ဟိုနေ့က iReader လေး ရေးရင်း iReader မသုံးပဲနဲ့ကော blog တွေမှာ ပေါ်အောင် လုပ်လို့မရဘူးလား လို့စဉ်းစားမိတယ်။ iReader က readability နဲ့ safari reader ၂ ခုကို ပေါင်းထားတာ။ ဒါနဲ့ readability ကို သုံးဖို့ ဆုံးဖြတ်လိုက်တာ။ အဲဒါနဲ့ wordpress plugin တစ်ခု ကောက်ရေးပြီး လက်ရှိ blog နဲ့ mz blog မှာ စမ်းထားတယ်။ public တော့ မထုတ်သေးဘူး။ public ထုတ်ရင် setting တွေထည့်ရမှာ အလုပ်ရှုပ်လို့။ setting page လေး မရေးချင်လို့ public ကတော့ စိတ်ကူးပေါက်မှပဲ ထုတ်တော့တယ်။ အခု MZ blog နဲ့ ကျွန်တော့် blog ကို pdf ထုတ်ချင်တဲ့သူတွေကတော့ readability ဆိုတာလေးကို နှိပ်ပြီး ဘယ်ဘက်က print နဲ့ ထုတ်လို့ရတယ်။ အဲ.. pdf printer တော့ ရှိဖို့လိုတာပေါ့။
Leave a Reply