Web Route ဆိုပြီးတော့ ကျွန်တော် ပုံလေး တစ်ခု ဖန်တီးခဲ့ဖူးတယ်။ Web Developer ဖြစ်ချင်တဲ့ သူတွေ အနေနဲ့ HTML , CSS ပြီးရင် ဘာတွေ လေ့လာရမယ်။ ဘာတွေ လေ့လာလို့ ရမယ် စတာတွေကို ပုံ တစ်ပုံတည်းနဲ့ ကြည့်ပြီး နားလည်အောင် ဖန်တီးထားတာပါ။

ဖန်တီးထားခဲ့တာက ၂၀၁၂ လောက်က ဖြစ်မယ်ထင်တယ်။ လွန်ခဲ့တဲ့ ၂ နှစ်နဲ့ အခု အချိန် Technology တွေ မတူညီတော့ပါဘူး။ Node.js ဟာ အားကောင်းလာပြီး framework တွေ အများကြီး ရှိလာသလို Go lang ဟာ လည်း တကယ်ကောင်းတဲ့ framework တွေ ရှိလာပြီ။ နောက်ပြီးတော့ Package Manager တွေ Build System တွေလည်း ရှိလာပြီ။ ဒါကြောင့် ပုံ အဟောင်းကို ပြန်ပြီး update လုပ်ဖြစ်တယ်။

ကျွန်တော် Programming ကို စလေ့လာကာစက VB 6 နဲ့ စခဲ့ပါတယ်။ ဆယ်တန်း အောင်ကစ ဖြစ်ပြီးတော့ Computer နယ်ပယ်က မဟုတ်သလို Computer နဲ့ ပတ်သက်ပြီး နားလည် တတ်ကျွမ်းတဲ့လူတွေလည်း အနားမှာ မရှိပါဘူး။ အဲဒီ တုန်းကတော့ VB 6 နဲ့ C++ လောက်ပဲ programming language ရှိတယ် ထင်ခဲ့တယ်။ နောက်ပြီးတော့ data တွေကို file နဲ့ သိမ်းပြီး ပြန်ဖတ်တာနဲ့တင် တော်တော်လေးကို ဟုတ်နေပြီလို့ ထင်ခဲ့တယ်။ နောက်ပိုင်း Database အပိုင်းကို သင်တော့မှပဲ ဒီလိုတွေလည်း ရှိပါလား ဆိုပြီး သိလာတယ်။ Database မှာ sql ကို သင်တော့ ဒီလိုတွေ လုပ်လို့ ရလာပါသလား ဆိုတာကို သိလာရတယ်။ ဒါကြောင့် Programming Route ကို သေချာ ပြန်ပြင်ပြီး ဆွဲဖြစ်ခဲ့တယ်။ ကျွန်တော်ဖြစ်ခဲ့သလို မျိုး မဖြစ်ပဲနဲ့ ပုံကို ကြည့်ပြီးတော့ ဘာတွေ လေ့လာ ရမယ်။ ပြီးရင် ဘာ ဆက်လေ့လာလို့ ရမလဲ စတာတွေကို ပုံကို ကြည့်ပြီး သိမယ်လို့ မျှော်လင့်ပါတယ်။

အခုတော့ ပုံမပြီးသေးပါဘူး။ ဒီမှာ PDF ကို ရယူပြီးတော့ လိုအပ်တာတွေကိုလည်း ဆွေးနွေးခဲ့နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading