Ubuntu 9.04 & Me (Repair Grub)

Ubuntu 9.04 အတွက် ကျွန်တော် လက်ရှိ Vista ကို ဖျက်လိုက်ရတယ်။ ဘာလို့လည်းဆိုတော့ Dual တင်မလို့လေ။ wubi နဲ့ က တင်တာတင်လို့မရဘူး။ root မတွေ့ဘူးပဲ ပြောနေတယ်။ ဒါကြောင့် dual တင်ဖို့ လုပ်တော့ Ubuntu Installer က C: ကိုမသိဘူးဗျ။ ntfs မှန်းလဲမသိဘူး။ ကို box ပြောတော့ စက်ရုံက ghost ရိုက်ထည့်ထားတာဖြစ်လို့ မရတာ ဖြစ်မယ်လို့ပြောတယ်။ ဒါနဲ့ C: ကိုဖျက် Windows တင်။ ပြီးတော့ Ubuntu တင်ပေါ့။ Ubuntu တင်လိုက်တော့ C: ပျောက်ပြီး Toshiba Recovery က C: ဖြစ်သွားတယ်။ Windows မတက်တော့ဘူး။ ဒါနဲ့ Ubuntu Partition ကိုချန်ပြီး ကျန်တာ အကုန်လုံးဖျက်ပြီး Windows အတွက်ပေးလိုက်တယ်။ အဲဒီအပေါ်မှာ Windows တင်လိုက်တယ်။ အဲဒီမှာ windows တင်လိုက်တော့ grub ပျောက်သွားတယ်။ ဒီတော့ grub ကို repair ပြန်လုပ်ရတယ်။

grub repair လုပ်ဖို့ Ubuntu Live CD နဲ့ Live ဝင်လိုက်။ ပြီးရင် Terminal ထဲဝင်။

$sudo grub
grub > root (hd

ပြီးရင် Tab နှိပ်လိုက်။ hd0 လား hd1 လား သိရအောင်။ harddisk တစ်ခုထဲမှာ ubuntu သွင်းထားတာဆိုရင် 0 ဖြစ်လိမ့်မယ်။

grub > root (hd0,

ပြီးရင် Tab နှိပ်လိုက်။ ရှိနေတဲ့ partition တွေ ထွက်လာလိမ့်မယ်။

grub > root (hd0,
Possible partition are:
Partition num:0,Filesystem type…..
Partition num:1,Filesystem type is ext4fs,partition type…

အဲမှာ ext4 နဲ့ ကျွန်တော် Ubuntu ကို သွင်းထားခဲ့တယ်။ ဒီတော့ Ubuntu 1 ကို ကျွန်တော် ရွေးလိုက်ရုံပဲ။ အချို့တွေကတော့ ext3 နဲ့ သွင်းတတ်ပါတယ်။

grub > root (hd0,1)

enter ခေါက်လိုက်။ ပြီးရင်

setup (hd0,1)

enter ထပ်ခေါက်။ ပြီးရင် restart ချလိုက်တာနဲ့ grub ပြန်တက်လာပါမယ်။

5 responses to “Ubuntu 9.04 & Me (Repair Grub)”

  1. ကျေးဇူးကမ္ဘာဆိုင်ရော….
    ကူးသွားတယ်ဗျာ…..

  2. it very easy to make dual boot vista and ubuntu 9.04 just go and check this web
    you should also post this in your blog so the other people can get it. you dont need to delete vista but before you install ubuntu you should make partition with Easeus partition master that is free programm and it really easy to use
    here check how to make dual boot
    http://xibex.blogspot.com/2008/05/dual-boot-ubuntu-with-windows-pre.html

  3. @ ideiot…

    No idea… Ubuntu don’t know my primary harddisk and it’s force to format it…. I found many way but it’s can be help… Ubuntu 9.04 is easily install but not for me. In my laptop, I can’t install wubi and also can’t shrink C: volume. No choice for me, this is only way for me…. may be I am unlucky :D

  4. i see you are install ubuntu by using wubi ,i am installing from image CD ubuntu, i have try with wubi also but it is really mass my computer so i think the best way to install ubuntu are installing from CD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.