မနေ့က PHPFog ရဲ့ invitation ရတာနဲ့ စမ်းဖြစ်တယ်။ PHPFog ကို အသုံးပြုချင်တာကတော့ ကြာလှပြီ။ သို့ပေမယ့် လူတိုင်း register လုပ်ပြီး သုံးခွင့်မရှိဘူး။ သူ invite လုပ်တဲ့သူတွေပဲ သုံးခွင့်ရှိပါတယ်။ PHPFog ကို register လုပ်တဲ့အခါမှာ survy ဖြည့်ထားတဲ့သူတွေကို ဦးစားပေးပြီး Beta access ရပါတယ်။ မနေ့က ရတော့ တော်တော်ပျော်သွားပါတယ်။ heroku ကို သိကတည်းက PHP လည်း အဲလိုမျိုး ရှိရင် ကောင်းမှာပဲ လို့ စဉ်းစားမိတယ်။ PHP Fog ကို သိသိခြင်းမှာပဲ register လုပ် survy လုပ်ထားတာ တော်တော်တော့ကြာသွားပြီ။

PHPFog ကတော့ ပုံမှန် ထက် အသုံးလွယ်အောင် ဖန်တီးပေးထားတယ်။ ၁ လ ကို $29 လောက်တော့ ပေးရတယ်။ $29 ဆိုတာက Application တစ်ခုတည်းအတွက်နော်။ ဈေးကတော့ မသေးလှဘူး။ သို့ပေမယ့် Amazon မှာ ထားပြီး scalability ဖြစ်တာကြောင့် Techcrush , Mashable လိုမျိုး လူတွေ အရမ်း အဝင်များတဲ့ site တွေအတွက် အရမ်းကို အဆင်ပြေပါတယ်။ Free အနေနဲ့ ၆လ စမ်းလို့ရပါတယ်။

တစ်ခါတည်း one step တည်းနဲ့ wordpress , joomla, drupal , sugarCRM တွေကို တည်ဆောက်လို့ရတယ်။ နောက်ပြီးတော့ ကိုယ်ပိုင် php file အသုံးပြုလို့ရသလို phpframewok အချို့လည်း အသုံးပြုလို့ရပါတယ်။ အမျိုးအစား ရွေးပြီးရင်တော့ plan ရွေးရပါတယ်။

ပြီးရင်တော့ domain ရွေးပေးရတယ်။ ကျွန်တော်ကတော့ စမ်းမှာ ဖြစ်လို့ subdomain ပဲယူလိုက်တယ်။ ပြီးရင်တော့ file တွေစတင်လို့ရပါပြီ။ နောက်ပြီး database လည်း အသုံးပြုလို့ရပါတယ်။ database က amazon ပေါ်မှာပဲ တင်ထားပါတယ်။ phpmyadmin လည်း ပေးတော့ manage လုပ်ရတာ အဆင်ပြေတာပေါ့။

file တင်မယ်ဆိုရင်တော့ Git ကို သုံးတတ်ဖို့ လိုပါတယ်။ Git သုံးထားတာတော့ file တွေ upload တင်ရတာ အဆင်ပြေတယ်။ နောက်ပြီး ပြန်ပြင်ရတာလည်း အဆင်ပြေတယ်။ ပြင်ပြီး update လုပ်ရင် git ကြောင့် ပြင်ထားတဲ့ file လေးတွေပဲ တင်သွားတော့ FTP ထက်စာရင် အများကြီးကို အဆင်ပြေတယ်။

သုံးကြည့်တော့ မဆိုးဘူး။ လွယ်တယ်။ ဈေးများပေမယ့် ခေါင်းမစားရဘူး။ developer တွေ စိတ်ကြိုက်ပါ။ apache.conf ကို ပြင်ခွင့်ပေးထားတယ်။ php.ini ကို စိတ်ကြိုက် ပြင်လို့ရတယ်။ ၆ လ လောက်တော့ ကောင်းကောင်းလည်း ဆော့လို့ရသွားတာပေါ့။

ဘာပဲ ပြောပြော invite လုပ်တဲ့ PHPFog ကို ကျေးဇူးတင်ပါတယ်။ PAAS ဆိုတာကို သုံးဖူးသွားတာပေါ့။

2 responses to “PHPFog”

  1. ဖြစ်နိင်ရင် ကျွန်တော်လည်းစမ်းကြည့်ချင်တယ်။ :)

  2. I’m also waiting for invitation. :(

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading