Bot Cover Shield

အခုတလော ကျွန်တော့် blog CPU usage မြင့်တက်နေတာနဲ့ ကိုယ့်ဘာသာကိုယ် bot cover shield ရေးလိုက်တယ်။ Theory အရတော့ bot တွေက cookies သိမ်းနိုင်စွမ်း မရှိဘူး။ ဒါပေမယ့် ကြံဖန်ပြီးရေးရင်တော့ ရမှာပေါ့။ ကျွန်တော့် blog ထဲကို bot ပေါင်းမြောက်မြားစွာ ဝင်နေတာကြောင့်လည်း CPU usage မြင့်တက်လာတာ ဖြစ်နိုင်တယ်။ ကျွန်တော်က search engine တော်တော်များများ သိအောင် လုပ်ထားတဲ့အတွက်ကြောင့် search engine တွေရဲ့ bot တွေကို အမြဲဝင်တယ်။ နောက်ပြီး သံသယ ရှိဖွယ် bot တွေလည်း ဝင်ရောက်တာ ရှိတဲ့အတွက်ကြောင့် Bot Cover Shield လေးကို လုပ်ထားလိုက်တယ်။ Google Bot ကိုပဲ allow ပေးထားတယ်။ သာမာန် user ဆိုရင်တော့ Submit button လေးကို click လုပ်လိုက်။ page ပြန်တက်လာရင် ဒီ button ကိုပဲ နှိပ်ခိုင်းရင်တော့ refresh တာ ချလိုက်ပါ။ cache ကြောင့် ဒီ page ပဲ ပြန်တက်လာတာပါ။ ဒါကြောင့် refresh ချလိုက်ရင် တက်လာမှာပါ။ ထွေထွေထူးထူး ရေးထားတာမဟုတ်ဘူးပါ။ cookies လေး မှတ်ထားရုံပါ။ session ပြောင်းမှတ်မလား စဉ်းစားပေမယ့် cookies က ပိုအဆင်ပြေတယ်ထင်လို့။ session သာ ပြောင်းမှတ်လိုက်မယ်ဆိုရင် နောက်တစ်ခေါက် ပိတ်ပြီး ပြန်ဝင်ရင် အဲဒီ cover shield က တက်လာမှာ မို့ပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading