Why I use ready made ? ( စုတုကူးပြင်တို့တတွေ )

ကျွန်တော်တို့တွေဟာ အခုခေတ်မှာ အကုန်လေ့လာဖို့ ဆိုတာ မလွယ်ဘူးဗျ…
တကယ့်ကို မလွယ်တာ.. ကဲ.. အခုပဲ ကြည့်လေ… Flash လေ့လာမလား.. Flex လေ့လာမလား.. ဒါမှမဟုတ် Silverlight လေ့လာမလား.. အကုန်လုံးကတော့ လုပ်ဆောင်နိုင်စွမ်းတွေက အကွာကြီးမဟုတ်ပေမယ့်.. ရေးသားပုံတွေကတော့ မတူဘူးလေ.. အဲ.. VB.NET တတ်မြောက်ဖို့ VB ကို ပြန်လေ့လာရမယ်ဆိုတာကတော့ မဖြစ်သင့်ဘူးထင်တာပဲ.. :D C# သင်ဖို့ ဟိုးအရင်က C ကို အစကနေ ပြန်လေ့လာခိုင်းသလိုပဲ… C ကိုလေ့လာတာက ၂ လ C++ လေ့လာ ၂ လ .. အမြန်ဆုံးပေါ့.. ပြီးရင် VC++ လေ့လာတာက ၂ လ… C# မရောက်ခင် စိတ်တွေညစ်ကုန်လိမ့်မယ်ထင်တာပဲ.. အဲလိုမလုပ်ပဲ C# ကို တစ်ခါတည်း လေ့လာလို့ ရတယ်လို့ ကျွန်တော်ထင်တယ်.. အဲဒီအတွက်လည်း စာအုပ်တွေရှိပြီးသားပါ..

အဲလိုပဲ.. ကျွန်တော်တို့တွေဟာ ကူးချတာမဟုတ်ပါ.. မှီညမ်းတယ်လို့ပဲ သုံးပါရစေ.. :P ကျွန်တော်တို့တွေ အရန်သင့်တွေက ခေတ်မှီဖို့အတွက် လမ်းတွေဖွင့်ထားပါတယ်.. အဲဒီ အရန်သင့်တွေကို အသုံးပြုပြီး ခေတ်မှီတဲ့ Project တွေ လုပ်လို့ရပါတယ်.. ကျွန်တော်တို့တွေ မီးပွိုင့်မှာ မီးဘာကြောင့်နီသွားတာလဲ.. မီးဘာကြောင့် စိမ်းသွားတာလဲ စဉ်းစားနေဖို့မလိုဘူး.. မီးနီရင် ဘာလုပ်ရမယ်.. မီးစိမ်းရင် ဘာလုပ်ရမယ်.. သိရင် လုံလောက်ပြီ ထင်တာပဲ.. အဲလိုပဲ ready made တွေကို ဘယ်လို သုံးရမယ်ဆိုတာ သိရင် ဖြစ်ပါတယ်.. အဲဒါကို ခိုးကူတယ်လို့ ဆိုလို့မရဘူးဗျ… ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကိုယ်တိုင်က သုံးစေချင်လို့ ခွင့်ပေးထားတာပဲ ဟုတ်ဘူးလား.. :D

ကျွန်တော်ကတော့ အခုချိန်ထိ အမြန်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းတွေပဲ ရှာဖွေပြီး သုံးတယ်ဗျ… ဘာဖြစ်လို့လည်းဆို ကျွန်တော်ကိုယ်တိုင်လုပ်ရင် နှေးပြီး အကောင်းဆုံးလည်း ဘယ်တော့မှ မဖြစ်သလို… အလယ်အလတ်တန်းစားအထိရောက်အောင်တောင် မနည်းလုပ်ရတယ်… ကိုယ်ဆွဲထားတာနဲ့ သူများဆွဲထားတာ ယှဉ်လိုက်ရင် စိတ်ဓာတ်က ကျကျသွားရော… VB.NET ရေးတုန်းကဆို ကိုယ်တိုင် button တစ်ခုကို ဖန်တီးကြည့်တာ… မဖြစ်ဘူးတော့ မဟုတ်ဘူး.. ဖြစ်တယ်.. လုံးဝ မလှတဲ့ အပြင် properties တွေ စုံစုံလင်လင် မလုပ်နိုင်ဘူးဗျ… ဒါနဲ့ သူများရေးထားတဲ့ Opensoruce လည်း ယူကြည့်လိုက်ရော.. အားပါးပါး.. စိတ်ဓာတ်တောင် ကျသွားတာ အမှန်ပဲဗျို့.. ရေးချက်တွေက စနစ်ကျတယ်.. သုံးရတဲ့လူလည်း လွယ်တယ်.. လှလည်းလှတယ်.. customize လည်းကောင်းတယ်.. ဒါနဲ့ နောက်ပိုင်း အရန်သင့်လေး ဘယ်လိုသုံးလို့ရလဲ ဆိုတာ အရင်ရှာတယ်.. မတွေ့မှ ကိုယ်တိုင်ဆွဲဖြစ်တာပဲ… အခု ချိန်ထိတော့ ကိုယ်တိုင် အစအဆုံးလုပ်တဲ့ software ဆိုလို့ လက် ငါးချောင်းတောင် မပြည့်ဘူးဗျို့.. စုတူကူးပြင် ပဲ များတယ်… :P

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading