In this days

http://glite.mysteryzillion.com ကတော့ ပြန်ရသွားပြီ… မန်းလေးက သူငယ်ချင်းတစ်ယောက် ကူညီပေးလိုက်တာ.. သူ့ရဲ့ libgmailer ကိုသုံးမှရလိုက်တယ်… အခုတလော sahana ကို လေ့လာဖြစ်တယ်.. တော်တော်လေးကိုကောင်းပါတယ်.. Disaster Management System တစ်ခုပါ… အသုံးဝင်မယ်လို့ထင်တယ်… လူတိုင်းအတွက်တော့ မဟုတ်ဘူးပေါ့… အဲဒီအကြောင်းကို ITpro မှာလည်း ပြောထားတာတွေ့နိုင်ပါတယ်..

ကျွန်တော် Glite က text editor ကို ပြင်ဖို့ကြိုးစားနေတာ… ဒီမှာကတော့ connection ကောင်းပါရဲ့ ဒါပေမယ့်.. မလှည့်နိုင်ဘူး.. ဘာပြီးရင်ဘာ… ဘာပြီးရင်ဘာ download ချရမယ်.. ဘာလုပ်ရမယ်… တောက်လျောက်စဉ်းစားနေရတော့ ပင်ပန်းတာအမှန်ပဲ… ထိုင်နေရင်းနဲ့ ပင်ပန်းတာ.. ညဆိုလည်း ၁ နာရီ ၂ နာရီလောက်ထိ မအိပ်ဖြစ်သေးဘူး.. လုပ်စရာလေးတွေ လက်စသပ်နေရသေးတယ်.. နောက်ထပ် site လေးတစ်ခုလုပ်ဖို့ကြံနေတာ… မပြီးသေးဘူး… ပြီးမှပဲ release လုပ်တော့မယ်… wordpress ပဲသုံးထားတာပဲ… ဖြေးဖြေးပဲလုပ်တော့မယ်… အခုတောင် ဒီမှာ ၁ နာရီ ၁၀ မိနစ်ရှိနေပြီ… blog တောင် အခုမှ ရေးဖို့အချိန်ရတယ်…

လုပ်စရာတွေ အများကြီးကျန်သေးတယ်… ဒါပေမယ့် မကြာခင်ပြန်ရတော့မယ်…. ရန်ကုန်က အင်တာနက် နှေးကွေးလေးလံစွာ သုံးရတော့မယ်… သုံးရတာပဲ ကျေးဇူးတင်ရပါမယ်လေ…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading