Test Flight SDK

Testflight ကိုတော့ iOS developer တော်တော်များများ သိကြပါလိမ့်မယ်။ iOS app development လုပ်တဲ့ အခါမှာ daily build တွေကို testing လုပ်ဖို့အတွက် testflight က အရေးပါလှပါတယ်။ အရင်တုန်းကတော့ SDK မထုတ်သေးပေမယ့် လွန်ခဲ့တဲ့ လအနည်းက SDK ထုတ်ပေးခဲ့ပါတယ်။ SDK က ဘာတွေ လုပ်လို့ရသလဲဆိုရင်တော့

၁။ Application ကို ဘယ်လောက်ကြာကြာသုံးသလဲဆိုတာကို သိနိုင်တယ်။်
၂။ NSLog နဲ့ ရေးထားတာတွေကို ပြန်ကြည့်လို့ရတယ်။ တနည်းပြောရင် ဘယ် line တွေက အလုပ်လုပ်သွားသလဲ မလုပ်သွားဘူးလဲဆိုတာကို သိနိုင်တယ်။
၃။ App က Crash ဖြစ်သွားခဲ့ရင် crash report ကို သူ့အလိုလို testflight ပေါ် တင်ထားပေးတယ်။ ဒါကြောင့် ဘယ်နေရာမှာ ဘာကြောင့် crash ဖြစ်သွားသလဲဆိုတာကို လွယ်လင့်တကူ သိနိုင်တယ်။
၄။ Check Point တွေထားခဲ့လို့ရတယ်။ ဥပမာ။။ Add friend လုပ်မလုပ် သိရအောင် check point ထားခဲ့တာမျိုးပေါ့။
၅။ In App Update လုပ်နိုင်တယ်။ version အသစ်ကို တင်လိုက်တာနဲ့ tester တွေက update မလုပ်ရသေးပဲ အဟောင်းကို ဖွင့်လိုက်တာနဲ့ update လုပ်လို့ရတယ်ဆိုပြီး notification တက်လာတယ်။
၆။ In-App Question ထည့်လို့ရတယ်။

တနည်းပြောရင် ဒီ ၆ ချက်ပါလာတာက testing ပိုင်းအတွက်ကော development ပိုင်းအတွက်ပါ တော်တော်လေးကို ကောင်းမွန်လာတယ်လို့ ဆိုရပါမယ်။ SDK မသုံးရင်တော့ ဒီ ၆ ချက်ကို မရနိုင်ဘူးပေါ့။

SDK ကို download ချဖို့က ဒီမှာ ယူနိုင်ပါတယ်။

SDK ကို အသုံးပြုပုံကလည်း အလွန်ပဲ လွယ်ကူပါတယ်။

#import “TestFlight.h”

ကို prefix မှာ ထည့်ပေးလိုက်ရုံပါပဲ။ အသေးစိတ်ကိုတော့ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။

အရင်တုန်းက နေ့စဉ် daily build တွေမှာ နဂိုမူရင်း testflight ကို အသုံးပြုပေမယ့် နောက်ပိုင်း SDK ထွက်လာတော့ SDK ပါ ပူးတွဲ ထည့်လာတယ်။ ဒါကြောင့် crash ဖြစ်သွားတယ်ဆိုရင် crash log လေးကို လွယ်လင့်တကူ သွားကြည့်ပြီး ဘာကြောင့် crash ဖြစ်တာလဲ။ ဘာတွေ နှိပ်သွားသလဲ စတာတွေကို trace ကောင်းကောင်း လုပ်လို့ရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.