်တော်ရှည်သွားပြီ။
    html စာအုပ်အတွက်ကျေးဇူးပါကိုစေတန်။

    1. saturngod says:

      database ဆိုတာက programming language မဟုတ်ပါ။ Theory ပိုင်းတွေ ပါဝင်ပါတယ်။ အမှန်တိုင်းဆိုရင် Theory ပိုင်းတွေက တော်ရုံတန်ရုံနားလည်မှာမဟုတ်ဘူး။ သေသေချာချာ ရှင်းပြမှပဲ နားလည်တတ်တယ်။ ဒါမှမဟုတ် တစ်ခုကို နားလည်ဖို့ စာအုပ်တွေ အများကြီးဖတ်မှ တစ်ကြောင်းလောက်ကို နားလည်တာတွေရှိတယ်။ Database နားမလည်ဘူးဆိုတာက Database နဲ့ပတ်သက်ပြီး လုံးဝ အခြေခံတောင် မလေ့လာဘူးလို့ပါ။ အကောင်းဆုံးက Theory ပိုင်းကို လက်တွေ့မှာ စမ်းချင်လို့စမ်းလို့ရမယ်။ ဥပမာ။။ Distrubute Database လိုမျိုးဟာတွေက ကိုယ့်စက်မှာ စမ်းဖို့ခက်တယ်။ Database လေ့လာမယ်ဆိုရင် ဘယ် Database ကို လေ့လာမလဲဆိုတာ အရေးပါတယ်။ MySQL ကိုလေ့လာလာမှာလား MSSQL ကိုလေ့လာမှာလား။ အဲလိုမျိုးခွဲပြီးမှ စာအုပ်ဖတ်တာ ပိုအကျိုးရှိပါတယ်။ Database စာအုပ်ဖတ်ရင်တော့ အကုန်လုံးချုံရေးထားတော့ လက်တွေ့ဘာနဲ့ စမ်းရမလဲမသိဘူး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘယ် database ကို လေ့လာမလဲ အရင်ဆုံးဖြတ်ပြီး အဲဒါကို လေ့လာပါ။

      self study လုပ်ဖို့ ခက်ခဲတဲ့ ဘာသာရပ်ရယ်လို့သီးသန့် ရယ်မရှိပါဘူး။ ကျွန်တော်ကတော့ iTuneU ကို အသုံးပြုတယ်။ တော်တော်များများ ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ course ကို လေ့လာပေါ့။ ebook ဖတ်တာထက်စာရင် iTuneU လိုမျိုး Online course လေး ကြည့်တာက ပိုကောင်းတယ်။

    2. everlearner says:

      Database ကို Self Study စလုပ်ဖို့ ကျွန်တော့် အတွေ့အကြုံလေး ပြန်ပြောရရင် Microsoft Access Database တွေထဲမှာ လုပ်ပေးထားတဲ့ Sample Database တွေကို စလေ့လာသင့်တယ်၊ Language နဲ့ Platform တွေ ကွာသွားရင်တောင် Database နည်းပညာ အခြေခံတွေကတော့ တူမယ်ထင်တယ်..
      ကျွန်တော်က MS Access 97 မှာ စလေ့လာခဲ့တာ Self-study ပဲ၊ Table, Field, Query, Primary key စတာတွေကို Sample Database တွေကနေ လေ့လာတာ ပိုမြန်လိမ့်မယ်၊ စာအုပ်လည်းဖတ် နမူနာတွေလည်း ကြည့်ပေါ့ ၊ ခုချိန်ဆိုရင်တော့ Open Office, MS Office 2010 တွေ ရှိနေပါပြီ … သင်ပေးမယ့် ဆရာရှိရင်တော့ ဆရာနဲ့ သင်တာ အကောင်းဆုံးပါပဲ .. .မြန်တာပေါ့ :)

  2. linnhtoo says:

    Have resources but need time ;(

    1. saturngod says:

      sure… ဒါကြောင့် စလုံးရေ စတတ်ဖို့ ၅ လ လောက် ကြာသွားတာ။ resource ရဖို့ အချိန် နဲ့ ငွေလိုတယ်လေ။

  3. Thiha says:

    Database ကို လေ့လာဖို့ဆိုတာ ဒီအတိုင်းစာဖတ်ပြီး လေ့လာဖို့တော့ မလွယ်ဘူးထင်ပါတယ်။ အမှန်တကယ် နားလည်တဲ့ တတ်ကျွမ်းတဲ့သူဆီမှာ သေသေချာချာ သင်မှ အခြေခံအဆင့်ကို အတိုင်းအတာ တစ်ခုအထိ နားလည်မှ ကိုယ့်ဘာသာ Self-study ဆက်သွားလို့ရမယ် ထင်ပါတယ်။ MZ မှာ ကို လူပျိုကြီး ရေးထားတဲ့ Database အကြောင်းပို့စ်တွေကနေလည်း သင်လို့ရနိုင်စရာ ရှိပါတယ်။ Database ကိုလေ့လာတဲ့ နေရာမှာ အဓိကအကျဆုံး အတားအဆီးကတော့ ဆက်တိုက် စိတ်ဝင်တစား လေ့လာသွားနိုင်တဲ့ စွမ်းအားကို မွေးယူရာမှာ အခက်အခဲရှိတာပါပဲ။ Result ကို မတွေ့ရသေးပဲ Theory တွေပဲ အရင် လေ့လာရတော့ စိတ်ဝင်စားဖို့ ခက်တာလည်း ပါပါတယ်။

  4. minko says:

    အဲဒီ SDK က window မှာသုံးလို့ရပါသလား။

    1. saturngod says:

      cannot

      1. zeus says:

        Can PC install mac os ?

        1. saturngod says:

          can but risk is too high.

          1. zeus says:

            why ? =(
            can u explain me more ?

          2. saturngod says:

            @Zeus > ask in http://www.mysteryzillion.org forum or user.mysteryzillion.org

  5. Amy says:

    ဟုတ် ကိုစေတန်ခင်ဗျာ။
    ကျွန်တော်တို့ လို သင်တန်းမတက်နိုင်တဲ့သူတွေအတွက် ကတော့
    ကိုယ်အားကိုယ်ကိုးပြီးလေ့လာရတာ ကိုပဲ အားထားနေရဆဲပဲ။
    ကိုယ်စေတန်ပြောတဲ့နည်းလမ်း တွေက seft study သမားတွေအတွက် အထောက်အကူပြုပါတယ်။
    တစ်ခုလောက်ဆွေးနွေးခွင့်ပြုပါခင်ဗျာ။
    ကျွန်တော် html မသင်ဖူးမကြားဖူးပါဘူး။ဒါပေမယ့် အစ်ကို ရေးတဲ့ မြန်မာလိုစာအုပ်ဖတ်ပြီး လေ့လာခဲ့တာပါ။အခုဆို တစ်ချို့သောကုဒ်တွေကိုတောင်ကျွန်တော်လေ့လာနေပါပြီ။
    ဒါပေမယ့် တစ်ချို့အရာတွေက seft study လုပ်ဖို့မဖြစ်နိုင်ဘူးလို့ကျွန်တော်စိတ်ဓါတ်ကျစ ပြုနေလို့ပါ။
    ဥပမာ Database ကျွန်တော်ဘယ်လောက်ဖတ်ဖတ်မရဘူး။
    အဲလို မျိုး seft study လုပ်ဖို့ ခက်ခဲတဲ့ ဘာသာရပ်တွေအတွက်ရော အကို့မှာ အကြံပေးဖို့တစ်ခုခုရှိနေလား။
    အဲလိုလေ့လာရတာတအားခက်ခဲနေရင် ဘယ်လိုလေ့လာသင့်ပါသလဲခင်ဗျာ။
    ebook တွေဖတ်ရတာနဲ့ မလုံလောက်တော့ဘူ။ဖိုရမ်တွေမှာမေးဖို့ ကျတော့ဘယ်သူမှအဲလောက်စိတ်ရှည်မယ်မထင်ဘူး။
    comment သာဆိုတယ်တော်တော်ရှည်သွားပြီ။
    html စာအုပ်အတွက်ကျေးဇူးပါကိုစေတန်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.