Ubuntu Phone ကို CES 2013 မှာ စတင် မိတ်ဆက်ပါတော့မယ်။ Linux လောက မှာ အောင်မြင်နေတဲ့ Ubuntu က mobile လောက ကို ပါ ဝင်လာပါပြီ။ Native App အတွက် QML နဲ့ ရေးရပြီး HTML web app တွေကိုလည်း support လုပ်ပါမယ်။ နောက်ပြီး push notification ကိုလည်း support လုပ်ထားပါတယ်။

ကျွန်တော့် အနေနဲ့ကတော့ Ubuntu Desktop နဲ့ တော်တော်လေးကို ဝေးကွာပြီး Ubuntu Server ကိုပဲ အဓိက သုံးဖြစ်တယ်။ Video ကို ကြည့်မှပဲ Ubuntu ဟာ Desktop version မှာလည်း တော်တော် ခရီးရောက်နေပြီး Ubuntu One Cloud ပါ ရှိတယ်ဆိုတာ သိတော့တယ်။ Ubuntu Phone ရဲ့ Design ကတော့ မဆိုးဘူး Desktop ဆန်တယ်လို့ ဆိုရမလိုပဲ။ ထွက်မှာကတော့ 2013 နှစ်ကုန်ခါနီးမှ ထွက်ပါလိမ့်မယ်။ Ubuntu Phone ကို Android run လို့ရတဲ့ Hardware တိုင်းမှာ run လို့ရမယ်လို့လည်း ဆိုထားပါတယ်။

လက်ရှိ Mobile လောက မှာ iOS , Android , Windows Phone တို့ကို ယှဉ်ပြိုင်နိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့် ဖို့ပဲ ရှိပါတယ်။

အခု လက်ရှိ Ubuntu ကို nexus 7 ပေါ်မှာလည်း တင်ပြီး သုံးလို့ရနေပါပြီ။ https://wiki.ubuntu.com/Nexus7/Installation မှာ ဖတ်ကြည့်နိုင်ပါတယ်။ WebOS ကလည်း Nexus 7 မှာ run လို့ရပါပြီ။ သို့ပေမယ့် WebOS မှာ App အသစ်တွေ မရှိတော့တာပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading