စပယ် VS စံပယ်

ဘယ်ဟာမှန်လဲ။

Google Result
စပယ် 1,610
စံပယ် 6,460

တကယ်တန်းမှန်တာကတော့ စပယ် ပါ။ စပယ်ပန်းဆိုမှ မှန်ပါတယ်။ (အဖွားပြောတာပဲ)

Updated: စံပယ် က ၂ မျိုးရှိတယ်။ စံပယ် နေထိုင်တာကိုလည်း သုံးတယ်။ စံပယ်ပန်းကိုလည်း သုံးတယ်။ အရင်ခေတ်ကတော့ စံပယ်ကို စပယ် လို့ပဲသုံးတယ်ထင်တယ်။ ရှိတဲ့ အဖွားအားလုံးက စပယ်ပဲ သုံးတယ်။ စံပယ် မသုံးဘူးဗျ။ ခုခေတ်သုံးကတော့ စံပယ်ပဲ သုံးတော့တယ်နဲ့ တူတယ်။

5 Comments

  1. NweYoe says:

    ကိုပီကေရဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ဘလော့ဂ်ထဲမှာ စံပယ်ပင် တဲ့။

    http://myanmarwords.pikay.org/2008/12/sa-lone.html

    1. saturngod says:

      စံပယ် က ၂ မျိုးရှိတယ်။ စံပယ် နေထိုင်တာကိုလည်း သုံးတယ်။ စံပယ်ပန်းကိုလည်း သုံးတယ်။ အရင်ခေတ်ကတော့ စံပယ်ကို စပယ် လို့ပဲသုံးတယ်ထင်တယ်။ ရှိတဲ့ အဖွားအားလုံးက စပယ်ပဲ သုံးတယ်။ စံပယ် မသုံးဘူးဗျ။ ခုခေတ်သုံးကတော့ စံပယ်ပဲ သုံးတော့တယ်နဲ့ တူတယ်။

  2. trh says:

    ကျနော်တော့ စံပယ်က အမှန်လို့ ထင်တယ် ကိုစေတန်ရေ …

    1. saturngod says:

      ုဟုတ်။ ကျွန်တော်လည်း စံပယ်က အမှန်လို့ ထင်တာပဲ။ ခေတ်ကာလ ရွှေ့ပြီး ပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။

  3. “စံပယ်” ကသတ်ပုံအမှန်ပါ။ “စပယ်” ကအသံထွက်ကို ရေးရာကနေ မှားကုန်တာ တစ်ကယ်အပီအပြင် အသံထွက်ရင် “စပယ်” မှမဟုတ်ပဲ “ဇဘယ်” လို့အသံထွက်တာ အဲဒါကို နှစ်ခုပေါင်းရေးတော့ မဟုတ်တဲ့ကြားထဲက “စပယ်” ဖြစ်သွားတာ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.