XBian alpha 4 ကို December 31 က release လုပ်ပေးခဲ့ပါတယ်။ ကျွန်တော်ကတော့ ပြီးခဲ့တဲ့ weekend မှာ တင်ပြီး update လုပ်ခဲ့ပါတယ်။ XBian alpha 4 မှာ XBMC 12 Frodo ကို အသုံးပြုထားလို့ ကျွန်တော် သုံးနေကျ Quartz Skin ကို အသုံးပြုလို့ မရတော့ပါဘူး။ Default Confluence skin ကို သာ လက်ရှိ အသုံးပြုနေရတယ်။

XBian alpha 4 မှာ Windows အတွက် Installer ကို ထုတ်ထားပေးပါတယ်။ ဒါကြောင့် Windows သမားတွေ လွယ်လွယ် အသုံးပြုနိုင်ပါတယ်။ Linux နဲ့ Mac သမားတွေကတော့ Terminal ကနေ SD card format ချ ။ dd နဲ့ ပြန်ပြီး img file ကို SD card ပေါ်တင် စတာတွေတော့ လုပ်ရပါလိမ့်မယ်။

XBian alpha 4 မှာ ssh ကနေ update လုပ်လိုက်ရင် XBMC ပျောက်သွားမယ်။ SSH ကိုတော့ ချိတ်လို့ရသေးတယ်။ သို့ပေမယ့် XBMC မတက်လာတော့ဘူး။ ssh ကနေ apt-get update , apt-get upgrade လုပ်ပြီးသွားရင်တော့

အဲဒီ အတိုင်း လုပ်ပေးလိုက်ရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။

Alpha 4 မှာ air play ကို ပြန်ပြီး အသုံးပြုလို့ရပါပြီ။ အိမ်က router လဲပြီးတော့ air play ကို စမ်းကြည့်တာ alpha 3 မှာ ကိုယ့်ဘာသာကိုယ် bug fix လုပ်ပြီး စမ်းကြည့်တော့ ရပါတယ်။ air play အလုပ် လုပ်မလုပ်က router နဲ့ ဆိုင်ပါလိမ့်မယ်။ Air play ကိုတော့ XBMC က Setting မှာ on ထားပေးဖို့တော့ လိုပါတယ်။

Samba ကို တင်ပြီးတော့ raspberry pi ကနေ network drive လုပ်ထားလို့ရတယ်။ Samba ကို ဘယ်လိုသွင်းရမလဲဆိုတော့ နောက်တော့ ကျွန်တော် ရေးပေးပါမယ်။

2 responses to “XBian Alpha 4”

  1. http://www.mediafire.com/?6wodgmczyhg ဒီလင့် ကသေနေလို့ဆော့ ဝဲလေးအသစ်တင်ပေးပါအကိုရေကျေးဇူးတင်ပါတယ် ဒီထက်မကအစ်ကိုအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

    1. what is the file name ? I can’t check your mediafire link :(

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading