OrnagaiRu

ကို BluePhoenix ရဲ့ ရှရှား မြန်မာ အဘိဓာန်ကိုတော့ သိတာကြာပြီ။ သို့ပေမယ့် data တွေက lingvo dictionary အတွက်ပဲ ဖြစ်နေတာကြောင့် သေသေချာချာ မကြည့်မိဘူး။

ကို BluePhoenix က Basic Android Programming စာအုပ် ရေးပြီးနောက်ပိုင်း ရှရှား မြန်မာ အဘိဓာန် android ထွက်ခဲ့ပါတယ်။ သို့ပေမယ့် play store ပေါ်မှာ မတင်ထားပါဘူး။ ဒါနဲ့ ကို BluePhoenix ဆီက data တွေကို ခွင့်တောင်းပြီးတော့ OrnagaiRu ကို ပြန်ရေးဖြစ်တယ်။

OrnagaiRu ကို လက်ရှိ ornagai app မှာ update လုပ်တာ မဟုတ်ပဲ အစကနေ ပြန်ရေးဖြစ်တယ်။ Tablet အတွက်ကော phone အတွက်ပါ အဆင်ပြေအောင် fragment နဲ့ ပြန်ရေးထားတယ်။

OrnagaiRu မှာ အသံထွက်ထည့်ဖို့ လိုသေးတယ်။ လက်ရှိ Android ရဲ့ Text To Speech က Russia ကို support မလုပ်ထားဘူး။ ဒါကြောင့် text to speech ကို အခု version မှာ မထည့်ထားဘူး။ အချိန်ရတာနဲ့ iSpeech ကို သုံးပြီးတော့ Text To Speech ကို ထည့်ပေးပါမယ်။ နောက်ပြီးတော့ search results count အတွက် Settings အချို့ ထည့်ရအုံးမယ်။

အခုတော့ အပြည့်စုံမဟုတ်ပေမယ့် အဆင်ပြေပြေ သုံးလို့ရပါတယ်။ လိုအပ်တာတွေ ရှိရင်လည်း comment ပေးထားခဲ့နိုင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.