RestKit Framework

RestKit ဆိုတာကတော့ Objective-C အတွက် framework တစ်ခုပါ။ အထိက RestFul API တွေအတွက် ဖန်တီးထားတဲ့ framework တစ်ခုပါ။ ပုံမှန် NSURLRequest နဲ့ အသုံးပြုတဲ့အခါမှာတော့ ရောက်လာတဲ့ JSON file ကို JSON framework ကနေ တဆင့် NSDictionary ပြောင်းရတယ်။ ရတဲ့ NSDictionary တွေက တစ်ခါတစ်လေမှာ Array ဖြစ်နေတာတွေလည်း ဖြစ်တတ်တယ်။ NSDictionary က data တွေကို objectForKey နဲ့ ပြန်ခေါ်ရတယ်။

ဥပမာ။။

ဆိုတဲ့ အထဲမှာ user က ထပ်ပြီးတော့ ပါနေပြန်တယ်။ အဲဒီလိုမျိုး ကိစ္စတွေမှာ NSURLRequest နဲ့ NSDictionary ကို သုံးရတာ တော်တော်လေးကို အဆင့်ဆင့်လုပ်နေရပါတယ်။ RestKit သုံးလိုက်တဲ့ အခါမှာ အလိုအလျောက် ဆောက်ရွက်ပေးသွားတယ်။ ဘယ်လို ဆောက်ရွက်သွားလဲဆိုတာကတော့ Object Mapping ပါ။

Object Relational Mapper ကို PHP မှာ Doctrine နဲ့ တွဲသုံးဖူးတဲ့သူတွေ သိပါလိမ့်မယ်။ နောက်ပြီးတော့ Symfony Framework ကို သုံးခဲ့တဲ့သူတွေ ကောင်းကောင်းနားလည်ပါလိမ့်မယ်။ RestKit က ရောက်လာတဲ့ JSON တွေကို Object အနေနဲ့ ပြောင်းပြီးတော့ ကျွန်တော်တို့ အနေနဲ့ object ကို ပြန်ခေါ်ရုံပါပဲ။

ဆိုတဲ့ JSON format နဲ့ တွဲသုံးဖို့အတွက် NSObject ကို အောက်ကလို ဆောက်ပါတယ်။

ပြီးတဲ့ အခါမှာ mapping ကို အောက်ကလို ချိတ်လိုက်ပါတယ်။

loading ပြန်ခေါ်တဲ့အခါမှာတော့

ဆိုပြီး ပြန်ခေါ်လိုက်တဲ့ အခါမှာ Objects NSArray ထဲမှာ article objects တွေ ဝင်သွားပါပြီ။ ဒါကြောင့် Articles တွေကို လွယ်လွယ်နဲ့ ခေါ်လို့ရသွားပါတယ်။

တကယ်လို့ iOS app တွေမှာ API တွေ နဲ့ ချိတ်ပြီး ရေးမယ်ဆိုရင်တော့ RestKit ကို အရင်လေ့လာစေချင်တယ်။ RestKit ကို လေ့လာရတာ ၂ ရက်လောက်တော့ အချိန်ပေးရမယ်။ နားလည်သွားတဲ့အခါမှာတော့ တော်တော်လေးကို လွယ်လွယ်ကူကူ ရေးလို့ရသွားပါတယ်။

ဘာကြောင့် RestKit ကို သုံးသင့်သလဲဆိုတော့

၁။ Object Mapping System
၂။ High Level Framework System
၃။ Core Data Support
၄။ JSON Support

စတဲ့အချက်တွေကြောင့်ပါ။ Offline support ကိုရေးတဲ့အခါမှာ core data ထဲကို request က ပြန်လာတဲ့ respond တွေ သီးသန့် သွားသွားဖြည့်နေဖို့ မလိုအပ်ပါဘူး။ RestKit ကို Core Data နဲ့ ချိတ်လိုက်တဲ့အခါ သူ့အလိုအလျောက် သွားထည့်ပေးတဲ့ အတွက် Offline support ပိုင်းတွေ ရေးရတဲ့ အခါမှာ တော်တော်လေးကို အဆင်ပြေသွားပါတယ်။

RestKit နဲ့ ပတ်သက်ပြီးလေ့လာဖို့အတွက် RestKit wiki page မှာ သွားဖတ်နိုင်ပါတယ်။ Installation လုပ်ပုံ အစ သေသေချာချာ ရေးထားပေးပါတယ်။ ဘာမှ မလုပ်ခင် သူပေးထားတဲ့ presentation file လေးကို အရင်ဖတ်လိုက်တဲ့ အခါမှာ RestKit framework ကို အကြမ်းနားလည်သွားပါလိမ့်မယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.