BIT Myanmar NLP Demo (POS Tagging, Spell Check)

လွန်ခဲ့သည့် ၁ နှစ်ကျော်လောက်က BIT က မြန်မာစာအတွက် NLP လုပ်ချင်လို့ ဆိုပြီး ကျွန်တော့်ဆီ ဆက်သွယ်ခဲ့တယ်။ NLP ကို Machine Learning ပုံစံ နဲ့သွားချင်တယ်။ NLP နဲ့ Machine Learning ကို စိတ်ဝင်စားလို့ Part Time Reseacher အနေနဲ့ ဝင်လုပ်ခဲ့တယ်။ တော်တော်များများလည်း လေ့လာဖြစ်ခဲ့သလို Machine Learning အကြောင်းတွေလည်း သိခဲ့ရတယ်။ သမာရိုးကျ NLP ထက် Machine Learning နဲ့ အပိုင်းက ပိုအဆင်ပြေတယ်။ အဓိက ပြဿနာက Corpus တွေ မရှိတာပဲ။ BIT Team က data တွေ အတွက် အတော်လေးကို အချိန်ပေးခဲ့ရတယ်။ ၁ နှစ်ကျော်ပြီးမှာတော့ စပြီး စမ်းလို့ ရသည့် စနစ်လေး တစ်ခု ထွက်လာပါပြီ။ ကျွန်တော်ကတော့ ၁ နှစ်ပဲ ဝင်လုပ်ခဲ့ရပေမယ့် အများကြီး သိခဲ့ရတယ်။

အခု BIT က demo ကို စပြီးထုတ်ပေးထားပါတယ်။ စမ်းသပ်ချင်တယ် ဆိုရင်တော့ https://research.baganintel.ai မှာ စမ်းသပ်နိုင်ပါတယ်။ POS Tagging နဲ့ Spell Checking ကို demo အနေနဲ့ စပြီး စမ်းနိုင်ပါပြီ။

POS Tagging

Spell Check

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.