ZG2Uni with node.js

javascript နဲ့ ရေးထားတဲ့ zawgyi to unicode ကို node.js ပြန်ပြောင်းထားပါတယ်။ node.js နဲ့ အသုံးပြုမယ်ဆိုရင် node.js ကို သွင်းထားဖို့လိုပါတယ်။ node.js က windows မှာလည်း လွယ်လွယ် အသုံးပြုနိုင်ပါတယ်။ windows မှာ အသေးစိတ် သွင်းနည်းကိုတော့ ဒီမှာ ဖတ်ပါ။

https://github.com/saturngod/ZG2Uni_NodeJS/zipball/master ကို download ချလိုက်ပါ။ zip ကို ဖြည်လိုက်ရင် folder ထဲမှာ app.js file ကို တွေ့ပါလိမ့်မယ်။

ပြောင်းချင်တဲ့ .txt သို့မဟုတ် .sql file ကို app.js နဲ့ တစ်နေရာတည်းမှာ ထားလိုက်ပါ။ ကျွန်တော်ကတော့ yourinput.txt ဆိုပြီး နာမည်ပေးလိုက်ပါမယ်။

ပြီးရင် command ကနေ

$ node app.js yourinput.txt
0.045 seconds

output.txt ကတော့ ပြောင်းထားပြီးသား format ပါ။ .sql ဆိုရင်လည်း .sql ပြန်ပြင်ပေးရုံပါပဲ။ Node.js converter က file size အကြီးကြီးတွေကိုလည်း မြန်မြန်ဆန်ဆန် ပြောင်းပေးနိုင်ပါတယ်။

31.9 MB ကို ပြောင်းတာ 3 seconds ကျော် ပဲ ကြာပါတယ်။ ကျွန်တော် သုံးတဲ့ စက်က macbook pro core i5 2.3 GHz Memory 4 GB ပါ။ အခု version မှာတော့ HTML latin code format ဖြစ်နေတာတွေကိုတော့ မပြောင်းပေးနိုင်သေးပါဘူး။ နောက် အားရင် အချိန်ရှိတယ်ဆိုရင် ထပ်ဖြည့်ပေးသွားပါမယ်။

7 Comments

  1. စည်သူအောင် says:

    အစ်ကို Microsoft Office 2011 Mac မှာ ယူနီကုတ်နဲ့ ရိုက်လို့ရလားမသိဘူး။ ကျွန်တော်စမ်းကြည့်တာ မရလို့ပါ။ အစ်ကိုပေးထားတဲ့ KMZ.pkg ကိုသုံးတာပဲ။ ဒါပေမယ့်အဲဒီ Office မှာ ယူနီကုတ်နဲ့ ရိုက်လို့မရဘူး။ Lion ကထည့်ပေးထားတဲ့ Font နှစ်ခုကိုလည်း Disable လုပ်ထားတယ်။ နောက်တစ်ခါ သူ့အထဲကပါတဲ့ မြန်မာကီးဘုတ်ကိုလည်း မဖွင့်ထားဘူး။ မာစတာပိစ်ယူနီစံနဲ့လည်း ရိုက်တယ်။ အဲဒါတောင်မှပဲမရဘူး။ Text Edit မှာရိုက်ကြည့်တော့ရတယ်။ Office မှာမရတာ။ အဲဒါလေးပြန်ဖြေပေးပါဦး။

      1. စည်သူအောင် says:

        အစ်ကိုဆီက ယူထားတဲ့ KMZ ကို ဖြုတ်ပြီးတော့မှ ပြန်ထည့်ရမှာလား၊ ဒီအတိုင်း ထပ်ပြီးထည့်လိုက်ရုံပဲလား။ ကျွန်တော်က Mac သုံးတာ မကြာသေးလို့ မေးကြည့်တာပါ။ KMZ ကို ပြန်ဖြုတ်ချင်ရင်ရော ဘယ်လိုဖြုတ်ရမလဲ။ တခြား App တွေတုန်းကတော့ ဒီအတိုင်း App folder ထဲကနေ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တာပဲ။ စောစောက KMZ ကတော့ App folder ထဲမှာလည်း မတွေ့ဘူး။

      2. စည်သူအောင် says:

        အစ်ကို့ဆီကနေယူထားတဲ့ KMZ ကိုပြန်ဖြုတ်ပြီးမှ ထည့်ရမှာလား။ ဒီအတိုင်း ထပ်ထည့်လိုက်ရုံလား။ ကျွန်တော်က Mac ကို အခုမှစသုံးလို့ သိပ်မသိသေးဘူး။ အဲဒီ KMZ ကို ပြန်ဖြုတ်ရင်ရော ဘယ်လိုဖြုတ်ရမလဲ။ တခြား app တွေတုန်းကတော့ ဒီအတိုင်း အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တာပဲ။ KMZ ကရော ဘယ်လိုလုပ်ရလဲဟင်။

        1. saturngod says:

          you can install without uninstall KMZ.

  2. စည်သူအောင် says:

    အစ်ကိုပြောသလို ကီးမက်ဂျစ် 1.5 နဲ့ ကျွန်တော်လုပ်ကြည့်တယ်၊ အစ်ကို။ မရဘူးဖြစ်နေတုန်းပဲ။ မာစတာပိစ်သုံးရင် TextEdit တို့ Page တို့မှာ ကောင်းကောင်းအလုပ်လုပ်တယ်။ ဒါပေမယ့်MS Office မှာ မရဘူး။ မြန်မာသုံးနဲ့ Yunghkio နဲ့သုံးရင်တော့ TextEdit နဲ့ Page မှာ အဆင်သိပ်မပြေဘူး။ ရရစ်နဲ့ သဝေထိုးတွေက ဗျည်းတွေအနောက်ကို ရောက်ရောက်သွားတယ်။ MS Office မှာတော့ မြန်မာသုံးက တော်တော်လေးအဆင်ပြေတယ်။ ဒါပေမယ့်သေချာကြည့်ရင် အောက်ကမြင့်တွေ မှားတယ်။ ဥပမာ နဲ့ လိုဟာမျိုးမှာ အောက်မြင့်က နငယ်အမြီးကနေ ညာဘက်ဘေးကပ်သွားရမယ့်အစား၊ နငယ်နဲ့သွားပူးနေတယ်။ Yunghkio ကကြတော့ သဝေထိုးမှာမှန်တယ်။ ရရစ်တွေက ဗျည်းတွေ အနောက်ကို ရောက်ရောက်သွားတယ်။ ကျွန်တော် Screen Shot ပါထည့်ပေးလိုက်တယ်။ ကျွန်တော့်ကို ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပါဦး။
    Screenshot: http://imageshack.us/photo/my-images/528/mymacburmeseproblems.png/

    1. saturngod says:

      oh! Microsoft Words didn’t support AAT. Microsoft Words only support VOLT rendering. Install Myanmar 3 and disable font from Font Book.

      However, Microsoft detect disable font and it will show in font list. You can use Myanmar 3 for Microsoft Words in Mac.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.