ကျွန်တော်တို့ HTML5 နဲ့ video တွေ audio တွေ ဖန်တီးတဲ့အခါမှာ လိုအပ်တာကတော့ Ogv / Ogg convertor တွေပါပဲ။ Video တွေကို Ogv သို့မဟုတ် Ogg ကို ပြောင်းပြီးမှ HTML5 video အနေနဲ့ firefox , Opera တို့မှာ ရမှာပါ။ MP4 ကတော့ Safari တို့ chrome တို့မှာ အဆင်ပြေပါတယ်။ Audio အတွက်ကတော့ firefox , opera တို့က Ogg ပဲ ဖြစ်ပေမယ့် Safari , Chrome တို့ကတော့ MP3 ကို အသုံးပြုပါတယ်။ IE မှာကော လို့မေးမလို့လား။ IE က version 9 မှ HTML5 ကို support လုပ်မှာဆိုတော့ အခုအချိန်မှာ မေ့ထားလိုက်တာ အကောင်းဆုံးပဲ။ IE က Web browser လောကမှာ နောက်ကျလွန်းနေပြီ။

ogv / ogg ကိုပြောင်းချင်ရင်တော့

http://v2v.cc/~j/ffmpeg2theora/download.html

ကို အရင် download ချဖို့လိုပါတယ်။ ogv / ogg အတွက် Linux , Mac , Windows အားလုံးအတွက် ရှိပါတယ်။ အဲ.. အဆင်မပြေတာကတော့ GUI မဟုတ်တာပဲ။ GUI မဟုတ်ပေမယ့် သုံးရလွယ်ပါတယ်။ Command ကနေ ပြောင်းချင်တဲ့ file ရှိတဲ့နေရာကိုသွား။ ပြီးရင်

$ffmpeg2theora sample.flv

ဆိုပြီး ရိုက်လိုက်ရုံပါပဲ။ sample.flv ဆိုတာက files ပါ။ video , audio format တော်တော်များများကို ပြောင်းပေးနိုင်ပါတယ်။ ထွက်လာတဲ့ format ကတော့ ogv ပါ။ ကျွန်တော်သုံးတဲ့ BlueHost မှာ ogv MIME Type မထည့်ထားဘူး။ ogg လို့ထည့်ထားတဲ့အတွက် file extension ကို ogv အစား ogg ပြောင်းလိုက်ရင် အဆင်ပြေသွားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.