ကျွန်တော်တို့ HTML5 နဲ့ video တွေ audio တွေ ဖန်တီးတဲ့အခါမှာ လိုအပ်တာကတော့ Ogv / Ogg convertor တွေပါပဲ။ Video တွေကို Ogv သို့မဟုတ် Ogg ကို ပြောင်းပြီးမှ HTML5 video အနေနဲ့ firefox , Opera တို့မှာ ရမှာပါ။ MP4 ကတော့ Safari တို့ chrome တို့မှာ အဆင်ပြေပါတယ်။ Audio အတွက်ကတော့ firefox , opera တို့က Ogg ပဲ ဖြစ်ပေမယ့် Safari , Chrome တို့ကတော့ MP3 ကို အသုံးပြုပါတယ်။ IE မှာကော လို့မေးမလို့လား။ IE က version 9 မှ HTML5 ကို support လုပ်မှာဆိုတော့ အခုအချိန်မှာ မေ့ထားလိုက်တာ အကောင်းဆုံးပဲ။ IE က Web browser လောကမှာ နောက်ကျလွန်းနေပြီ။

ogv / ogg ကိုပြောင်းချင်ရင်တော့

http://v2v.cc/~j/ffmpeg2theora/download.html

ကို အရင် download ချဖို့လိုပါတယ်။ ogv / ogg အတွက် Linux , Mac , Windows အားလုံးအတွက် ရှိပါတယ်။ အဲ.. အဆင်မပြေတာကတော့ GUI မဟုတ်တာပဲ။ GUI မဟုတ်ပေမယ့် သုံးရလွယ်ပါတယ်။ Command ကနေ ပြောင်းချင်တဲ့ file ရှိတဲ့နေရာကိုသွား။ ပြီးရင်

$ffmpeg2theora sample.flv

ဆိုပြီး ရိုက်လိုက်ရုံပါပဲ။ sample.flv ဆိုတာက files ပါ။ video , audio format တော်တော်များများကို ပြောင်းပေးနိုင်ပါတယ်။ ထွက်လာတဲ့ format ကတော့ ogv ပါ။ ကျွန်တော်သုံးတဲ့ BlueHost မှာ ogv MIME Type မထည့်ထားဘူး။ ogg လို့ထည့်ထားတဲ့အတွက် file extension ကို ogv အစား ogg ပြောင်းလိုက်ရင် အဆင်ပြေသွားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading