iOS Resource

iOS developer တွေ အနေနဲ့ အသုံးဝင်တဲ့ resource အချို့တွေက

Cocoa Control

iOS မှာ အခြား သူတွေ အသုံးပြုထားတဲ့ control တွေကို လွယ်လင့် တကူ ရှာဖွေ အသုံးပြုနိုင်ပါတယ်။ တော်တော်များများကတော့ github မှာ share ထားပြီးထားသားပါ။ http://cocoacontrols.com က resource တွေ အားလုံးကို စုစည်းထားပေးတာပါ။ တော်တော်လေးကို အသုံးဝင်ပါတယ်။ ဥပမာ။။ twitter ipad version လိုမျိုး ဖန်တီးချင်တယ်ဆိုရင် လွယ်လင့်တကူ ရှာဖွေနိုင်ပါတယ်။

iOS Weekly

iosdevweekly.com ကို iOS Developer တိုင်း subscribe လုပ်ထားသင့်ပါတယ်။ အပတ်စဉ် iOS devleopment နဲ့ ပတ်သက်ပြီး အသုံးဝင်တဲ့ newsletter တွေ ပို့ပေးပါတယ်။ ပုံမှန်အားဖြင့် News , Design, Code , Tool ဆိုပြီး Section ၄ ခု ပါပါတယ်။

Apple Sample Code

နောက်ပြီးတော့ Apple က sample code တွေကို လေ့လာချင်တယ် download ချချင်တယ်ဆိုရင်တော့ ဒီမှာ download ချနိုင်ပါတယ်။ code ရေးထားတာတွေက လေ့လာဖို့ တော်တော်ကောင်းပါတယ်။ စနစ်လည်း ကျလှပါတယ်။ objective-c လေ့လာကာစ သူတွေ အနေနဲ့ TableView တို့ MKMap View တို့ကို လေ့လာနိုင်ပါတယ်။

iOS Framework

http://iosframeworks.com/ iOS နဲ့ တွဲဖက် အသုံးပြုလို့ရတဲ့ framework တွေကို စုစည်းထားတဲ့ website တစ်ခုပါ။

7 Comments

  1. မောင်ထူးချွန် says:

    မောင်စေတန် ရေ စေတန် iOS Developer အနေနဲ့အလုပ်လုပ်နေတာ တစ်လ ဘယ်လောက်ရသလဲကွ။
    သိချင်လို့မေးတာနော်။တခြား Web Developer တွေထက်ကောင်းလား။
    ဖြေပေးကွာ။တကယ်သိချင်လို့ပါ။

    1. saturngod says:

      same salary with web developer. Salary is base on the company.

  2. သက်နိုင် says:

    အစ်ကိုစေတန်ဂေါ ကျွန်တော့်ကို Open Source iPhone Games Codes လေးတွေရှိရင် Upload လေးတင်ပေးပါလား mediafire မှာဖြစ်ဖြစ်။လေ့လာချင်လို့ပါ။
    အစ်ကိုရေးခဲ့တဲ့ နယူတန် ပန်းသီး ဂိမ်းလေးကိုကော ဘယ်လိုရေးထားလဲ။မျှဝေပေးစေချင်ပါသည်။

  3. သက်နိုင် says:

    ကျွန်တော်က နယ်ကဆိုတော့အကိုတို့သနားမှ လေ့လာနိုင်မယ့်သူပါ။ကူညီပါ။ကျေးဇူးတင်ပါတယ်။

    1. saturngod says:

      you can learn if you have internet.

  4. Me too , i also want to. bro Saturngod Please share your iOS experience and Open Source Codes to us.Thanks!

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.