Just A Think! part III

အခုအချိန်မှာ တချို့တွေက အစစ်အမှန်ဝယ်သုံးလားဆိုတာကို ခဏခဏမေးတာတွေ့ရတယ်…
ကျွန်တော်တို့နိုင်ငံ အခုအချိန် မူရင်းအခွေဝယ်သုံးဖို့ အဆင့်ရောက်နေပြီလား..
အဲဒီမေးခွန်းကို သေချာစဉ်းစားသင့်တယ်လို့ထင်တယ်…
copyright ရှိတဲ့နိုင်ငံတွေရဲ့ ၁ လ လစာ နဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ၁လ လစာ….
သူတို့မှာ မရဘူးဆိုရင်တောင် ၁ လ ကိုအနည်းဆုံး $500 လောက်ရတယ်ဗျာ..
ဒါတောင် တော်တော်နိမ့်တဲ့လစာပါ…
အဲဒီလူအတွက်ကတော့ $200 တန် Windows ဝယ်သုံးရတာ ပြဿနာမဟုတ်ဘူးလေ…
Game ၁ ခွေ $50 ဆိုတာကလည်း သုံးပျော်ပါတယ်…

အခုကျွန်တော်တို့နိုင်ငံ ၁ လ $50 လောက်ပဲ ရတယ်..
တချို့တွေဆို $20 လောက်ပဲရတာတွေ ရှိတယ်…
အဲလိုမျိုးသွားပြောရင် သူများနိုင်ငံကကောင်တွေက ရယ်ချင်ရယ်လိမ့်မယ်…
ဒါပေမယ့် အမှန်ပဲ…
ကျွန်တော်တို့မှာ ၁ လ $50 လောက်ရတာကို အလွန်အမင်းကျေနပ်တဲ့ သူတွေရှိတယ်…
ဟိုနေ့က အိမ်ကိုလာတဲ့ အမျိုးထဲက တစ်ယောက်ပြောတာ အဖွားနဲ့ စကားပြောနေတာ ကြားလိုက်တယ်..
ဘယ်သူ့သမီးလဲတော့ မသိပါဘူးဗျာ..
သူကတော့ OK သွားပြီ… ၁ လ ၃သောင်း ခွဲရနေပြီတဲ့…

ကြားလိုက်တဲ့ ကျွန်တော်တောင် ဘာပြောရမှန်းမသိ ဖြစ်သွားတယ်…
၁ လ ၃သောင်းခွဲ… ဟုတ်မှာပေါ့လေ.. အဲဒီလို ရောင့်ရဲနေနိုင်တော့လည်း ကောင်းတာပေါ့…
ရောင့်ရဲတာလား ပျင်းတာလား… မစွန့်စားရဲတာလား… မသိပါဘူး..
ဒါတွေက ထားလိုက်ပါ…

ကျွန်တော်အဓိကပြောချင်တာက အချိန်မကျသေးဘူး..
ကျွန်တော်တို့ အစစ်အမှန်တွေ ဝယ်သုံးဖို့အချိန်မတန်သေးဘူးဗျာ…
ဒီမှာရတဲ့ လခနဲ့ အစစ်အမှန် ဝယ်သုံးနိုင်တဲ့ အခြေအနေမဟုတ်သေးဘူး..

နောက်ပြီး.. ကျွန်တော်တို့ မြန်မာတွေ computer ပိုင်းမှာ ဘက်စုံတော်တာတွေ့မှာပါ..

Programming ဆိုလည်း .NET ဆိုလည်း OK , Java လည်းရ , C လည်းသိ , Python လေ့လာနေပြီဆိုတာတွေ…
အဲဒါတွေအပြင် Photoshop လား… ရပါ့ဗျာ…. ဓာတ်ပုံလည်း ဟိုပြင်ဒီပြင်လောက်တော့ လုပ်တတ်ပါတယ်…
Flash လား… web အတွက် လုပ်နေကြပါဗျာ.. လိုအပ်တဲ့ animation လေးတွေကို flash လေးနဲ့လုပ်တာလေ…
3D Studio Max လား.. လေ့လာဘူးတယ်… ဝါသနာသိပ်မပါတာကြောင့်… 3D နည်းနည်း ပုံကြမ်းဆွဲတာလောက်ပဲတတ်တယ်…
Video Effect တွေလား.. ဒါများဗျာ… ကျွန်တော့် ခရီးသွားခွေတွေကို ကြည့်လိုက်… လန်ပြန်ထွက်နေတာပဲ….

ဒါတောင် အကြမ်းပဲရှိပါသေးတယ်… ကျွန်တော်တို့တွေ အကုန်လုံးကို သုံးဘူးတယ်… သိတယ်…
မတတ်ပေမယ့် နားလည်တယ်.. မကျွမ်းပေမယ့် လေ့လာချင် အလွယ်လေးပါ…
ဘာဖြစ်လို့လည်း…
ရှင်းပါတယ်.. အကုန်လုံး ဈေးပေါပေါနဲ့ သုံးလို့ရလို့လေ…
တစ်ခုခုလုပ်ချင်ပြီဆို ကူးခွေလေး ဝယ်လိုက်… Internet ပေါ်ကနေ Tutorial လေးရှာလိုက်…
လေ့လာလိုက်နဲ့…. နောက်တော့ တတ်သွားကော…

မယုံမရှိပါနဲ့ .. ကျွန်တော် Flash , Photoshop စတာတွေကို internet ပေါ်ကနေပဲ လေ့လာသင်ယူထားတာပါ…
သင်တန်းတွေထက်တောင် မိုက်သေးတယ်…

အဲ… သင်တန်းဆိုမှ….
တကယ်လို့ အစစ်အမှန်တာဆို သင်တန်းဖိုးတွေက ဒီထက်မြင့်တော့မှာပဲ…
အခုတောင် .NET ကို ၁ သိန်းခွဲဖြစ်နေတာ…
အစစ်အမှန်နဲ့ သင်လို့ပါဆိုရင်… စဉ်းစားကြည့်ပေတော့..
3D Studio Max လည်းတတ်မှာမဟုတ်…
Flash သင်တန်းတွေလည်းရှိမှာမဟုတ်….
DTP သင်တန်းတွေတောင် ဈေးတွေက ထိုးတတ်ကုန်မှာ…

အခုအချိန်မှာ အစစ်အမှန် ဝယ်သုံးရေးဆိုတာ ကြိုဆိုနိုင်ပါ့မလား…

အစစ်အမှန် ဝယ်သုံးရရင်တော့ မြန်မာတွေ အခုလို လိုင်းကြောင်မှာမဟုတ်တာတော့ သေချာတယ်..
အခုက အကုန်လေ့လာလို့ရတော့.. အကုန်လေ့လာနေတာကိုး…
ဒါကြောင့် ချွန်ပြီး မတော်တော့တာ…
အကုန်လုံးလေ့လာနေတော့ တနေရာထဲမှာ မတော်လာတော့ဘူးလေ…

ကျွန်တော်လည်း အခုနောက်ပိုင်းမှာ web ဘက်ရောက်မှ ငြိမ်သွားတာ….
အစက Programming ပြီးတော့ Phtoshop …
အဲဒါပြီးတော့ မကြိုက်သေးလို့ Flash….
Flash နဲ့တောင် web site တွေဘာတွေလုပ်လိုက်သေးတယ်…
အဲ… HTML တို့ CSS , Javascript ဆိ

ုတာက Programming လုပ်နေချိန်ကတည်းက သိထားတာပါ…
Front Page ကနေ စပြီး လေ့လာရင်းလေ့လာရင်းနဲ့ပေါ့…
နောက်တော့မှာ သူများတွေကို မြန်မာ glite လုပ်ပေးကြပါလို့ အော်ရင်းအော်ရင်း…
ဘယ်သူမှ မလုပ်ကြတာနဲ့ …. စိတ်ကမရှည်တော့ပဲ…
တော်ပြီကွ… ကိုယ့်ဘာသာကိုယ်လုပ်မယ်ဆိုပြီး…
PHP တွေဖတ်… glite code တွေကို လေ့လာပြီး…
လုပ်ဖြစ်သွားတာကနေ စပြီး… PHP မှ PHP ဖြစ်သွားတာပဲ…
အဲဒီကနေတဆင့် open source ဆိုတာကြီးကို သဘောကျလာတာ အမှန်ပဲ..
အဲ… တခြားအကြောင်းတွေ ရောက်ကုန်ပြီ…

ကျွန်တော်ပြောချင်တာက မြန်မာတွေလိုင်းကြောင်ကျတာမှန်တယ်…
လွတ်လပ်စွာ ဝယ်သူလေ့လာနိုင်တယ်…
Video Tutorial တွေ Ebook တွေ လွယ်လွယ်ကူကူဝယ်ယူနိုင်တယ်…
ဒါတွေကြောင့် ချွန်ပြီးမတော်ပေမယ့် knowledge အခြေခံကတော့ ရှိတယ်ဗျ…

ဝယ်သုံးရမယ်ဆိုရင် မြန်မာတွေ အတွက် မလွယ်သေးဘူး…
နည်းပညာပိုင်းတွေမှာပါ ကျဆင်းကုန်မယ်…
သင်တန်းတွေ ပျောက်ကုန်မယ်…
ဒါဆို တိုင်းပြည်အတွက်ကောင်းသေးလား…

တရုတ်ကိုကြည့်ပါ… သူတို့လေ့လာလို့ဝမှ….
အကုန်တတ်သွားမှ….
ကိုယ်ပိုင် creation တွေ ဖန်တီးလာနိုင်မှ…
နောက်ပြီး အခြေခံလစာတွေ မြင့်တက်လာတော့မှ…
copyright ဆိုပြီး ထုတ်လိုက်တာ…
အစောကြီးကတည်းက မလုပ်ပဲ…
တမင်ထိုင်စောင့်နေတာ..
သူများနိုင်ငံက နည်းပညာတွေ အားပါးတရလေ့လာပြီး ကိုယ်ပိုင် ဖန်တီးနိုင်တော့မှ…
အဲလိုလုပ်လိုက်တာပါ..

ကျွန်တော်တို့ မြန်မာနိုင်ငံ…
အခုမှ စပြီးလေ့လာ စပါ…
စပြီး သင်ယူ စပါ..
စပြီး လိုင်းကြောင် စပါ…
လိုင်းရွေးဖို့ စဉ်းစားချိန် အစပါ…
ဒီအချိန်မှာ ကိုယ်ပိုင် creation တွေအတွက်…
သူများတွေရဲ့ creation idea တွေလိုအပ်သေးတယ်…
အစစ်အမှန်ဝယ်သုံးရရင်…
သူများတွေ ဒီနေရာလေးကို ဘယ်လို idea လေးနဲ့..
ဘယ်လိုလုပ်သွားတယ်ဆိုတာတွေ တွေ့နိုင်တော့မှာမဟုတ်ဘူး…
ဥပမာဗျာ.. Office 2007 ရဲ့ GUI idea တွေ ကျွန်တော်တို့တွေ
screen shoot ပဲမြင်လိုက်ရမှာ…
အားပါးတရလေ့လာလို့ ရလိုက်မှာမဟုတ်ဘူး…
လေ့လာခွင့်တွေ ဆုံးရှုံးသွားလိမ့်မယ်…

ကျွန်တော်ကတော့ copyright ရယ်…
မလာပါနဲ့အုံး…
ကျွန်တော်တို့ကို လေ့လာခွင့်တွေ ပေးပါအုံး….
ကျွန်တော်တို့ ကိုယ်ပိုင် ဖန်တီးခြင်းအတွက်…
အခြေခံလေ့လာသင်ယူမှုတွေ…
သူများ ဖန်တီးထားတာလေးတွေ ကြည့်ခွင့်ပေးပါအုံး………

3 responses to “Just A Think! part III”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.