Review myself of 2025 & 2026

2025 ခုနှစ် အကုန်က blog post တစ်ခုရေးဖို့ပဲ။ ဒါပေမယ့်လည်း ပြဿနာ တွေ မအားတာ နောက်ပြီး SE စာအုပ်ပြီးဖို့ အဓိက ထားတာ နဲ့ မရေးဖြစ်ဘူး။

ဘဝ က ရှင်သန် နေဖို့ က လွှဲပြီး တခြား ထွေထွေထူးထူး မရှိဘူး ဆိုတာ ၂၀၂၅ မှာ ပိုပြီး သဘောပေါက်လာတယ်။ ဘာမှ ထူးခြားမှု မရှိသည့် နှစ်တစ်နှစ်ပေမယ့် ထူးခြားမှု တစ်ခု ရှိအောင် SE စာအုပ်တစ်အုပ်ကို ရေးဖြစ်လိုက်တယ်။ စက်တင်ဘာ ၂၀၂၅ က စရေးလိုက်တာ ဇန်နဝါရီ လကုန် ၂၀၂၆ မှာ ပြီးတယ်။ စာအုပ်ရေးစဥ် မှာ စာတွေ ပို ဖတ်ဖြစ်တယ်။ ဖတ်ပြီး ကိုယ်နားလည်လာ မှန်မမှန် ChatGPT , Gemini နဲ့ ပြန်စစ်တယ်။ ဒါက အရင်က စာဖတ်သည့် ပုံစံ နဲ့ မတူတော့တာပဲ။

စာအုပ်ရေးဖို့ အရင်ဆုံး ထည့်မယ့် အခန်းတွေ ပြင်တယ်။ ပြီးတော့ သက်ဆိုင်ရာ အခန်း နဲ့ သက်ဆိုင်သည့် စာအုပ်တွေ blog တွေ ရှာပြီး စုထား။ ပြီးတော့ ဖတ်ပြီး ၁ ပတ် ကို ၁ ခန်း အနည်းဆုံး ပြီးအောင် ရေးဖြစ်တယ်။ ပြန်ဖတ်ပေမယ့် ဖတ်ဖူးသားတွေပဲ ဖြစ်နေတာ့ ခက်ခက်ခဲခဲ မရှိဘူး။

၂၀၂၅ မှာ ဒါလေး လုပ်ဖြစ်လိုက်တယ် ဆိုပြီး မှတ်မှတ်ရရပေါ့။ ဘဝ ကို ဘာမှလည်း သိပ်ပြီး မျှော်လင့်ထားတာ မရှိတော့ဘူး။

2026 နှစ်စ ကတည်းက လုပ်ရတာတွေ ရှုပ်နေသည့် နှစ်ပဲ။ ဘာတွေမှန်း မသိသလို ဘာတွေဖြစ်မှန်းလည်း မမှန်းနိုင်တော့ဘူး။ လူက အသက်ကြီးလာလေလေ ဘဝ မှာ variable တွေ များလာလေလေပဲ။ variable တွေ များလာလေလေ တွက်ရ မှန်းရ တာ ခက်လာလေလေပဲ။ အသက် ၂၀ တုန်းက ၁ နှစ်စာ plan ချရတာ မခက်သလို plan အတိုင်း သွားဖို့လည်း မခက်ဘူး။ အခု အချိန်မှာ မနက်ဖြန် အတွက် plan ချ ဖို့ တောင် ခက်လွန်းတယ်။

ဒီလိုနဲ့ ပဲ တရွေ့ရွေ့ နဲ့ ၂၀၂၆ လည်း ကုန်သွားမှာပဲ။

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading