Add Attribute in Pre WordPress

မနေ့ညက တစ်ညလုံး မအိပ်လိုက်ရဘူး။ အဲဒီ wordpress ဒုက္ခပေးနေတာနဲ့ပဲ။ ဘာပြဿနာလည်းဆိုတော့ ခွဲခြားခွဲခြား လုပ်တာပဲ။ admin , editor role ဆိုရင် <pre name=”code” class=”xhtml”> လို့ရေးပြီး publish လုပ်ရင် လက်ခံတယ်။ အဲ.. အခြား role သာဆိုရင်တော့ <pre> လို့ပြောင်းသွားတယ်။ အဲမှာ ပြဿနာစတွေ့တာပဲ။ အစက tinymce editor ပြဿနာထင်ပြီး အချိန်ကုန်ခံပြီး ကလိတယ်။ မရဘူး။ ၁ ရက် ကုန်သွားတယ်။ ၆ ရက်နေ့ဆို site က စတော့မှာ အဲဒီ အချက်မရရင်လည်း site က အဓိပ္ပာယ်မရှိတော့ဘူး ဖြစ်နေတယ်။ အဓိက google syntax highlighter တွေကို register လုပ်ထားတဲ့ author တွေကို သုံးစွဲစေချင်တာ။ ဒါနဲ့ ဒီမနက် ထပ်ရှာတော့..

http://orangescale.net/log/2007/06/sanitizing-html-tags-in-wordpress-mu/ site လေးကို တွေ့သွားတယ်။ အဲမှာမှ… ဟုတ်သားပဲ.. စမ်းကြည့်ရမယ်ဆိုပြီး wp-include\kses.php မှာ

‘pre’ => array(

‘style’ => array(),

‘width’ => array ()),

ကို

‘pre’ => array(

‘style’ => array(),

‘name’=>array(),

‘lang’=>array(),

‘class’=>array(),

‘width’ => array ()),

လို့ပြင်လိုက်တယ်။ အခုတော့ goolge ကြီး နဲ့ blogger တွေရဲ့ မျှဝေမှုကြောင့် အားလုံး အဆင်ပြေသွားပါပြီဗျာ။

2 Comments

  1. MrDBA says:

    ဘာဆိုဒ်တွေ လုပ်နေပြန်တာတုန်းဗျ။

    1. saturngod says:

      ဟဲဟဲ.. လာတော့မယ်လေ… ခဏလောက်စောင့်… ကိုယ့်မွေးနေ့အတွက် ကိုယ့်ဘာသာကိုယ် အထိမ်းအမှတ် site လေးပေါ့.. ဟိဟိ

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.