Use Latest Ornagai in wxPydict

အရင်ဆုံး Ornagai tsv file ကို download ချရပါမယ်။ ဒီကို အရင်သွားပြီး TabData ဆိုတာလေးကို download ချလိုက်ပါ။ ပြီးရင် zip ဖြည်ချလိုက်တဲ့အခါမှာ entab.tsv ဆိုတဲ့ file လေးရပါမယ်။ အဲဒါကို ornagai.txt လို့ နာမည်ပြောင်းလိုက်ပါ။ ပြီးရင် wxPydict သွင်းထားတဲ့ လမ်းကြောင်း (C:\Program Files\wxPyDict) ဆီသွားပြီး paste လုပ်လိုက်ပါ။ overwrite လုပ်မလားဆိုရင် လုပ်လိုက်ပါ။ ပြီးရင်တော့ wxPyDict ကို ဖွင့်။ Menu မှာ Update > Rebuild Database ဆိုတာလေးကို နှိပ်လိုက်။ အောက်က status မှာ build လုပ်နေကြောင်း ပြနေပါမယ်။ Done! ပြီးသွားပြီဆိုရင်တော့ Ornagai နောက်ဆုံး dictionary လေးရသွားပါပြီဗျာ။ wxPydict က alpha version ပဲရှိသေးပေမယ့် မြန်မာတွေအတွက် တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့် စာလုံး အကြီး အသေးရှာရင် ပြဿနာ ရှိသေးတယ်။ Mr ဆိုတဲ့စာလုံး ရှာမရဘူး။ နောက်ပြီးတော့ Mrs လည်းမရဘူးဗျ။ ရှေ့က စာလုံးအကြီးနဲ့စတာတွေကို မရှာဘူးဖြစ်နေသေးတယ်။

5 Comments

  1. Mark says:

    I have been fixed Mr, Mrs, and similar problem in 0.3.2 (BUILD 3). but still case sensitive one.

  2. တကယ်ကို အသုံးဝင်ပါတယ် ကိုစေတန်ရေ .. အားလုံးအတွက်လဲ ဂုဏ်ယူပါတယ်… ကျွန်တော့် ဘလော့ဂ်လေးမှာ ကိုစေတန့် ဆိုဒ်ကိ Refer လုပ်ခွင့်ပြုပါ..။

    ခင်မင်စွာဖြင့်

    မနောသား

  3. Thein Zaw says:

    It’s sad they don’t even realize what they are missing after sitting years infront of tube.
    For Firefox browser users – an indispensable extension

    If you come across some English word and you don’t understand on web pages
    hover your mouse on that word and Press Shift key and move a bit-

    within 3 secs – our hero Byatta will get the meaning in Burmese characters
    and sentence making structure in English –
    same applies to English Dictionary from Wiktionary.org

    so fast and very very convenient

    More …, http://tr.im/mnh8

  4. Aung says:

    Dear ကိုစေတန်

    Stardict dictionary ကို download ချပြီး instill လည်းလုပ်ပြီးသွားပါပြီ။ Zawgi-One font ကိုလည်းချိန်းလိုက်ပါတယ်။ ဒါပေမယ့် မြန်မာလို ဖတ်လို့မရဘူးဖြစ်နေတယ်။ ဒါအပြင် ဒေါင်းလုပ်ချထားတဲ့ ဖိုင် ornagai-dictionary.bgl က unknown ဖိုင်တစ်ခုအဖြစ်နဲ့ပြနေပါတယ်။ Zip File ဖြည်ဖို့Folder မပါ လာပါဘူးခင်ဗျ။ ဘယ်လိုလုပ်ရမလဲ အသေးစိတ် ရှင်းပြပေးပါလား။

    Thank and Regards.,
    Aung Myint Myat

  5. saturngod says:

    stardict မှာ Preference ကိုသွားလိုက်ပါ။ Dict Management ဘေးနားမှာပဲ။ ညာဘက် ထောင့်ဆုံးမှာပေါ့။ အဲမှာ Font ကိုသွားလိုက်ပြီး Zawgyi-one လို့ပြောင်းလိုက်ရင် ရသွားပါမယ်။
    .bgl က babylon သွင်းထားမှ ရပါမယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.