မြန်မာစာတွေ ရှာဖို့အတွက် Search Theory လေး စဉ်းစားကြည့်ရအောင်.. ကျွန်တော်လက်ရှိကတော့ ဇော်ဂျီနဲ့ပဲ စဉ်းစားထားတယ်.. ဘာလို့လည်းဆိုတော့ လက်ရှိ website တွေအားလုံးက ဇော်ဂျီကို အသုံးပြုနေလို့ပါ…

ဇော်ဂျီမှာ ပြသနာရှိတယ်… အဲဒါကတော့ က ိ ု နဲ့ က ု ိ မတူတာပဲ.. သူ့မှာ rendering မပါဘူး.. ဒါကြောင့် ပြသနာဖြစ်နေတာ ( Unicode 5.1 မှာတော့ ဒီပြဿနာတွေ မရှိဘူး…. ) ဒါကြောင့် ဇော်ဂျီမှာ က ိ ု နဲ့ က ု ိ ရှာရင် ရတဲ့ result မတူဘူး… လက်ရှိ google မှာ ရှာရင်တောင် result မတူတာကိုတွေ့ရမယ်ဗျ…. ဒါက ပြဿနာတစ်ရပ်ပေါ့..

နောက်တစ်ခုက ကို နဲ့ ကိုး ဟာ အဓိပ္ပာယ်မတူသလို search result ထဲမှာ ရောမနေသင့်ဘူးထင်တယ်… ကို ကိုရှာရင် ကိုး | ကို့ | ကိုယ် | ကိုက် စတာတွေပါ ပါလာတယ်။ ဒါဟာမဖြစ်သင့်ဘူးထင်တယ်… ကို ရှာရင် ကို နဲ့ ဆိုင်တာပဲထွက်သင့်တယ်… ကိုး | ကိုး | ကိုယ် | ကိုက်တွေ မပါသင့်ဘူး….

နောက်ပြီး spell checking အဆင့်လည်း လိုတယ်… အကျီးအကျယ် | အကြီးအကြယ် | အကျီးအကြယ် | အကြီးအကျယ် မှာ ဘယ်ဟာမှန်သလဲ…. user မှားနေရင် စာလုံးပေါင်းမှားနေကြာင်းဖော်ပြပေးရမယ်…

ပထမအဆင့်က Normalization နဲ့ ဖြေရှင်းမယ်… ဒုတိယအဆင့်က syllable breaking နဲ့ ရှင်းမယ်.. အဲဒီ နှစ်ဆင့်က စဉ်းစားလို့ရပြီ..

နောက်ဆုံး spell checing က စဉ်းစားဆဲပဲ… word breaking အရင်လုပ်ရမယ်.. ပြီးရင် word dictionary နဲ့ တိုက်စစ်ရမယ်…. ကိုစိုးမင်းရေးထားတာကိုတွေ့တယ်.. PHP နဲ့ ကိုယ်တိုင်မရေးရသေးဘူး….

အဲဒီ ၃ ဆင့်ပြီးရင်တော့ ပထမဆုံး search လုပ်ဖို့ query ကို ရပြီ။ ပြီးရင် crawling အဆင့်ပေါ့. crawling မှာ ဝင်း | ဇော်ဂျီ | မြန်မာ ၃ စတာတွေကို detection သိရမယ်။ ဇော်ဂျီနဲ့ ရှာပေမယ့် အဲဒီစာလုံးတွေကိုပါ ရှာပေးနိုင်ရမယ်။

ဥပမာ ဝင်း ကို ဇော်ဂျီပြောင်းပြီး သိမ်းထားမယ်။ မြန်မာ ၃ ကိုလည်း ဇော်ဂျီ ပြောင်းပြီး သိမ်းထားမယ်။ ရှာတော့ ဇော်ဂျီနဲ့ပဲ။ ပြတော့လည်း ဇော်ဂျီနဲ့ပဲ။ ဝင်း ၊ မြန်မာ ၃ အတွက် သိတဲ့ system တစ်ခုကို ရှာကြည့်အုံးမယ်..

အဲ… စဉ်းစားမိတာ တစ်ခုရှိတယ်…

ကိုကိုရေ ဆိုပြီး google မှာ ရှာလိုက်ရင် content ထဲမှာ ကို()ကို()ရေ() ဖြစ်နေတယ်ဆိုရင်ကော။ () က 0widthspace ကို ပြောတာပါ။ google အနေနဲ့ ရှာတွေ့နိုင်မလား…. ???? အဲဒီအချက်ကို သိချင်နေတာ… :D လက်တွေ့ blog လေးတစ်ခုလုပ်ပြီး ရှာကြည့်အုံးမယ်..

စာကြွင်း ။ ။ ကိုစိုးမင်း blog မှာ python မတတ်ပေမယ့် သူ့ theory လေးတွေ တော်တော်ကောင်းတယ်ဗျ။

2 responses to “Myanmar Search”

  1. လုပ်ဗျို့.. အားပေးတယ်….. အဲ့ဒါမှ ကျွန်တော်တို့တွေလည်း သုံးလို့ရမှာ… :)

  2. ဝုတ်တယ်..ဟီး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading