SG Markdown

အရင်တုန်းက markdown အတွက် haroopad ကို သုံးတယ်။ English လိုရေးတဲ့ အခါမှာတော့ ရေးရတာ အဆင်ပြေပေမယ့် မြန်မာလို ရေးရင် အဆင်မပြေဘူး။ Unicode Cursor position က Ace Editor နဲ့ Code Mirror version 4 မတိုင်ခင်မှာ ဖြစ်နေပါတယ်။ Code Mirror version 4 နောက်ပိုင်းမှာ unicode cursor postion bug ကို fix လုပ်ပေးထားတယ်။ ဒါပေမယ့် haroopad က CM 4 ကို update မလုပ်ရသေးတဲ့အတွက် မြန်မာစာရေးတဲ့ အခါမှာ cursor position အမှန်မပြတော့ ရေးရတာ စာပြန်ဖျက်တဲ့ အခါမှာ လုံးဝကို အဆင်မပြေဘူး။

ဒါနဲ့ CM 4 ကို သုံးပြီး ကိုယ့်ဘာသာကိုယ် Markdown editor လုပ်မယ်ဆိုပြီး စမ်းကြည့်ရင်းနဲ့ JBT ရဲ့ Markdown Editor ကို သွားတွေ့တယ်။ တော်တော်လေးအဆင်ပြေတယ်။ File Save တွေ နောက်ပြီးတော့ Drag and drop file open function တွေပါတယ်။

သူ့ရဲ့ Code က CM 2 သုံးထားတယ်။ ဒါနဲ့ CM 4 ကို ပြောင်း ၊ ပြီးတော့ HTML code copy ကူးလို့ရအောင် text box ထည့်။ HTML download လုပ်လို့ရအောင် ထပ်ဖြည့် လိုက်တော့ တော်တော်လေးကို အဆင်ပြေဖြစ်သွားတယ်။

Github Page ကနေ ရေးနေတုန်း မှားပိတ်မိလိုက်လို့ ရေးထားတဲ့ စာတွေ အကုန်ပျောက်ကုန်တယ်။ ဒါနဲ့ HTML 5 local Storage ကို သုံးပြီးတော့ auto save feature ထည့်ထားတယ်။ ပိတ်ပြီး ပြန်ဖွင့်ရင် နောက်ဆုံး ရေးထားတဲ့ စာတွေကို ပြန်ပြထားပေးတယ်။ မှားပိတ်လိုက်ရင် ပြဿနာ မဟုတ်အောင်ပေါ့။

ပြီးတော့ Chrome App တစ်ခု လုပ်လိုက်ရင် မြန်မြန်ဆန်ဆန် editor ကို ဖွင့်လို့ရမယ် ဆိုပြီး chrome app လုပ်လိုက်တယ်။

SG Markdown ရဲ့ source code ကိုတော့ Github မှာ တင်ထားတယ်။ တကယ်လို့ chrome နဲ့ မဟုတ်ပဲ website မှာပဲ သုံးချင်ရင်တော့ http://saturngod.github.io/markdown-editor/ မှာ သုံးလို့ရပါတယ်။

လိုအပ်တာတွေ ရှိရင် ဒါမှမဟုတ် bugs တွေ ရှိရင် Github မှာ issues တင်ထားလိုက်ပါ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.