video

  • ကျွန်တော်တို့ HTML5 နဲ့ video တွေ audio တွေ ဖန်တီးတဲ့အခါမှာ လိုအပ်တာကတော့ Ogv / Ogg convertor တွေပါပဲ။ Video တွေကို Ogv သို့မဟုတ် Ogg ကို ပြောင်းပြီးမှ HTML5 video အနေနဲ့ firefox , Opera တို့မှာ ရမှာပါ။ MP4 ကတော့ Safari တို့ chrome တို့မှာ အဆင်ပြေပါတယ်။ Audio အတွက်ကတော့ firefox , opera တို့က Ogg ပဲ ဖြစ်ပေမယ့် Safari , Chrome တို့ကတော့ MP3 ကို အသုံးပြုပါတယ်။ IE မှာကော လို့မေးမလို့လား။…

  • HTML5 video ကိုတော့ မနေ့တုန်းက video.saturngod.net အတွက် စမ်းဖြစ်လိုက်တယ်။ ပုံမှန် သမာရိုးကျကတော့ <video width=”100%” height=”422″ controls=”controls” preload=”none” tabindex=”0″ style=”background-color:#111111″ poster=”http://video.saturngod.net/video/2019MS_Health.jpg”” > <source type=”video/mp4″ src=”http://video.saturngod.net/video/2019MS_Health.mp4″></source> <source type=”video/ogg” src=”http://video.saturngod.net/video/2019MS_Health.ogg”></source> </video> အဲဒါလေးပဲ။ mp4 က safari နဲ့ chrome တို့အတွက်ပေါ့။ webkit က mp4 မှ အလုပ်လုပ်တယ်။ ogg နဲ့ogv ကတော့ firefox , opera တို့အတွက်ပေါ့။ တကယ်လို့ video.saturngod.net မှာလို ဖြစ်ချင်ရင်တော့ <script type=”text/javascript”  src=”http://html5.kaltura.org/js”  > </script> ဆိုတာလေး ထည့်ပေးလိုက်ရုံပဲ။…

  • http://video.saturngod.net ကိုတော့ HTML5 video ပဲ ဆက်လက် အသုံးပြုသွားတော့မှာပါ။ ရေးရတာလွယ်သလို အဆင်လည်းပြေပါတယ်။ flv အစား HTML5 Video ဖြင့်သာ တင်သွားမှာပါ။ ဒါကြောင့် HTML5 video support လုပ်တဲ့ Firefox 3.6 , Chrome 2, Safari 4 တို့လိုအပ်ပါတယ်။

  • ဒီ video အကြောင်းလေးရေးပြီးပြီလို့ထင်လို့ ပြန်ရှာကြည့်တာ ရှာမတွေ့တာနဲ့ ပြန်တင်လိုက်တယ်။ Computer သမားဆိုရင်တော့ အဲဒီ ကားကို ကြည့်ဖူးသင့်တယ်လို့ ထင်တယ်။ Windows ကို မွေးဖွားခဲ့တဲ့ Microsoft ဖြစ်လာပုံ နောက်ပြီး Mac ဆိုတာကို မွေးဖွေးပေးခဲ့တဲ့ Apple ဖြစ်လာပုံအပြင် Steve Job , Bill Gate အကြောင်းတွေပါ ပါဝင်တဲ့ ကားကောင်းလေးပါ။ ၁၀ နှစ်ကြာနေပြီဖြစ်ပေမယ့် ကားကောင်းလေးတော့ အမှန်ပဲ။ အခုချိန်ထိ ကြည့်လို့ကောင်းနေဆဲပဲ။ ကြည့်ဖူးတာကတော့ ကြာပါပြီ။ သူငယ်ချင်းတွေကိုလည်း ပေးခဲ့တယ်။ Computer သမား တော်တော်များများ ကြိုက်တဲ့ ကားလေးပါ။ ရုပ်ရှင်ကားမှာ Steve Jobs နဲ့ Bill Gate ကို ယှဉ်ပြထားတယ်။ Steve Jobs က အရမ်းတော်တယ်။ ဒါပေမယ့် သူ့ စိတ်က အရမ်းဆတ်တယ်။ ပေါင်းသင်းဆက်ဆံရ ခက်တဲ့ လူမျိုးပဲ။ Bill…