Remastersys Backup For Ubuntu

ကျွန်တော်တို့အနေနဲ့ ubuntu ကို backup လုပ်ချင်တယ်ဆိုရင်တော့ အရှေ့မှာ ကျွန်တော်ပြောခဲ့သလို လုပ်ရင်လည်းရပါတယ်။ တကယ်လို့ … မင်းမှာရှိတဲ့ ပုံစံအတိုင်းငါ့ကို လုပ်ပေးကွာလို့ ပြောလာရင်တော့ ခေါင်းစားရလိမ့်မယ်။ ဒါမှမဟုတ် live cd or dvd , ကိုယ်ပိုင် buntu တွေလုပ်ချင်ရင် အဆင့်တွေအရမ်းများတယ်ဗျာ။ အဲဒီလိုတွေအတွက် ကျွန်တော်ကတော့ remastersys ကို အသုံးပြုစေချင်တယ်။ ရိုးတယ်။ရှင်းတယ်။ လွယ်ကူတယ်။ ဘာအဆင့်တွေမှလည်း မပါဘူးလေ။ သူ့ကို သွင်းမယ်ဆိုရင်တော့

$sudo gedit /etc/apt/source.list

source.list ထဲမှာ

deb http://www.remastersys.klikit-linux.com/repository remastersys/

လေးထပ်ဖြည့်လိုက်ပါ။ ပြီးရင်

$sudo apt-get update
$sudo apt-get installl remastersys

System > Administrator > Remastersys Backup ဆိုပြီး ခေါ်လို့ရပါပြီဗျာ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.